ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလဆန္းပိုင္းမွစ၍ ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈမ်ားလာသည့္ အတြက္ တစ္ပတ္လွ်င္ (၃) ရက္ႏႈန္းျဖင့္ ေသြးလြန္တုပ္ေကြး ကာကြယ္ျခင္း လုပ္ငန္းမ်ား လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။
“အခုတစ္ေလာမွာက နည္းနည္းေလးျဖစ္တာမ်ားလာတယ္။ ျဖစ္တာကလည္း အသက္ႀကီးပိုင္းေတြမွာ ျဖစ္တာမ်ားတယ္။ ဒီလ ေအာက္တိုဘာလ အစပိုင္းကေနစၿပီးေတာ့ တစ္ျဖည္းျဖည္းမ်ားလာတာ ျဖစ္ပါတယ္။ ေရာဂါကာကြယ္ေရးကေတာ့ ပံုမွန္လည္း လုပ္ေနတာရွိပါတယ္။ အခုက ေရာဂါျဖစ္လာတာ မ်ားလာတဲ့အတြက္ တစ္ပတ္ကို (၃)ႀကိမ္ေလာက္ထိ လုပ္ေပးေနပါတယ္။ ေဆးရံုမွာ ေနရာမေလာက္ငွလို႔ ေရႊလီထိ သြားကုေနရတယ္ဆိုတာေတြကေတာ့ မဟုတ္ပါဘူး။ အဲဒီေလာက္ႀကီးလည္း မဆိုးပါဘူး။ အဖိတ္အစင္လည္း မရွိေအာင္ ထိန္းခ်ဳပ္ႏိုင္ပါတယ္”ဟု မူဆယ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလႈိင္က တာခ်ီလိတ္ သတင္းေအဂ်င္စီ သို႔ ေျပာသည္။
ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ မူဆယ္ခရိုင္အတြင္းရွိ လူမႈကူညီေရးအသင္းမ်ားလည္း ပါဝင္ ေဆာင္ရြက္လ်က္ရွိၿပီး အဘိတ္ေဆးခပ္ျခင္း လုပ္ငန္းမ်ား၊ ျခင္ေဆးျဖန္းျခင္းလုပ္ငန္းမ်ား ကို ရက္သတၱပတ္ တစ္ပတ္လွ်င္ (၃) ႀကိမ္ျပဳလုပ္ေပးလ်က္ရွိကာ မူဆယ္ ႏွင့္ ၁၀၅ မိုင္အၾကားတြင္ လုပ္ေဆာင္ေပးႏိုင္ရန္စီစဥ္ေနေၾကာင္း သိရသည္။
“ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္အတြင္းမွာ ကြ်န္ေတာ္တို႔ေဆးရံုကို လူနာဦးေရ (၉၀)ဝန္းက်င္ေလာက္ တက္လာတယ္။ ေနရာအခက္အခဲဆိုတာကေတာ့ ရုတ္တရက္ လူနာေတြမ်ားလာတဲ့အတြက္ ခ်က္ခ်င္းလက္ငင္းဆိုေတာ့ ေနရာ ထိုင္ခင္းက နည္းနည္းေလးေတာ့ အခက္အခဲျဖစ္တာေပါ့။ အဆင္ေျပေအာင္ေတာ့ ကြ်န္ေတာ္တို႔ ေဆာင္ရြက္ေပးေနပါတယ္”ဟု မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ ဥာဏ္ျမင့္က ေျပာသည္။
ျခင္မ်ားႏွင့္ ပိုးေလာက္လန္းမ်ား ကင္းစင္ေစေရး လုပ္ေဆာင္ခ်က္မ်ားႏွင့္ သက္ႀကီးျခင္ေကာင္မ်ားအား ျခင္ေဆးျဖန္းႏွိမ္ႏွင္းျခင္း လုပ္ငန္းမ်ားကို လူေနရပ္ကြက္မ်ားတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ပူးေပါင္းပါဝင္၍ လုပ္ေဆာင္ေပးလ်က္ရွိ ေၾကာင္း သိရသည္။
သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္
“အခုတစ်လောမှာက နည်းနည်းလေးဖြစ်တာများလာတယ်။ ဖြစ်တာကလည်း အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများတယ်။ ဒီလ အောက်တိုဘာလ အစပိုင်းကနေစပြီးတော့ တစ်ဖြည်းဖြည်းများလာတာ ဖြစ်ပါတယ်။ ရောဂါကာကွယ်ရေးကတော့ ပုံမှန်လည်း လုပ်နေတာရှိပါတယ်။ အခုက ရောဂါဖြစ်လာတာ များလာတဲ့အတွက် တစ်ပတ်ကို (၃)ကြိမ်လောက်ထိ လုပ်ပေးနေပါတယ်။ ဆေးရုံမှာ နေရာမလောက်ငှလို့ ရွှေလီထိ သွားကုနေရတယ်ဆိုတာတွေကတော့ မဟုတ်ပါဘူး။ အဲဒီလောက်ကြီးလည်း မဆိုးပါဘူး။ အဖိတ်အစင်လည်း မရှိအောင် ထိန်းချုပ်နိုင်ပါတယ်”ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။
ကာကွယ်ရေးလုပ်ငန်းများတွင် မူဆယ်ခရိုင်အတွင်းရှိ လူမှုကူညီရေးအသင်းများလည်း ပါဝင် ဆောင်ရွက်လျက်ရှိပြီး အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ၊ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ကို ရက်သတ္တပတ် တစ်ပတ်လျှင် (၃) ကြိမ်ပြုလုပ်ပေးလျက်ရှိကာ မူဆယ် နှင့် ၁၀၅ မိုင်အကြားတွင် လုပ်ဆောင်ပေးနိုင်ရန်စီစဉ်နေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်အတွင်းမှာ ကျွန်တော်တို့ဆေးရုံကို လူနာဦးရေ (၉၀)ဝန်းကျင်လောက် တက်လာတယ်။ နေရာအခက်အခဲဆိုတာကတော့ ရုတ်တရက် လူနာတွေများလာတဲ့အတွက် ချက်ချင်းလက်ငင်းဆိုတော့ နေရာ ထိုင်ခင်းက နည်းနည်းလေးတော့ အခက်အခဲဖြစ်တာပေါ့။ အဆင်ပြေအောင်တော့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်”ဟု မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောသည်။
ခြင်များနှင့် ပိုးလောက်လန်းများ ကင်းစင်စေရေး လုပ်ဆောင်ချက်များနှင့် သက်ကြီးခြင်ကောင်များအား ခြင်ဆေးဖြန်းနှိမ်နှင်းခြင်း လုပ်ငန်းများကို လူနေရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ လုပ်ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့်