တာခ်ီလိတ္ခရိုင္တြင္ ေဒသခံေတာင္သူမ်ား၏ ဖိတ္ေခၚမႈျဖင့္ ေတာင္သူပညာေပးေဟာေျပာပြဲျပဳလုပ္

တာခ်ီလိတ္ခရိုင္တြင္ ေဒသခံေတာင္သူမ်ား၏ ဖိတ္ေခၚမႈျဖင့္ ေတာင္သူပညာေပးေဟာေျပာပြဲျပဳလုပ္
ဒီဇင်ဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊တာေလၿမိဳ႕ နားေယာင္းေက်းရြာအုပ္စု၊ ပန္ခ်ီဟတ္ေက်းရြာတြင္ ေတာင္သူမ်ားဖိတ္ေခၚမႈျဖင့္ တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ားက စိုက္ပ်ိဳးေရးနည္းပညာ ေတာင္သူပညာေပးေဟာေျပာပြဲကို ဒီဇင္ဘာလ (၁၀)ရက္ေန႔တြင္ လုပ္ေဆာင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက ေဒသခံေတာင္သူမ်ားအား ေႏြစပါးတိုးခ်ဲ႕စိုက္ပ်ိဳးေရးႏွင့္ ေတာင္သူတပိုင္တႏိုင္ မ်ိဳးသန္႔ပြားမ်ားပံု နည္းစနစ္မ်ား၊ သဘာဝပတ္ဝန္းက်င္မပ်က္ စိုက္ပ်ိဳးေရးနည္းစနစ္မ်ား၊ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးဝလံ စိုက္ပ်ိဳးပံုနည္းစနစ္၊ ေစ်းကြက္ဝင္ေဆာင္းသီးႏွံမ်ား စိုက္ပ်ိဳးႏုိင္ပံုႏွင့္ တာေလၿမိဳ႕စိုက္ပ်ိဳးေရးဦးစီးဌာန၏ ဦးစီးမွဴး ဦးလႊမ္းမိုးသူက ဓါတ္ေျမၾသဇာ စနစ္တက် အက်ိဳးရိွစြာသံုးစြဲပံုနည္းစနစ္တို႔အား ပညာေပးေဟာေျပာၿပီး ပညာေပးလက္ကမ္းစာေစာင္မ်ားအား ျမန္မာ၊ အာခါ၊ လားဟူ ဘာသာစကားမ်ားျဖင့္ ျဖန္႔ေဝေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါ ေတာင္သူပညာေပးေဟာေျပာပြဲသို႔ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ နားေယာင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဒးဗစ္ႏွင့္ ေဒသခံ ေတာင္သူမ်ား စုစုေပါင္း (၁၀၇)ဦးတက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်တွင် ဒေသခံတောင်သူများ၏ ဖိတ်ခေါ်မှုဖြင့် တောင်သူပညာပေးဟောပြောပွဲပြုလုပ်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊တာလေမြို့ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာတွင် တောင်သူများဖိတ်ခေါ်မှုဖြင့် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးနည်းပညာ တောင်သူပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် လုပ်ဆောင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ဒေသခံတောင်သူများအား နွေစပါးတိုးချဲ့စိုက်ပျိုးရေးနှင့် တောင်သူတပိုင်တနိုင် မျိုးသန့်ပွားများပုံ နည်းစနစ်များ၊ သဘာဝပတ်ဝန်းကျင်မပျက် စိုက်ပျိုးရေးနည်းစနစ်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးပုံနည်းစနစ်၊ စျေးကွက်ဝင်ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ပုံနှင့် တာလေမြို့စိုက်ပျိုးရေးဦးစီးဌာန၏ ဦးစီးမှူး ဦးလွှမ်းမိုးသူက ဓါတ်မြေသြဇာ စနစ်တကျ အကျိုးရှိစွာသုံးစွဲပုံနည်းစနစ်တို့အား ပညာပေးဟောပြောပြီး ပညာပေးလက်ကမ်းစာစောင်များအား မြန်မာ၊ အာခါ၊ လားဟူ ဘာသာစကားများဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ တောင်သူပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် ဒေသခံ တောင်သူများ စုစုပေါင်း (၁၀၇)ဦးတက်ရောက်ကြကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~