ေက်ာက္မဲၿမိဳ႕ ကုန္းစံုေက်းရြာအနီး ေတာင္ယာတြင္ လည္ပင္းႀကိဳးကြင္းစြပ္၍ ဒူးေထာက္ေသဆံုးေနသည့္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွ

ေက်ာက္မဲၿမိဳ႕ ကုန္းစံုေက်းရြာအနီး ေတာင္ယာတြင္ လည္ပင္းႀကိဳးကြင္းစြပ္၍ ဒူးေထာက္ေသဆံုးေနသည့္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွ
အောက်တိုဘာ 15, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္၊ ေက်ာက္မဲႀကီးအုပ္စု၊ ကုန္းစံုေက်းရြာအနီး ေတာင္ယာတြင္ ေအာက္တိုဘာလ (၁၅) ရက္ေန႔ မြန္းလြဲပိုင္းက အသက္(၂၃)ႏွစ္အရြယ္အမိ်ဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးသျဖင့္ စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေနေၾကာင္း သိရသည္။

ကုန္းစံုေက်းရြာ၏ အေရွ႕ေတာင္ဘက္ ေလးဖာလံုခန္႔အကြာ ေတာင္ယာခင္းအတြင္းရိွ သစ္ပင္တြင္ ႏြားခ်ည္ႀကိဳးျဖင့္ လည္ပင္းစြပ္ၿပီး ဒူးေထာက္လွ်က္အေနအထားျဖင့္ ေသဆံုးေနသည့္အဆိုပါအမ်ိဳးသမီး၏ အေလာင္းအား ၎၏အစ္ကိုျဖစ္သူက ေန႔လယ္တစ္နာခြဲခန္႔တြင္ေတြ႔ရသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွတစ္ဆင့္ ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီး ဓမၼတာအတုိင္းေသဆံုးျခင္းဟုတ္မဟုတ္ စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁၉/၂၀၁၇) ျဖင့္ အမႈဖြင့္ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #KKMK

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ ကုန်းစုံကျေးရွာအနီး တောင်ယာတွင် လည်ပင်းကြိုးကွင်းစွပ်၍ ဒူးထောက်သေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ
******
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးအုပ်စု၊ ကုန်းစုံကျေးရွာအနီး တောင်ယာတွင် အောက်တိုဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းက အသက်(၂၃)နှစ်အရွယ်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးသဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

ကုန်းစုံကျေးရွာ၏ အရှေ့တောင်ဘက် လေးဖာလုံခန့်အကွာ တောင်ယာခင်းအတွင်းရှိ သစ်ပင်တွင် နွားချည်ကြိုးဖြင့် လည်ပင်းစွပ်ပြီး ဒူးထောက်လျှက်အနေအထားဖြင့် သေဆုံးနေသည့်အဆိုပါအမျိုးသမီး၏ အလောင်းအား ၎င်း၏အစ်ကိုဖြစ်သူက နေ့လယ်တစ်နာခွဲခန့်တွင်တွေ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား ကျောက်မဲမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၇) ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #KKMK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~