ျမဝတီၿမိဳ႕ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၃၆၂) ဦးႏွင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕မွ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၃၁) ဦးတို႔ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံသို႔ ျပန္လည္ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားဦးေရမွာ ၂၀၁၇ ခုႏွစ္၊ ဇြန္လ (၂၉) ရက္ေန႔မွ ဒီဇင္ဘာလ (၁၀) ရက္ေန႔အထိ အမ်ိဳးသား(၈၉၆၆၇)ႏွင့္ အမ်ိဳးသမီး (၆၇၅၆၁) စုစုေပါင္း (၁၅၇၂၂၈) ဦး ရိွေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ျပန္လည္ဝင္ေရာက္လာသည့္ ေနရပ္ျပန္ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သားမ်ားအား သက္ဆုိင္ရာဌာနမ်ားက လိုအပ္သည့္စိစစ္မႈမ်ားျပဳလုပ္ၿပီး ေနရပ္ျပန္ႏိုင္ေရး ကူညီမႈမ်ား ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။
သတင္း #နန္းဟြမ္ခမ္း
**************
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲလိုက်ပြီးနောက် ထိုင်းနိုင်ငံတွင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာနေရာ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ထိုင်းနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့များမှ ရွှေ့ပြောင်းလုပ်သား (၃၉၃)ဦး ပြန်လည်ဝင်ရောက်လာ ကြောင်း သိရသည်။
မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၆၂) ဦးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၁) ဦးတို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အမျိုးသား(၈၉၆၆၇)နှင့် အမျိုးသမီး (၆၇၅၆၁) စုစုပေါင်း (၁၅၇၂၂၈) ဦး ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများအား သက်ဆိုင်ရာဌာနများက လိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီး နေရပ်ပြန်နိုင်ရေး ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း