သတင်း #နန်းဟွမ်ခမ်း
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေးတွင် ခရီးသည်တင်ကားဖြင့်လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၇၅၀)ကို အောက်တိုဘာလ (၂၇) ရက်နေ့ကဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေး ကားလမ်းတွင် စစ်ဆေးနေစဉ် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ ခရီးသည် ကျော်လင်းထွေး၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်လင်းထွေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
