“ဖြင့္ပြဲမစမီ သံုးရက္အတြင္း စာရင္းေပးသြင္းဖို႕ ေၾကျငာထားပါတယ္။ အခုေတာ့ စာရင္း ေပးသြင္းသူ မရွိေသးပါဘူး။ Drone လႊတ္မယ့္သူေတြက လိုင္စင္ရွိမွမဟုတ္ပါဘူး။ မည္သူမဆို စည္းကမ္းလိုက္နာရင္ေတာ့ လႊတ္တင္ခြင့္ေပးပါတယ္။ မႏွစ္ကဆိုရင္ နိုင္ငံျခားသား(၄)ဦးအပါအ၀င္ (၂၇)ဦး ရွိပါတယ္။ လႊတ္တင္မဲ႕ ေနရာအတြင္းမွာပဲ လႊတ္တင္ရမယ္။ အဓိကကေတာ့ မွတ္တမ္းတင္ဓါတ္ပံုရိုက္တာျဖစ္တဲ့အတြက္ေၾကာင့္ ခြင့္ျပဳေပးထားတာျဖစ္ပါတယ္”ဟု ေတာင္ႀကီးခရိုင္ အထူးမႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ ရဲအုပ္သန္႔ဇင္က ေျပာသည္။
Drone လႊတ္တင္လုိသူမ်ားအေနျဖင့္ မီးပံုးလႊတ္တင္ျခင္းအား အေႏွာင့္အယွက္မျဖစ္ေစဘဲ လႊတ္တင္ႏုိင္ေရးအတြက္ စည္းကမ္းသတ္မွတ္ေပးထားျခင္းျဖစ္ၿပီး ခြင့္ျပဳမည့္လူဦးေရ ကန္႔သတ္ထားျခင္း မရိွေၾကာင္း သိရသည္။
“Drone နဲ႕သြားၿပီးေတာ့ မီးပံုးပ်ံေတြတိုက္မိရင္ သူတို႔လနဲ႕ခ်ီၿပီးလုပ္ထားတဲ့အိပ္မက္ေတြ ဖ်က္ဆီးသလို ျဖစ္နိုင္တဲ့အတြက္ေၾကာင့္ က်န္တဲ့မလိုလားအပ္တဲ့ ျပႆနာေတြျဖစ္ႏိုင္ေတာ့ စည္းကမ္းသတ္မွတ္ထားတဲ႕ အတိုင္း လႊတ္တင္ရမွာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ယမ္းေတြ ထိမိခိုက္မိရင္လည္း လူေတြလည္း အႏၱရာယ္ရွိနိင္တယ္။ drone အလံုးေရ ကန္႕သတ္တာေတြေတာ့ မရွိပါဘူး။ လာတင္တဲ့သူေတြမွန္သမွ် သတ္မွတ္ထားတဲ႕ စည္းကမ္းခ်က္ေတြနဲ႕ ကိုက္ညီမယ္ဆိုရင္ လႊတ္ခြင့္ရွိမွာပါ။ Drone အမ်ုိးအစားကေတာ့ Phantom 4 တစ္ခုတည္းကိုပဲ ခြင့္ျပဳထားပါတယ္” ဟုတာင္ႀကီးခရိုင္ အထူးမႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ ရဲအုပ္သန္႔ဇင္က ေျပာသည္။
ခြင့္ျပဳခ်က္မရိွဘဲ Drone လႊတ္တင္သည္ကို စစ္ေဆးေတြ႕ရွိပါက Drone မ်ားကို ပ်က္က်ေစရန္လုပ္ေဆာင္ၿပီး ပစၥည္းသိမ္းဆည္းျခင္းႏွင့္ ကိုင္တြယ္သူအား ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း Drone လွှတ်တင်မည့်သူများ စာရင်းပေးသွင်းရန်ကြေညာထားသော်လည်း အောက်တိုဘာလ (၁၃)ရက်နေ့အထိ စာရင်းပေးသွင်းသူမရှိသေးကြောင်း သိရသည်။
“ဖွင့်ပွဲမစမီ သုံးရက်အတွင်း စာရင်းပေးသွင်းဖို့ ကြေငြာထားပါတယ်။ အခုတော့ စာရင်း ပေးသွင်းသူ မရှိသေးပါဘူး။ Drone လွှတ်မယ့်သူတွေက လိုင်စင်ရှိမှမဟုတ်ပါဘူး။ မည်သူမဆို စည်းကမ်းလိုက်နာရင်တော့ လွှတ်တင်ခွင့်ပေးပါတယ်။ မနှစ်ကဆိုရင် နိုင်ငံခြားသား(၄)ဦးအပါအဝင် (၂၇)ဦး ရှိပါတယ်။ လွှတ်တင်မဲ့ နေရာအတွင်းမှာပဲ လွှတ်တင်ရမယ်။ အဓိကကတော့ မှတ်တမ်းတင်ဓါတ်ပုံရိုက်တာဖြစ်တဲ့အတွက်ကြောင့် ခွင့်ပြုပေးထားတာဖြစ်ပါတယ်”ဟု တောင်ကြီးခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်သန့်ဇင်က ပြောသည်။
Drone လွှတ်တင်လိုသူများအနေဖြင့် မီးပုံးလွှတ်တင်ခြင်းအား အနှောင့်အယှက်မဖြစ်စေဘဲ လွှတ်တင်နိုင်ရေးအတွက် စည်းကမ်းသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ခွင့်ပြုမည့်လူဦးရေ ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
“Drone နဲ့သွားပြီးတော့ မီးပုံးပျံတွေတိုက်မိရင် သူတို့လနဲ့ချီပြီးလုပ်ထားတဲ့အိပ်မက်တွေ ဖျက်ဆီးသလို ဖြစ်နိုင်တဲ့အတွက်ကြောင့် ကျန်တဲ့မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်တော့ စည်းကမ်းသတ်မှတ်ထားတဲ့ အတိုင်း လွှတ်တင်ရမှာဖြစ်ပါတယ်။ တစ်ချို့ယမ်းတွေ ထိမိခိုက်မိရင်လည်း လူတွေလည်း အန္တရာယ်ရှိနိင်တယ်။ drone အလုံးရေ ကန့်သတ်တာတွေတော့ မရှိပါဘူး။ လာတင်တဲ့သူတွေမှန်သမျှ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် လွှတ်ခွင့်ရှိမှာပါ။ Drone အမျိုးအစားကတော့ Phantom 4 တစ်ခုတည်းကိုပဲ ခွင့်ပြုထားပါတယ်” ဟုတာင်ကြီးခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်သန့်ဇင်က ပြောသည်။
ခွင့်ပြုချက်မရှိဘဲ Drone လွှတ်တင်သည်ကို စစ်ဆေးတွေ့ရှိပါက Drone များကို ပျက်ကျစေရန်လုပ်ဆောင်ပြီး ပစ္စည်းသိမ်းဆည်းခြင်းနှင့် ကိုင်တွယ်သူအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
