ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် မူဆယ် - မန္တလေး ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်လာသည့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က လူ(၄)ဦးစီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးအား ရှာဖွေရာ ဆိုင်ကယ်တွင် တင်ဆောင်လာသည့် ဂျပ်ဖာအတွင်းမှ ဘိန်းဖြူ (၃၆၃)ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၄၈၀၀) အပါအဝင် ငွေကျပ် (၁၀)သိန်းတို့အား တွေ့ရှိရကြောင်း သိရသည်။
မူးယစ်ဆေးများသယ်ဆောင်လာသူများဖြစ်သည့် ရွှေကျော်၊ ကံမေ၊ ခင်ရှိနှင့် အုံးညွန့်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
