ဧရာဝတီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အသစ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက်(၅၃)နှစ်အရွယ်ရှိ ဦးလှမိုးအောင်အား ဇန်နဝါရီလ (၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။
အသက်(၇၆)နှစ်ဝန်းကျင်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီသည် ဝန်ကြီးချုပ်တာဝန်အား (၂၁) လကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားသည့်အတွက် လစ်လပ်သွားသည့် နေရာတွင် အစားထိုး ခန့်အပ်ရန် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၈ ကို ဇန်နဝါရီလ (၁၈)ရက်နေ့က ကျင်းပပြီး နိုင်ငံတော်သမ္မတက အဆိုပြုသည့် မြန်အောင် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် မန်းဂျော်နီသည် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်(၂)၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူမည့် ဦးလှမိုးအောင်သည် အသက်(၅၃)နှစ်အရွယ်ရှိပြီး
ဓါတ်ပုံ - မန်းဂျော်နီ(FB)