ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ Oriental Highway တိုးဂိတ်အနီးတွင် အောက်တိုဘာလ (၁၄) ရက်နေ့ ညပိုင်းက သစ်(၅)တန်ကျော်အား တရားမဝင်တင်ဆောင်လာသည့် (၁၂)ဘီးယာဉ်တစ်စီးရပ်တန့်ထားသည်ကို သီပေါမြို့မရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိထားကြောင်း သိရသည်။
ယာဉ်အား စစ်ဆေးနေစဉ် ထွက်ပြေးသွားသည့် ယာဉ်မောင်းဖြစ်သူအား ရှာဖွေနေပြီး သီပေါမြို့မရဲစခန်းတွင်( ပ )၁၄၁/ ၂၀၁၇၊ ၆၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
“တိုးဂိတ်နားက ညောင်ပင်အောက်မှာ လားရှိုးဘက်ကို ဦးတည်ရပ်တန့်ထားတဲ့ (၁၂)ဘီးယာဉ်ကို စစ်ဆေးတဲ့အခါမှာ စပါးခွံတွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ပိတောက်သစ်တွေကို ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။ ယာဉ်မောင်းဖြစ်သူကိုတော့ လိုက်လံရှာဖွေနေပါတယ်။ သစ်ကတော့ ပိတောက်သစ်(၄၅)တုံး၊ စုစုပေါင်းအလေးချိန် (၅.၇၀၉) တန် ဖြစ်ပါတယ်။ အမှုဖွင့်ထားပါတယ်”ဟု သီပေါမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သီပေါမြို့ Oriental Highway တိုးဂိတ်အနီး ညောင်ပင်အောက်တွင် လားရှိုးဘက်သို့ ဦးတည်ရပ်တန့်ထားသည့် (၁၂)ဘီးယာဉ်အား အောက်တိုဘာလ(၁၄) ရက်နေ့ ည (၁၀)နာရီဝန်းကျင်ခန့်တွင် သီပေါမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အသိသက်သေများပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်အား စစ်ဆေးနေစဉ် ထွက်ပြေးသွားသည့် ယာဉ်မောင်းဖြစ်သူအား ရှာဖွေနပြေီး သီပေါမြို့မရဲစခန်းတွင်( ပ )၁၄၁/ ၂၀၁၇၊ ၆၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ခွန်ခမ်းကောင်