ေခြးရူးျပန္ေရာဂါ ေလ်ာ့ပါးေရးအတြက္ ေက်ာက္မဲတြင္ ေခြးေလေခြးလြင့္မ်ား ထိန္းသိမ္းႏိုင္ရန္ လိုအပ္ေန

ေခြးရူးျပန္ေရာဂါ ေလ်ာ့ပါးေရးအတြက္ ေက်ာက္မဲတြင္ ေခြးေလေခြးလြင့္မ်ား ထိန္းသိမ္းႏိုင္ရန္ လိုအပ္ေန
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ေခြးရူးေရာဂါ ကာကြယ္ေဆးလာေရာက္ထိုးႏွံသူ (၂၆)ဦး ရွိခဲ့ေသာ္လည္း ေခြးရူးေရာဂါေၾကာင့္ တစ္ဦးေသဆံုးခဲ့ကာ သံသယလူနာ တစ္ဦး ရွိခဲ့သည့္အတြက္ ေခြးေလေခြးလြင့္မ်ားအား ရွင္းလင္းေပးရန္ လိုအပ္လ်က္ ရွိေနေၾကာင္း သိရသည္။

ေခြးကိုက္ခံရတဲ့ လူနာေတြ ကာကြယ္ေဆးလာထိုးတာက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲမွာ (၂၆)ဦးရွိတယ္၊ အဲ့ဒါက ႏိုဝင္ဘာလထဲမွာ ကိုက္ခံရလို႔ လာထိုးတဲ့သူ အေရအတြက္၊ ေရွ႕လေတြမွာလည္း ကိုက္ခံရတဲ့ လူနာေဟာင္း ေတြလည္း ရွိေသးတယ္၊ ေခြးရူးေရာဂါ နဲ႔ ေသဆံုးသူက ေက်ာက္မဲက တစ္ဦးရွိတယ္၊ သီေပါၿမိဳ႕နယ္ထဲကေန လာၿပီးေန ေနတဲ့ သံသယလူနာ တစ္ဦး ရွိတယ္၊ ေခြးေလေခြးလြင့္ေတြက မ်ားလာတာေၾကာင့္ ရွင္းလင္းေပးဖို႔လိုအပ္တယ္၊ တစ္ႏွစ္လံုးအတိုင္းအတာနဲ႔ လည္း အရင္ႏွစ္ေတြထက္ မ်ားတယ္၊ အတိအက်ကေတာ့ ႏွစ္ကုန္စာရင္းခ်ဳပ္တဲ့အခ်ိန္မွ သိရမွာျဖစ္ပါတယ္"ဟု ေက်ာက္မဲျပည္သူ႔ ေဆးရံုမွ ေဆးရံုအုပ္ႀကီးက ေဒါက္တာေအာင္ေအာင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခြးေလေခြးလြင့္မ်ား မ်ားျပားလာျခင္းေၾကာင့္ ေခြးကိုက္ခံရသည့္ လူနာအေရအတြက္လည္း ယခင္ႏွစ္မ်ားထက္ မ်ားျပား လာၿပီး၊ ေခြးကိုက္ခံရသည့္ ျပည္သူမ်ားအေနျဖင့္လည္း ကာကြယ္ေဆး ထိုးႏွံျခင္းကို ပိုမို လုပ္ေဆာင္ လာသည့္အတြက္ ျပည္သူ႔ေဆးရံုသို႔ ကာကြယ္ေဆးလာေရာက္ထိုးႏွံခံသူ အေရအတြက္လည္း မ်ားျပားလာျခင္း ျဖစ္ေၾကာင္း ၎ကေျပာသည္။

ေက်ာက္မဲၿမိဳ႕အတြင္း ၿပီးခဲ့သည့္ ၂၀၁၄-၂၀၁၅ ကာလအတြင္းက ေခြးေလေခြးလြင့္ရွင္းလင္းျခင္းလုပ္ငန္း ေဆာင္ရြက္ခဲ့ဖူးေသာ္လည္း ၂၀၁၇ ခုႏွစ္အတြင္း ေခြးေလေခြးလြင့္ ရွင္းလင္းျခင္း လုပ္ငန္း ေဆာင္ရြက္ရန္ ရည္ရြယ္ ထားေသာ္လည္း ဆိုက္ရာႏိုက္အဆိပ္ ရရွိရန္ခက္ခဲေနသည့္အတြက္ လက္တေလာတြင္ မေဆာင္ရြက္ႏိုင္ေသးျခင္း ျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရး ဦးစီးဌာနမွ သိရသည္။

"ေခြးေလေခြးလြင့္ျပသနာကို ရွင္းလင္းဖို႔ေတာ့ ေဆာင္ရြက္ေနပါတယ္၊ အဲ့ဒီအတြက္ လိုအပ္တဲ့အဆိပ္က သတ္မွတ္ ထားတဲ့ျပင္းအားရွိတဲ့ အဆိပ္လိုအပ္ေနတာျဖစ္တဲ့အတြက္ ခ်က္ခ်င္းႀကီးက မရႏိုင္ေသးဘူး၊ အဲ့ဒါရမွ လိုအပ္တဲ့ အသားေတြဝယ္ၿပီး အခ်ိန္တစ္ခုသတ္မွတ္၊ ျပည္သူလူထုကို ေၾကညာၿပီးေတာ့ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္"ဟု ေက်ာက္မဲဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရး ဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လိုအပ္သည့္ အဆိပ္ႏွင့္ ေခြးေလေခြးလြင့္ ရွင္းလင္းရန္အတြက္ သက္ဆိုင္ရာ တိ/ေမြးကု ဌာန၊ အုပ္ခ်ဳပ္ေရးဌာန ႏွင့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ညိွႏႈိင္းကာ နည္းစနစ္တက် လုပ္ေဆာင္ သြားမည္ျဖစ္ၿပီး အျခားနည္းလမ္း ျဖစ္သည့္ ေခြးေလေခြးလြင့္မ်ားအား သေႏၶတားေဆး ထိုးႏွံျခင္းလုပ္ငန္းမ်ိဳး လုပ္ကိုင္ႏိုင္ရန္အတြက္လည္း သက္ဆိုင္ရာ တိ/ေမြးကု ဌာနႏွင့္ ေပါင္းစပ္လုပ္ကိုင္ရန္ အစီအစဥ္ရွိထားေၾကာင္း ၎ထံက သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲပြည်သူ့ဆေးရုံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ခွေးရူးရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၂၆)ဦး ရှိခဲ့သော်လည်း ခွေးရူးရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ကာ သံသယလူနာ တစ်ဦး ရှိခဲ့သည့်အတွက် ခွေးလေခွေးလွင့်များအား ရှင်းလင်းပေးရန် လိုအပ်လျက် ရှိနေကြောင်း သိရသည်။

ခွေးကိုက်ခံရတဲ့ လူနာတွေ ကာကွယ်ဆေးလာထိုးတာက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ (၂၆)ဦးရှိတယ်၊ အဲ့ဒါက နိုဝင်ဘာလထဲမှာ ကိုက်ခံရလို့ လာထိုးတဲ့သူ အရေအတွက်၊ ရှေ့လတွေမှာလည်း ကိုက်ခံရတဲ့ လူနာဟောင်း တွေလည်း ရှိသေးတယ်၊ ခွေးရူးရောဂါ နဲ့ သေဆုံးသူက ကျောက်မဲက တစ်ဦးရှိတယ်၊ သီပေါမြို့နယ်ထဲကနေ လာပြီးနေ နေတဲ့ သံသယလူနာ တစ်ဦး ရှိတယ်၊ ခွေးလေခွေးလွင့်တွေက များလာတာကြောင့် ရှင်းလင်းပေးဖို့လိုအပ်တယ်၊ တစ်နှစ်လုံးအတိုင်းအတာနဲ့ လည်း အရင်နှစ်တွေထက် များတယ်၊ အတိအကျကတော့ နှစ်ကုန်စာရင်းချုပ်တဲ့အချိန်မှ သိရမှာဖြစ်ပါတယ်"ဟု ကျောက်မဲပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီးက ဒေါက်တာအောင်အောင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခွေးလေခွေးလွင့်များ များပြားလာခြင်းကြောင့် ခွေးကိုက်ခံရသည့် လူနာအရေအတွက်လည်း ယခင်နှစ်များထက် များပြား လာပြီး၊ ခွေးကိုက်ခံရသည့် ပြည်သူများအနဖြေင့်လည်း ကာကွယ်ဆေး ထိုးနှံခြင်းကို ပိုမို လုပ်ဆောင် လာသည့်အတွက် ပြည်သူ့ဆေးရုံသို့ ကာကွယ်ဆေးလာရောက်ထိုးနှံခံသူ အရေအတွက်လည်း များပြားလာခြင်း ဖြစ်ကြောင်း၎င်းကပြောသည်။

ကျောက်မဲမြို့အတွင်း ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ကာလအတွင်းက ခွေးလေခွေးလွင့်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ဖူးသော်လည်း ၂၀၁၇ ခုနှစ်အတွင်း ခွေးလေခွေးလွင့် ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် ရည်ရွယ် ထားသော်လည်း ဆိုက်ရာနိုက်အဆိပ် ရရှိရန်ခက်ခဲနေသည့်အတွက် လက်တလောတွင် မဆောင်ရွက်နိုင်သေးခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

"ခွေးလေခွေးလွင့်ပြသနာကို ရှင်းလင်းဖို့တော့ ဆောင်ရွက်နေပါတယ်၊ အဲ့ဒီအတွက် လိုအပ်တဲ့အဆိပ်က သတ်မှတ် ထားတဲ့ပြင်းအားရှိတဲ့ အဆိပ်လိုအပ်နေတာဖြစ်တဲ့အတွက် ချက်ချင်းကြီးက မရနိုင်သေးဘူး၊ အဲ့ဒါရမှ လိုအပ်တဲ့ အသားတွေဝယ်ပြီး အချိန်တစ်ခုသတ်မှတ်၊ ပြည်သူလူထုကို ကြေညာပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လိုအပ်သည့် အဆိပ်နှင့် ခွေးလေခွေးလွင့် ရှင်းလင်းရန်အတွက် သက်ဆိုင်ရာ တိ/မွေးကု ဌာန၊ အုပ်ချုပ်ရေးဌာန နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းကာ နည်းစနစ်တကျ လုပ်ဆောင် သွားမည်ဖြစ်ပြီး အခြားနည်းလမ်း ဖြစ်သည့် ခွေးလေခွေးလွင့်များအား သန္ဓတေားဆေး ထိုးနှံခြင်းလုပ်ငန်းမျိုး လုပ်ကိုင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ တိ/မွေးကု ဌာနနှင့် ပေါင်းစပ်လုပ်ကိုင်ရန် အစီအစဉ်ရှိထားကြောင်း၎င်းထံက သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~