ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းရြာရွိ ေနအိမ္တစ္လံုးအား ေအာက္တိုဘာလ (၁၅)ရက္ေန႔ နံနက္ (၁၀)နာရီ (၁၅)မိနစ္ခန္႔တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)ႏွင့္ပူးေပါင္းအဖြဲ႔က ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား (၁၁၅၀)ျပားႏွင့္အေလးခ်ိန္ (၂၁၅)ဂရမ္ခန႔္ရွိသည့္ အိုက္စ္မ်ားအား ဖမ္းဆီး သိမ္းဆည္းရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ေဟာင္လိတ္ရဲကင္းစခန္းမွ ရဲအုပ္ခ်မ္းေျမ႕ေအာင္၊ စရဖ(တသခ)စု-၂ႏွင့္ တပ္ၾကပ္လြမ္းျမင့္သူႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းရြာရွိ စိုင္းရွဲန္(က်ား)ႏွင့္ နန္းေက်ာက္(မ)တို႔၏ ေနအိမ္အား မူးယစ္ေဆးဝါး သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ရွာေဖြရာတြင္ စိုင္းရွန္၊နန္းေက်ာက္တို႔ႏွင့္အတူ ၎ေနအိမ္၌ အတူေနထိုင္ၿပီး မူးယစ္ေဆးဝါးမ်ား ကူညီေရာင္းခ်ေပးသူ အားလုံ(ခ)အလီး(က်ား)တို႔ (၃)ဦးအား ေနအိမ္တြင္ ေတြ႔ရၿပီး ဆက္လက္ရွာေဖြရာ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပားမ်ား ထည့္ထားသည့္ ပလတ္စတစ္ပိုက္မ်ား၊ အုိက္စ္အျဖဴေရာင္ ပံုေဆာင္ခဲမ်ား၊ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ အေအးစုပ္ပိုက္တို႔အား ရွာေဖြဖမ္းဆီးရမိရာတြင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၁၅၀)ျပား ႏွင့္ အေလးခ်ိန္(၂၁၅)ဂရမ္ခန္႔ရွိသည့္ အိုက္စ္မ်ား ပါ၀င္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းရွဲန္၊နန္းေက်ာက္ႏွင့္ အားလုံ(ခ)အလီးတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၈/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - စိုင္းေဇယ်ာ
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်း နှင့် တပ်ဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ်ချမ်းမြေ့အောင်၊ စရဖ(တသခ)စု-၂နှင့် တပ်ကြပ်လွမ်းမြင့်သူနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာရှိ စိုင်းရှဲန်(ကျား)နှင့် နန်းကျောက်(မ)တို့၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာတွင် စိုင်းရှန်၊နန်းကျောက်တို့နှင့်အတူ၎င်းနေအိမ်၌ အတူနေထိုင်ပြီး မူးယစ်ဆေးဝါးများ ကူညီရောင်းချပေးသူ အားလုံ(ခ)အလီး(ကျား)တို့ (၃)ဦးအား နေအိမ်တွင် တွေ့ရပြီး ဆက်လက်ရှာဖွေရာ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားများ ထည့်ထားသည့် ပလတ်စတစ်ပိုက်များ၊ အိုက်စ်အဖြူရောင် ပုံဆောင်ခဲများ၊ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက်တို့အား ရှာဖွေဖမ်းဆီးရမိရာတွင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၅၀)ပြား နှင့် အလေးချိန်(၂၁၅)ဂရမ်ခန့်ရှိသည့် အိုက်စ်များ ပါဝင်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရှဲန်၊နန်းကျောက်နှင့် အားလုံ(ခ)အလီးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ