~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းတွင် အောက်တိုဘာလ (၂၈) ရက်နေ့နေ့ နံနက် (၇)နာရီအချိန်က ခရီးသည်တင်မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေး ပြည်ထောင်စုကားလမ်းတွင် စစ်ဆေးနေစဉ် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ ခရီးသည် ဘောက်မိုင်နှင့် ၎င်း၏တူဖြစ်သူ ဆိုင်းအောင်(ခ)စိုးမိုးကျော်တို့၏ ပလတ်စတစ်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းအား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဘောက်မိုင်နှင့် ဆိုင်းအောင်(ခ)စိုးမိုးကျော်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
