က်ိဳင္းတံု၌ က်င္းပသည့္ ေဂါက္သီးရိုက္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္မွ အမ်ိဳးသား ၃၀၀ ႏွင့္ အမ်ိဳးသမီး ၄၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္

က်ိဳင္းတံု၌ က်င္းပသည့္ ေဂါက္သီးရိုက္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္မွ အမ်ိဳးသား ၃၀၀ ႏွင့္ အမ်ိဳးသမီး ၄၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္
ဒီဇင်ဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမွဴးက်င္းပသည့္ ၿမိဳ႕နယ္အလုိက္ (၆၀)ႀကိမ္ေျမာက္ ကေမၻာဇဖလား ေဂါက္သီးရိုက္ၿပိဳင္ပြဲအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွ (၁၇)ေန႔အထိက်င္းပရာ အသင္းေပါင္း (၅၀)မွ အမ်ဳိးသား (၃၀၀)ႏွင့္ အမ်ိဳးသမီး (၄၁)ဦး ပါဝင္ ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

“ဒီႏွစ္က မႏွစ္ကထက္ ၿပိဳင္ပြဲဝင္ ပိုမ်ားလာတယ္။ မႏွစ္က ေတာင္ႀကီးမွာလုပ္တဲ့ပြဲမွာ အသင္း (၄၂)သင္းက ၿပိဳင္ပြဲဝင္ (၂၀၀)ေလာက္ပဲ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာ။ ဒီၿပိဳင္ပြဲကေတာ့ အစိုးရအဆက္ဆက္က ဦးေဆာင္ က်င္းပလာေတာ့ အခုအစိုးရလည္း ဆက္လက္က်င္းပေပးတာေပါ့။ က်င္းပတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေဂါက္သီး အားကစားဖြံ႕ၿဖိဳးတုိးတက္ဖို႔ ေနာက္တစ္ခုက ေဒသတြင္း တုိင္းရင္းသားေတြၾကား ခ်စ္ၾကည္ ရင္းႏွီးမႈရဖို႔ေပါ့။ ျပည္နယ္တြင္းက ေဂါက္ကြင္းရိွတဲ့ ၿမိဳ႕ေတြမွာ ႏွစ္စဥ္အလွည့္က် က်င္းပေပးေနတာပါ။ ဒီႏွစ္ကေတာ့ ရွမ္း/ေျမာက္က ၿမိဳ႕နယ္တခ်ိဳ႕ေတာ့ မလာျဖစ္ဘူး” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု၌ က်င္းပခဲ့သည့္ ေဂါက္သီးရိုက္ၿပိဳင္ပြဲတြင္ အေက်ာမဲ့ၿပိဳင္ပြဲအတြက္ ဆုေပါင္း (၁၀)ဆုေပးရာ က်ိဳင္းတံုက ပထမ၊ ပန္ဆန္းက ဒုတိယ၊ တာခ်ီလိတ္က တတိယ အသီးသီးရရိွၿပီး အေက်ာေပးၿပိဳင္ပြဲအတြက္ ဆုေပါင္း (၁၀)ဆုေပးရာ ေအာင္ပန္းက ပထမ၊ မုိင္းလားက ဒုတိယႏွင့္ မုိင္းဆတ္က တတိယ အသီးသီး ရရိွသြားကာ အမ်ိဳးသမီး တစ္ဦးခ်င္းၿပိဳင္ပြဲ အတြက္ ဆုေပါင္း (၅)ဆုေပးရာတြင္ က်ိဳင္းတံုက ပထမ၊ ေတာင္ႀကီးက ဒုတိယ အသီးသီးရရိွသြားေၾကာင္း သိရသည္။

“ ဆုေၾကးေငြ စုစုေပါင္း က်ပ္ (၁၄,၅၇၀,၀၀၀) ကုန္က်တယ္။ ၿပိဳင္ပြဲတစ္ခုလံုးရဲ႕ ကုန္က်စရိတ္က စုစုေပါင္း (၅၂၇)သိန္း ကုန္က်ရာမွာ ကေမၻာဇ(ကုမၸဏီ)က က်ပ္သိန္း (၄၀၀) ထည့္ဝင္တယ္။ က်န္တာကိုေတာ့ တာခ်ီလိတ္နဲ႔ မုိင္းဆတ္က လုပ္ငန္းရွင္ေတြ ထည့္ဝင္ၾကတယ္။ ျပည္နယ္အစိုးရက ႀကီးၾကပ္ေပးတာပဲ ရိွပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေဂါက္သီးရိုက္ၿပိဳင္ပြဲအား ျပည္နယ္တြင္း ႏွစ္စဥ္အလွည့္က် က်င္းပေနရာ ၂၀၁၈ ခုႏွစ္တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - Dr.MH



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်အလိုက် (၆၀)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၇)နေ့အထိကျင်းပရာ အသင်းပေါင်း (၅၀)မှ အမျိုးသား (၃၀၀)နှင့် အမျိုးသမီး (၄၁)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်က မနှစ်ကထက် ပြိုင်ပွဲဝင် ပိုများလာတယ်။ မနှစ်က တောင်ကြီးမှာလုပ်တဲ့ပွဲမှာ အသင်း (၄၂)သင်းက ပြိုင်ပွဲဝင် (၂၀၀)လောက်ပဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာ။ ဒီပြိုင်ပွဲကတော့ အစိုးရအဆက်ဆက်က ဦးဆောင် ကျင်းပလာတော့ အခုအစိုးရလည်း ဆက်လက်ကျင်းပပေးတာပေါ့။ ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ ဂေါက်သီး အားကစားဖွံ့ဖြိုးတိုးတက်ဖို့ နောက်တစ်ခုက ဒေသတွင်း တိုင်းရင်းသားတွကြေား ချစ်ကြည် ရင်းနှီးမှုရဖို့ပေါ့။ ပြည်နယ်တွင်းက ဂေါက်ကွင်းရှိတဲ့ မြို့တွေမှာ နှစ်စဉ်အလှည့်ကျ ကျင်းပပေးနေတာပါ။ ဒီနှစ်ကတော့ ရှမ်း/မြောက်က မြို့နယ်တချို့တော့ မလာဖြစ်ဘူး” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ၌ ကျင်းပခဲ့သည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အကျောမဲ့ပြိုင်ပွဲအတွက် ဆုပေါင်း (၁၀)ဆုပေးရာ ကျိုင်းတုံက ပထမ၊ ပန်ဆန်းက ဒုတိယ၊ တာချီလိတ်က တတိယ အသီးသီးရရှိပြီး အကျောပေးပြိုင်ပွဲအတွက် ဆုပေါင်း (၁၀)ဆုပေးရာ အောင်ပန်းက ပထမ၊ မိုင်းလားက ဒုတိယနှင့် မိုင်းဆတ်က တတိယ အသီးသီး ရရှိသွားကာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ အတွက် ဆုပေါင်း (၅)ဆုပေးရာတွင် ကျိုင်းတုံက ပထမ၊ တောင်ကြီးက ဒုတိယ အသီးသီးရရှိသွားကြောင်း သိရသည်။

“ ဆုကြေးငွေ စုစုပေါင်း ကျပ် (၁၄,၅၇၀,ဝဝဝ) ကုန်ကျတယ်။ ပြိုင်ပွဲတစ်ခုလုံးရဲ့ ကုန်ကျစရိတ်က စုစုပေါင်း (၅၂၇)သိန်း ကုန်ကျရာမှာ ကမ္ဘောဇ(ကုမ္ပဏီ)က ကျပ်သိန်း (၄၀၀) ထည့်ဝင်တယ်။ ကျန်တာကိုတော့ တာချီလိတ်နဲ့ မိုင်းဆတ်က လုပ်ငန်းရှင်တွေ ထည့်ဝင်ကြတယ်။ ပြည်နယ်အစိုးရက ကြီးကြပ်ပေးတာပဲ ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအား ပြည်နယ်တွင်း နှစ်စဉ်အလှည့်ကျ ကျင်းပနေရာ ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - Dr.MH 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~