အသင္း၀င္တစ္ဦးလွ်င္ က်ပ္(၅၀)ျဖင့္ ဖြဲ႔စည္းခဲ့သည့္ ေရာင္ျခည္ဦးေရာင္းဝယ္ေရး သမဝါယမအသင္းလီမိတက္၏ ႏွစ္ပတ္လည္သို႔ အသင္းသား အမ်ားအျပားတက္ေရာက္

အသင္း၀င္တစ္ဦးလွ်င္ က်ပ္(၅၀)ျဖင့္ ဖြဲ႔စည္းခဲ့သည့္ ေရာင္ျခည္ဦးေရာင္းဝယ္ေရး သမဝါယမအသင္းလီမိတက္၏ ႏွစ္ပတ္လည္သို႔ အသင္းသား အမ်ားအျပားတက္ေရာက္
ဒီဇင်ဘာ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ႏွစ္(၃၀)ေက်ာ္က အသင္း၀င္တစ္ဦးလွ်င္ က်ပ္(၅၀)ျဖင့္ စတင္ဖြဲ႔စည္းခ့ဲသည့္ ေရာင္ျခည္ဦးေရာင္းဝယ္ေရး သမဝါယမအသင္းလီမိတက္၏ ၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္ ႏွစ္ပတ္လည္ အရပ္ရပ္ဆိုင္ရာ အစည္းအေ၀းအား ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရွိ နမ့္စစ္လင္းေက်ာင္းတိုက္တြင္ ဒီဇင္ဘာလ(၁၉)ရက္ေန႔ ေန႔လယ္ပိုင္းက က်င္းပရာ အသင္းသားစံုညီစြာုဖင့္ တက္ေရာက္မႈ အမ်ားဆံုး ျဖစ္ေၾကာင္း သိရသည္။

"ဒီအသင္းရဲ့ ဝင္ေငြထြက္ေငြ အေျခအေနေတြ ဘ႑ာေရး အေျခအေနေတြကို အသင္းသူ အသင္းသားေတြအေနနဲ႔ သိရွိေနေစဖို႔ရယ္၊ အသင္းလည္ပတ္ေနရတဲ့ အေနအထားေတြကို သိရွိေစဖို႔ ၿပီးေတာ့ အသင္းသူ၊ အသင္းသားေတြအေနနဲ႔ အႀကံျပဳခ်က္ေတြေပးႏိုင္ဖို႔ရာ ရည္ရြယ္ၿပီးေတာ့ ႏွစ္ပတ္လည္ အစည္းအေဝးကို ျပဳလုပ္တာ ျဖစ္ပါတယ္၊ အရင္ကလည္း ႏွစ္ပတ္လည္ရွင္းတမ္းေတြ လုပ္ေပမယ့္ အခုအႀကိမ္က အသင္းသူ/သားေတြ တက္ေရာက္မႈ အမ်ားဆံုးနဲ႔ စံုညီမႈ ပထမဦးဆံုး အႀကိမ္ျဖစ္ပါတယ္"ဟု ေက်ာက္မဲၿမိဳ႕နယ္သမဝါယမဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးအရာရွိ ေဒၚစန္းစန္းေထြး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေရာင္ျခည္ဦးေရာင္းဝယ္ေရး သမဝါယမအသင္းလီမိတက္အား ၁၉၈၆/၈၇ ခုႏွစ္မွစ၍ အသင္းဝင္ တစ္ဦးလွ်င္ က်ပ္(၅၀)ျဖင့္ စတင္ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး (၁/၇/၂၀၁၆) မွ စတင္၍ အသင္း အမႈေဆာင္အသစ္မ်ား ျပန္လည္ဖြဲ႔စည္းကာ မူလအသင္းဝင္ေဟာင္းမ်ား၏ သားသမီး၊ မ်ိဳးဆက္မ်ားကို ဖိတ္ၾကား၍ အသင္းသူ/သား စာရင္းမ်ား စနစ္တက် စာရင္းေကာက္ယူႏိုင္ေရးအတြက္ ျပန္လည္ ေဆာင္ရြက္လာျခင္းျဖစ္ေၾကာင္း အသင္းအမႈေဆာင္မ်ားထံမွ သိရသည္။

"အမွတ္(၂)ရပ္ကြက္ သမဝါယမအသင္းကေတာ့ ဟိုအရင္ကတည္းက ရွိထားတာ၊ ဒါေပမယ့္ အသင္းရဲ႕ လႈပ္ရွားမႈေတြ မေတြ႔ရေတာ့တာၾကာၿပီ၊ တခ်ိဳ႕အသင္းဝင္ေတြလည္း မရွိၾကေတာ့ဘူး၊ အရင္က ဆန္ေတြ ဆီေတြ သမစနစ္နဲ႔ ျပန္ေရာင္းေပးတာမ်ိဳး မလုပ္တာလည္း ၾကာၿပီ၊ အခုမွ အသက္ျပန္ဝင္လာတယ္လို႔ ေျပာရမွာပဲ၊ အေျခခံလူတန္းစားေတြ အသင္းဝင္ေတြ အတြက္ အဆင္ေျပပါတယ္"ဟု သမဝါယမ အသင္းဝင္ အသက္(၅၀)ခန္႔ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါ ႏွစ္ပတ္လည္ အစည္းအေဝးတြင္ (၂၀၁၆-၂၀၁၇) ဘ႑ာေရးႏွစ္ အလုပ္အမႈေဆာင္အဖြဲ႔၏ လုပ္ငန္း အစီရင္ခံစာမ်ားအား အသင္းသူအသင္းသားမ်ားကို တင္ျပျခင္း၊ ဘ႑ာေရးရွင္းတမ္းမ်ားကို တင္ျပျခင္းတို႔ကို ျပဳလုပ္ခဲ့ၿပီး၊ အသင္းမွျပဳလုပ္ေပးမည့္ အစီအစဥ္မ်ား၊ ပရဟိတလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးတင္ျပမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် နှစ်(၃၀)ကျော်က အသင်းဝင်တစ်ဦးလျှင် ကျပ်(၅၀)ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအေဝးအား ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ နမ့်စစ်လင်းကျောင်းတိုက်တွင် ဒီဇင်ဘာလ(၁၉)ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပရာ အသင်းသားစုံညီစွာုဖင့် တက်ရောက်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။

"ဒီအသင်းရဲ့ ဝင်ငွေထွက်ငွေ အခြေအနေတွေ ဘဏ္ဍာရေး အခြေအနေတွေကို အသင်းသူ အသင်းသားတွေအနေနဲ့ သိရှိနေစေဖို့ရယ်၊ အသင်းလည်ပတ်နေရတဲ့ အနေအထားတွေကို သိရှိစေဖို့ ပြီးတော့ အသင်းသူ၊ အသင်းသားတွေအနေနဲ့ အကြံပြုချက်တွေပေးနိုင်ဖို့ရာ ရည်ရွယ်ပြီးတော့ နှစ်ပတ်လည် အစည်းအဝေးကို ပြုလုပ်တာ ဖြစ်ပါတယ်၊ အရင်ကလည်း နှစ်ပတ်လည်ရှင်းတမ်းတွေ လုပ်ပေမယ့် အခုအကြိမ်က အသင်းသူ/သားတွေ တက်ရောက်မှု အများဆုံးနဲ့ စုံညီမှု ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းထွေး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်အား ၁၉၈၆/၈၇ ခုနှစ်မှစ၍ အသင်းဝင် တစ်ဦးလျှင် ကျပ်(၅၀)ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး (၁/၇/၂၀၁၆) မှ စတင်၍ အသင်း အမှုဆောင်အသစ်များ ပြန်လည်ဖွဲ့စည်းကာ မူလအသင်းဝင်ဟောင်းများ၏ သားသမီး၊ မျိုးဆက်များကို ဖိတ်ကြား၍ အသင်းသူ/သား စာရင်းများ စနစ်တကျ စာရင်းကောက်ယူနိုင်ရေးအတွက် ပြန်လည် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း အသင်းအမှုဆောင်များထံမှ သိရသည်။

"အမှတ်(၂)ရပ်ကွက် သမဝါယမအသင်းကတော့ ဟိုအရင်ကတည်းက ရှိထားတာ၊ ဒါပေမယ့် အသင်းရဲ့ လှုပ်ရှားမှုတွေ မတွေ့ရတော့တာကြာပြီ၊ တချို့အသင်းဝင်တွေလည်း မရှိကြတော့ဘူး၊ အရင်က ဆန်တွေ ဆီတွေ သမစနစ်နဲ့ ပြန်ရောင်းပေးတာမျိုး မလုပ်တာလည်း ကြာပြီ၊ အခုမှ အသက်ပြန်ဝင်လာတယ်လို့ ပြောရမှာပဲ၊ အခြေခံလူတန်းစားတွေ အသင်းဝင်တွေ အတွက် အဆင်ပြေပါတယ်"ဟု သမဝါယမ အသင်းဝင် အသက်(၅၀)ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေးတွင် (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်း အစီရင်ခံစာများအား အသင်းသူအသင်းသားများကို တင်ပြခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ အသင်းမှပြုလုပ်ပေးမည့် အစီအစဉ်များ၊ ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~