ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ၊ ရိုးမဘဏ္ခြဲ(၁)တြင္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔ ညေနက ဗံုးေပါက္ကြဲမႈျဖစ္ပြားမႈေၾကာင့္ ရိုးမဘဏ္ခြဲ(၁)ႏွင့္ ၎ဘဏ္အနီးရွိ ဧရာ၀တီဘဏ္တို႔မွာ ေဖေဖာ္၀ါရီလ (၂၂)ရက္ေန႔ကစ၍ ယာယီပိတ္ထားေၾကာင္း သိရသည္။
"ညေန (၄)နာရီခြဲေလာက္မွာ ကာစတန္မာေတြေတာ့ မရွိေတာ့ဘူး ဘဏ္ကတံခါးပိတ္ထားပီးၿပီ အ့ဲမွာ ဝုန္း ခနဲေပါက္ကြဲတာပဲ ေသတ့ဲသူက ၂ ေယာက္ရွိတယ္၊ ဝန္ထမ္းအမိ်ဳးသမီးေတြ။ ဘဏ္ကအခုေတာ့ ယယီပိတ္ထားတယ္"ဟု လားရႈိးၿမိဳ႕ ရိုးမဘဏ္ခြဲ(၁)မွ လံုၿခံဳေရး ဝန္ထမ္း ကိုရဲသီဟေက်ာ္က တာခီ်လိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
ေပါက္ကြဲမႈ ျဖစ္ပြားခ်ိန္တြင္ ရိုးမဘဏ္၏ ေရွ႕မွန္တံခါးသာ ပိတ္ထားၿပီး သံဘာဂ်ာတံခါးအား မပိတ္ထားေသး သည့္ အတြက္ ေပါက္ကြဲသည့္ အပိုင္းစမ်ားႏွင့္ အေဆာက္အဦး အပိုင္းစမ်ား ထိမွန္ မႈေၾကာင့္ ဒဏ္ရာ ရရွိသူ မ်ားျပားေၾကာင္း သိရသည္။
ဗံုး ေပါက္ကြဲမႈေၾကာင့္ ၎ဘဏ္အနီးရွိ ဧရာဝတီဘဏ္(၁)အား ရိုက္ခတ္ခ့ဲသည့္အျပင္ မ်က္နာခ်င္းဆိုင္ရွိ ကားလမ္းမႀကီး၏ အျခားဘက္မွ ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴးရံုး ေရွ႕မ်က္ႏွာစာ ျပတင္းမွန္မ်ား အားလံုးနီးပါး ကြဲသြားခ့ဲသည္။
ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအေနျဖင့္ အမ်ဳိးသား(၈)ဦး ႏွင့္ အမ်ဳိးသမီး(၁၅)ဦး စုစုေပါင္း(၂၃)ဦးတြင္ ရိုးမဘဏ္မွ အမ်ဳိးသမီး၀န္ထမ္း(၂)ဦးမွာ ေသဆံုးသြားျခင္းျဖစ္ၿပီး ဒဏ္ရာရရွိသူ (၂၁)ဦးအား ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရွိကာ ေဆး၀ါးကုသမႈမ်ား ခံယူေနလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ရိုးမဘဏ္ခြဲ(၁)ႏွင့္ ဧရာဝတီဘဏ္ခြဲ(၁)တို႔အား ယာယီပိတ္ထားၿပီး အနီးနားရွိ ျမန္မာ့စီးပြားေရး ဘဏ္ႏွင့္ အင္းဝဘဏ္တို႔မွာ ပံုမွန္အတိုင္း ဖြင့္လွစ္ထားေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္
"ညနေ (၄)နာရီခွဲလောက်မှာ ကာစတန်မာတွေတော့ မရှိတော့ဘူး ဘဏ်ကတံခါးပိတ်ထားပီးပြီ အဲ့မှာ ဝုန်း ခနဲပေါက်ကွဲတာပဲ သေတဲ့သူက ၂ ယောက်ရှိတယ်၊ ဝန်ထမ်းအမျိုးသမီးတွေ။ ဘဏ်ကအခုတော့ ယယီပိတ်ထားတယ်"ဟု လားရှိုးမြို့ ရိုးမဘဏ်ခွဲ(၁)မှ လုံခြုံရေး ဝန်ထမ်း ကိုရဲသီဟကျော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ရိုးမဘဏ်၏ ရှေ့မှန်တံခါးသာ ပိတ်ထားပြီး သံဘာဂျာတံခါးအား မပိတ်ထားသေး သည့် အတွက် ပေါက်ကွဲသည့် အပိုင်းစများနှင့် အဆောက်အဦး အပိုင်းစများ ထိမှန် မှုကြောင့် ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရသည်။
ဗုံး ပေါက်ကွဲမှုကြောင့်၎င်းဘဏ်အနီးရှိ ဧရာဝတီဘဏ်(၁)အား ရိုက်ခတ်ခဲ့သည့်အပြင် မျက်နာချင်းဆိုင်ရှိ ကားလမ်းမကြီး၏ အခြားဘက်မှ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး ရှေ့မျက်နှာစာ ပြတင်းမှန်များ အားလုံးနီးပါး ကွဲသွားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနဖြေင့် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၂၃)ဦးတွင် ရိုးမဘဏ်မှ အမျိုးသမီးဝန်ထမ်း(၂)ဦးမှာ သေဆုံးသွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ (၂၁)ဦးအား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ ဆေးဝါးကုသမှုများ ခံယူနေလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရိုးမဘဏ်ခွဲ(၁)နှင့် ဧရာဝတီဘဏ်ခွဲ(၁)တို့အား ယာယီပိတ်ထားပြီး အနီးနားရှိ မြန်မာ့စီးပွားရေး ဘဏ်နှင့် အင်းဝဘဏ်တို့မှာ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်