ေက်ာက္မဲႏွင့္ လားရိႈးၿမိဳ႕နယ္မ်ားအတြင္းမွ တပ္ျပန္လည္စြန္႔လႊတ္ေျမအျပည့္အဝ ျပန္မရသည့္ ေတာင္သူမ်ား စုေပါင္းသတင္း စာရွင္းလင္း

ေက်ာက္မဲႏွင့္ လားရိႈးၿမိဳ႕နယ္မ်ားအတြင္းမွ တပ္ျပန္လည္စြန္႔လႊတ္ေျမအျပည့္အဝ ျပန္မရသည့္ ေတာင္သူမ်ား စုေပါင္းသတင္း စာရွင္းလင္း
ဇန်နဝါရီ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မွျပန္လည္စြန္႔လႊတ္ေျမမ်ားကို မူလပိုင္ရွင္မ်ားထံ အျပည့္အဝ ျပန္မေပးသျဖင့္ ေတာင္သူမ်ားက ဇန္နဝါရီလ (၁၅)ရက္ေန႔တြင္  ခိုမုန္းေက်းရြာအုပ္စု ေကာင္းအက္ေက်းရြာ၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္ေၾကာင္း သိရသည္။

တပ္ျပန္လည္စြန္႔လႊတ္ေျမ အျပည့္အဝျပန္မရသည့္ ေက်ာက္မဲၿမိဳ႕နယ္ရွိ ေကာင္းအက္ေက်းရြာမွ ေတာင္သူမ်ား၊ ေက်ာက္မဲႀကီးေက်းရြာမွ ေတာင္သူမ်ား၊ တံခြန္တိုင္ေက်းရြာမွ ေတာင္သူမ်ားႏွင့္ လားရိႈးၿမိဳ႕နယ္ ဟူးမြန္ေက်းရြာအုပ္စု ေတာင္ေနာက္ေက်းရြာမွ ေတာင္သူမ်ားက စုေပါင္း၍ သတင္းစာရွင္းလင္းပြဲျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ ခိုမုန္းေက်းရြာအုပ္စု ေကာင္းအက္ေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းႏြံေခးႏွင့္ ေက်းရြာသား ဦးစိုင္းစိုးညြန္႔ တို႔က ၄င္းတို႔ ဘိုးဘြားပိုင္ေျမယာ ဧက (၃၀၀)ကို ၁၉၉၃ ခုႏွစ္တြင္ ေက်ာက္မဲၿမိဳ႕ရွိ အမွတ္(၁) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္က သိမ္းဆည္းခဲ့ၿပီး ၂၀၁၄ ခုနွစ္တြင္ ေက်ာက္မဲၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွဴး ရံုးခန္း၌ ပံုစံ(၃)ျဖင့္ အခမ္းအနားျပဳလုပ္ကာ တပ္မွ ျပန္လည္ စြန္႔လႊတ္ခဲ့ေသာ္လည္း အဆိုပါ ေျမယာမ်ားတြင္ စိုက္ပ်ိဳးျခင္းကို ၿမိဳ႕နယ္ ေျမယာစီမံခန္႔ခြဲ ေရးက လာေရာက္ ဟန္႔တားခဲ့ၿပီး လက္ရွိတြင္ အခ်ိဳ႕ေနရာမ်ား၌ အိမ္မ်ား အခိုင္အမာလာေရာက္ ေဆာက္လုပ္ ထားျခင္းမ်ား လုပ္ေဆာင္ထားေၾကာင္း အဆိုပါ ေတာင္သူႏွစ္ဦးက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားေၾကာင္း သိရသည္။

ေက်ာက္မဲႀကီးေက်းရြာတြင္လည္း ၂၀၁၄ ခုႏွစ္က ခမရ (၅၀၁)မွ ျပန္လည္စြန္႔လႊတ္ေပးခဲ့သည့္
ေတာင္သူ(၁၅)ဦး၏ ေျမယာမ်ားတြင္ မူလေတာင္သူမ်ား စိုက္ပ်ိဳးေရးျပန္လည္ လုပ္ေဆာင္သည္ကို တပ္ေျမက်ဴးေက်ာ္မႈျဖင့္ ျပန္လည္တရားစြဲခံေနရေၾကာင္းလည္း အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ ေတာင္သူမ်ားက ေျပာၾကားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မှပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်များထံ အပြည့်အဝ ပြန်မပေးသဖြင့် တောင်သူများက ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ခိုမုန်းကျေးရွာအုပ်စု ကောင်းအက်ကျေးရွာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

တပ်ပြန်လည်စွန့်လွှတ်မြေ အပြည့်အဝပြန်မရသည့် ကျောက်မဲမြို့နယ်ရှိ ကောင်းအက်ကျေးရွာမှ တောင်သူများ၊ ကျောက်မဲကြီးကျေးရွာမှ တောင်သူများ၊ တံခွန်တိုင်ကျေးရွာမှ တောင်သူများနှင့် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု တောင်နောက်ကျေးရွာမှ တောင်သူများက စုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ကောင်းအက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းနွံခေးနှင့် ကျေးရွာသား ဦးစိုင်းစိုးညွန့် တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေယာ ဧက (၃၀၀)ကို ၁၉၉၃ ခုနှစ်တွင် ကျောက်မဲမြို့ရှိ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က သိမ်းဆည်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ရုံးခန်း၌ ပုံစံ(၃)ဖြင့် အခမ်းအနားပြုလုပ်ကာ တပ်မှ ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း အဆိုပါ မြေယာများတွင် စိုက်ပျိုးခြင်းကို မြို့နယ် မြေယာစီမံခန့်ခွဲ ရေးက လာရောက် ဟန့်တားခဲ့ပြီး လက်ရှိတွင် အချို့နေရာများ၌ အိမ်များ အခိုင်အမာလာရောက် ဆောက်လုပ် ထားခြင်းများ လုပ်ဆောင်ထားကြောင်း အဆိုပါ တောင်သူနှစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း သိရသည်။

ကျောက်မဲကြီးကျေးရွာတွင်လည်း ၂၀၁၄ ခုနှစ်က ခမရ (၅၀၁)မှ ပြန်လည်စွန့်လွှတ်ပေးခဲ့သည့်
တောင်သူ(၁၅)ဦး၏ မြေယာများတွင် မူလတောင်သူများ စိုက်ပျိုးရေးပြန်လည် လုပ်ဆောင်သည်ကို တပ်မြေကျူးကျော်မှုဖြင့် ပြန်လည်တရားစွဲခံနေရကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တောင်သူများက ပြောကြားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~