မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ေရးဇုံအတြင္း လက္နက္ႀကီးက်ည္က်၍ ႏွစ္ဦးဒဏ္ရာရ၊ ကေလးတစ္ဦးေသဆံုး

မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ေရးဇုံအတြင္း လက္နက္ႀကီးက်ည္က်၍ ႏွစ္ဦးဒဏ္ရာရ၊ ကေလးတစ္ဦးေသဆံုး
ဒီဇင်ဘာ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္-၁၀၅ မိုင္ ကုန္သြယ္ေရးဇံုနယ္နိမိတ္အတြင္း ဒီဇင္ဘာလ ၂၃ ရက္ေန႔ ညေနက လက္နက္ႀကီးက်ည္ဟု ယူဆရသည့္ အရာႏွစ္ခု က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ အတြက္ အမ်ိဳးသားတစ္ဦးႏွင့္ ကေလးတစ္ဦး ဒဏ္ရာရကာ၊ ကေလးငယ္တစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

"လက္နက္ႀကီးက်ည္ (၂)ခုက်တယ္လို႔ သိရပါတယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စံုစမ္းတာေတြ အခု စလုပ္ေနပါတယ္။ ဒဏ္ရာရတာေတြ ထိခိုက္မိတာေတြေတာ့ အတိအက်မသိရေသးပါဘူး"ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔စခန္းမွ တာဝန္မွဴးရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။

ဒီဇင္ဘာလ (၂၃)ရက္ေန႔ ညေန (၄)နာရီ (၁၅)မိနစ္ခန္႔က မူဆယ္မွ (၇)မိုင္ခန္႔အကြာ ၁၀၅ မုိင္ ကုန္သြယ္ေရးဇုန္အတြင္းရိွ မိုင္းယုေလးေက်းရြာ ဆက္သြယ္ေရး တာဝါတိုင္အနီး တစ္ေနရာႏွင့္ ဖရဲကားဝင္းႏွင့္ ၁၀၅ မုိင္ဂိတ္ၾကား တစ္ေနရာတို႔တြင္ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းယုေလးေက်းရြာအနီးရွိ ျပည္သူ႔စစ္တပ္စခန္းတစ္ခုအားပစ္ခတ္ျခင္းျဖစ္ႏုိင္ၿပီး လူေနရပ္ကြက္အတြင္း က်ေရာက္ ေပါက္ကြဲခဲ့ျခင္းျဖစ္ႏုိင္ေၾကာင္း ခန္႔မွန္းထားၿပီး လက္ရွိတြင္ (၁၀၅)မိုင္ႏွင့္ အနီးတစ္ဝိုက္အတြင္း လူသြားလူလာနည္းပါးသြားၿပီး ဆိုင္ခန္းမ်ားလည္း ပိတ္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုံနယ်နိမိတ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက လက်နက်ကြီးကျည်ဟု ယူဆရသည့် အရာနှစ်ခု ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အတွက် အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရကာ၊ ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

"လက်နက်ကြီးကျည် (၂)ခုကျတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းတာတွေ အခု စလုပ်နေပါတယ်။ ဒဏ်ရာရတာတွေ ထိခိုက်မိတာတွေတော့ အတိအကျမသိရသေးပါဘူး"ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူးရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီ (၁၅)မိနစ်ခန့်က မူဆယ်မှ (၇)မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ မိုင်းယုလေးကျေးရွာ ဆက်သွယ်ရေး တာဝါတိုင်အနီး တစ်နေရာနှင့် ဖရဲကားဝင်းနှင့် ၁၀၅ မိုင်ဂိတ်ကြား တစ်နေရာတို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယုလေးကျေးရွာအနီးရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုအားပစ်ခတ်ခြင်းဖြစ်နိုင်ပြီး လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး လက်ရှိတွင် (၁၀၅)မိုင်နှင့် အနီးတစ်ဝိုက်အတွင်း လူသွားလူလာနည်းပါးသွားပြီး ဆိုင်ခန်းများလည်း ပိတ်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~