သတင်း #နန်းဟွမ်ခမ်း
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ နှစ်ခြင်းသင်္ချိုင်းအနီး၌ သေနတ်ဖြင့် အပစ်ခံထားရသည့် အမျိုးသားအလောင်းအား ဒီဇင်ဘာလ (၁၆) ရက်နေ့ ညနေ (၃)နာရီခန့်ကတွေ့ရသဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကွတ်ခိုင်မြို့မရဲစခန်းမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ တရုတ်လူမျိုးဟုယူဆရသော အမျိုးသားတစ်ဦး၏ အလောင်းအား သေနတ်ဒဏ်ရာများဖြင့် တွေ့ရသဖြင့်အလောင်းအား ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အလောင်းအနီးတွင် Luger ကျည်ခွံနှစ်ခုအား စစ်ဆေးတွေ့ရပြီး ဆေးစစ်ဆေးချက်အရ လွန်ခဲ့သည့် (၃)ရက်ခန့်က သေဆုံးခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့မရဲစခန်းတွင် (ပ)၁၀၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း