အသက္ (၂၈)ႏွစ္ဝန္းက်င္ ရုပ္ရည္သန္႔သန္႔၊ အဝတ္အစားခပ္သန္႔သန္႔ႏွင့္ အမ်ိဳးသားတစ္ဦး အမ်ားသူငါ သြားလာေနသည့္ လမ္းမႀကီး တစ္ေနရာတြင္ရပ္ကာ ခပ္ေတြေတြ ေငးၾကည့္ေနသည္။
ထိုစဥ္ ခပ္ဝဝ၊ အရပ္ျမင့္ျမင့္ အမ်ိဳးသားတစ္ဦး လမ္းေလွ်ာက္လာသည္ကို ျမင္လိုက္ရေသာအခါ ေငးၾကည့္ေနသည့္ လူငယ္၏ မ်က္ဝန္းအစံု အေရာင္ေျပာင္းသြားၿပီး ဆံုးျဖတ္ခ်က္တစ္ခုကို ခပ္ျမန္ျမန္ ခ်လိုက္သည့္ အၿပံဳးျဖင့္ ေခါင္းတစ္ညိတ္ညိတ္ အမူအရာသို႔ ရုတ္ခ်ည္းေျပာင္းလဲသြားသည္။
လူငယ္က အဆိုပါ အမ်ိဳးသား၏ ဘယ္ဖက္ပါးျပင္ကို အားပါပါျဖင့္ ရုတ္တရက္ ရိုက္ခ်လိုက္ရာ ပါးရိုက္ခံရသူ အမ်ိဳးသားမွာ ေဒါသထြက္သြားၿပီး ေမးျမန္းလုိက္သည္။
ပါးရိုက္သည့္ လူငယ္မွာ ဘာမွမေျပာ ၎၏ ဘယ္ဖက္လက္ျဖင့္ကိုင္ကာ ခႏၶာကိုယ္ေနာက္တြင္ ကြယ္ထားေသာ စာရြက္တစ္ရြက္ကို ထုတ္ျပလိုက္သည္။ အဆိုပါစာရြက္မွာ မဂၤလာေဆာင္ ဖိတ္စာအိတ္အရြယ္ ဆင္စြယ္ေရာင္စာရြက္တြင္ စာလံုးႀကီးႀကီးျဖင့္ “ အရူးလက္မွတ္ ” ဟု ေရးသားထားျခင္းျဖစ္သည္။
ပါးရိုက္ခံရသူလည္း ေဒါသထြက္သည့္ အမူအရာျဖင့္ ၿငီးတြားေရရြတ္ကာ ထိုလူငယ္အား ဘာမွ ျပန္မေျပာေတာ့ဘဲ ထြက္သြားေလသည္။
၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ တတိယပတ္ေလာက္က ကြ်န္ေတာ္ၾကည့္မိခဲ့သည့္ လူမႈကြန္ရက္မွ ဟာသဗြီဒီယို တစ္ပုဒ္တြင္ ျမင္ေတြ႔ရသည့္ ရိုက္ကြက္တစ္ခုပင္ျဖစ္သည္။
တစ္စံုတစ္ခုေသာ အေၾကာင္းအရာကို ဂဃနဏ မစဥ္းစား၊ မေတြးေခၚ၊ မေလ့လာၾကဘဲ မ်က္စိဇြတ္မွိတ္ ယံုၾကည္ၾကသည့္ အေလ့အထကို ေျပာေလ့ရိွသည့္စကားတစ္ခြန္းမွာ “နားတစ္ဖက္ေပါက္”ဟူသည့္ စကားရပ္ ျဖစ္သည္။
ယခုႏွစ္အတြင္း နာမည္ႀကီးလာသည့္ နားတစ္ဖက္ေပါက္ စကားရပ္မွာ အရူးလက္မွတ္ ဆုိသည့္ စကားလံုးပင္ ျဖစ္သည္။
ထိုလက္မွတ္ႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ေနအိမ္အား မီးေလာင္ေစသည့္ အရာျဖင့္ ပစ္ခဲ့သည့္ အမ်ိဳးသားအား စစ္ေဆးရာ ၎သည္ ၂၀၁၃ ခုႏွစ္က စိတ္က်န္းမာေရးေဆးရံုႀကီး(ရန္ကုန္)တြင္ ေဆးကုမႈခံယူခဲ့ဖူးသည့္ မွတ္တမ္းစာအုပ္ကို ေတြ႔ရွိရသည္ ဟူေသာ သတင္းစကားမွစ၍ အရူးလက္မွတ္ဆိုသည္ကို ေပၚပင္ စကားတစ္ခုအလား အလြယ္တကူ သံုးစြဲလာၾကျခင္း ျဖစ္သည္။
အရူးလက္မွတ္ဟု အလြယ္တကူသံုးစြဲေနသည့္ စိတ္က်န္းမာေရးေဆးရံုႀကီးမွ ေဆးရံုဆင္းစာအုပ္ရွိလွ်င္ မည္သည့္ ျပစ္မႈကို က်ဴးလြန္သည္ျဖစ္ေစ အေရးယူျခင္း မခံရႏိုင္ဟူသည့္ အေတြးအေခၚမွာလည္း သံုးစကၠန္႔လွ်င္ ျမန္မာႏိုင္ငံ တစ္ပတ္ျပည့္ေအာင္ ျပန္႔ပြားေနသည့္ အမွားစကားမ်ားအၾကား ေရပန္း အစားဆံုးျဖစ္ခဲ့ရၿပီး ရုပ္ေျပာင္ရိုက္ကြက္မ်ား၊ ရုပ္ေျပာင္ ကာတြန္းမ်ား ႏွင့္အတူ ခနဲ႔တဲ့တဲ့ စာသားမ်ားကိုလည္း ထင္ေပၚစြာသံုးစြဲ ခဲ့ၾကျခင္းျဖစ္သည္။
“အဲဒီလိုေျပာလို႔ ကၽြန္မအဖမ္းခံရမွာကို မစိုးရိမ္ပါနဲ႔။ ကၽြန္မမွာ အရူးလက္မွတ္ရွိတယ္” ဟု တိုင္းသိျပည္သိ စင္ေပၚတက္ကာ မိုက္ျဖင့္ေျပာသူမ်ားရွိသလို၊ “ပန္းေရာင္အက်ႌဝတ္မလာနဲ႔ေနာ္၊ လက္မွတ္ေတာ့ယူခဲ့” ဟူ၍ ရပ္သိရြာသိ ေပၚေပၚတင္တင္စေနာက္လာၾကသည္အထိ အရူးလက္မွတ္ ဟူသည့္ အသံုးအႏႈန္းသည္ အဆင့္အတန္းအမ်ိဳးမ်ိဳးၾကား နည္းအဖံုဖံုျဖင့္ ေခတ္စားလာသည္ကိုေတြ႔ရသည္။
တစ္ကယ္ေတာ့ လူေတြထင္ထား ယူဆထားၾကသလို အရူးလက္မွတ္ဟု ေျပာဆိုေနၾကသည့္ စိတ္က်န္းမာေရး ေဆးရံုဆင္းစာအုပ္သည္ ယင္းကဲ့သို႔ အဓိပၸာယ္သက္ေရာက္ျခင္း မရိွေပ။
“အရူးလက္မွတ္ဆိုၿပီး သံုးႏႈန္းေျပာဆိုေနၾကတာက မွားပါတယ္။ တကယ္ေတာ့ စိတ္က်န္းမာေရး ေဆးရံုဆင္း လက္မွတ္လို႔ပဲ ေခၚရမွာေပါ့။ ဒါေပမဲ့ စိတ္ေရာဂါဆိုတာမ်ိဳးက တစ္ခါျဖစ္ၿပီးတိုင္း တစ္သက္လံုး ျဖစ္ေနမယ့္ဟာမ်ိဳး မဟုတ္ဘူး။ ၿပီးေတာ့ အဲဒီေဆးရံုဆင္းလက္မွတ္ကလည္း ေဆးရံုမွာ လာျပဖူးတဲ့ အေထာက္အထားတစ္ခုအျဖစ္ပဲ အက်ံဳးဝင္တယ္” ဟု စိတ္က်န္းမာေရးေဆးရံုႀကီး(ရန္ကုန္)မွ စိတ္က်န္းမာေရးကုသမႈဌာနက ဌာနမွဴး ပါေမာကၡ ေဒါက္တာတင္ဦး ( ေဆးတကၠသိုလ္ - ၁ ) က ရွင္းျပသည္။
ယင္းအျပင္္ စိတ္က်န္းမာေရး ေဝဒနာရွင္တစ္ဦးက ျပစ္မႈက်ဴးလြန္ပါက ျပစ္မႈက်ဴးလြန္ေနစဥ္ကာလအတြင္း ေဝဖန္ပိုင္းျခားႏိုင္သည့္ အသိစိတ္ရွိ/မရွိ၊ စိတ္ေဝဒနာအေျခအေနေပၚမူတည္၍ အေရးယူခံရမည္ျဖစ္သည္။
ျပစ္မႈက်ဴးလြန္စဥ္အခ်ိန္တြင္ အမွန္/အမွားကို ေဝဖန္ပိုင္းျခားႏိုင္သည့္ အသိစိတ္မရွိဘဲ စိတ္ကစဥ့္ကလ်ား အေျခအေနျဖင့္ က်ဴးလြန္ျခင္း ဟုတ္/မဟုတ္ကို စိတ္က်န္းမာေရးကုသသည့္ကၽြမ္းက်င္သူမ်ားမွ နည္းစနစ္ တက် စစ္ေဆးေလ့ရိွေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူသည္ က်ဴးလြန္စဥ္အခါက စိတ္ေဝဒနာခံစားေနရၿပီး အမွန္/အမွား မခြဲျခားႏိုင္သည့္ အေျခအေန တစ္ရပ္တြင္ျဖစ္ပါက ၎အား စိတ္က်န္းမာေရးေဆးရံုတြင္ ထားရွိေစာင့္ေရွာက္ကာ စစ္ေဆးရမည္ျဖစ္ၿပီး စစ္ေဆးပံုမွာ ဘုတ္အဖြဲ႔ဝင္မ်ားဖြဲ႔စည္းထားသည့္ စိတ္က်န္းမာေရး ကုသမႈ ပညာရွင္မ်ားက (၆) လလွ်င္တစ္ႀကိမ္ စစ္ေဆးမႈေပါင္း (၁၂)ႀကိမ္ျဖင့္ စစ္ေဆးေလ့ရိွေၾကာင္း သိရသည္။
စစ္ေဆးေနစဥ္ ကာလအတြင္း ေဆးကုသမႈႏွင့္ စိတ္ပိုင္းဆိုင္ရာကုသမႈမ်ားကို ျပဳလုပ္ေနမည္ ျဖစ္ေသာ္လည္း ၎မွာ ေဆးရံုမွ ထြက္ခြာခြင့္ရမည္ မဟုတ္သလို ၎၏ ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ အေျခအေနမ်ားအရ သီးသန္႔ ခြဲထားသင့္လွ်င္ ခြဲထားေလ့ရိွေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အရပ္စကားေျပာေနၾကသည့္ အရူးလက္မွတ္ျဖင့္ ျပစ္မႈက်ဴးလြန္ပါက ဥပေဒအရ အေရးယူခံရမွဳ ကင္းလြတ္ခြင့္ရိွမည္ မဟုတ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ကမၻာ့က်န္းမာေရးအဖြဲ႔အစည္း (WHO) က ၁၉၉၂ ခုႏွစ္တြင္ ေကာက္ယူထားသည့္ ICD 10 ( International Classification of Dieseas 10) အရ စိတ္က်န္းမာေရးေဝဒနာအမ်ိဳးအစားေပါင္း (၁၀၀) ေက်ာ္ရွိေနၿပီး ၁၉၉၄ ခုႏွစ္တြင္ ေကာက္ယူထားသည့္ DSM IV ( Diagnostic and Statistical of Mental Disorders ) အရ စိတ္က်န္းမာေရးေဝဒနာ အမ်ိဳးအစားေပါင္း (၃၀၀) ေက်ာ္ရွိေနသည္ဟု သိရသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံ၌ စိတ္က်န္းမာေရးေဝဒနာခံစားေနရသည့္ စာရင္းအေရအတြက္ကို အခ်က္အလက္ရယူ တင္ျပထားျခင္း မရိွသည့္အတြက္ ကမၻာ့ႏုိင္ငံမ်ားမွ ေထာက္ပံ့မႈကို မရရွိႏိုင္ေသးဘဲ တိတ္တဆိတ္သာ ခံစားရပ္တည္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
စိတ္ပိုင္းဆုိင္ရာ ေဝဒနာဟု ဆိုလိုက္လ်ွင္ ေရသန္႔ဘူးမ်ားကို ႀကိဳးျဖင့္သီဆြဲကာ ယပ္ေတာင္မ်ား၊ ၾကြပ္ၾကြပ္အိတ္မ်ားျဖင့္ လမ္းလယ္ေခါင္တြင္ ေပတိေပစုတ္ေလ်ွာက္သြားေနၾကသူမ်ားကိုသာ ေျပးျမင္မိမည္ျဖစ္ေသာ္လည္း အမွန္တကယ္စိတ္ေဝဒနာဟူသည္မွာ ထိုထက္ပိုက်ယ္ျပန္႔သည္ဟု စိတ္က်န္းမာေရးကုသသည့္ ပညာရွင္မ်ားက ဆိုသည္။
ကေလးသူငယ္၊ လူငယ္ဘဝစိတ္ပိုင္းဆိုင္ရာေဝဒနာမ်ား၊ ဥာဏ္ရည္ခ်ိဳ႕တဲ့ျခင္းအမ်ိဳးမ်ိဳး၊ မူးယစ္ေဆးႏွင့္ အရက္စြဲ ေဝဒနာမ်ား၊ စိတ္ေဖာက္ျပန္သည့္ေဝဒနာအမ်ိဳးမ်ိဳး၊ စိတ္ၾကြ၊စိတ္က် ေဝဒနာအမ်ိဳးမ်ိဳး၊ စိုးရိမ္စိတ္လြန္ ေဝဒနာအမ်ိဳးမ်ိဳး၊ ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာေဝဒနာအမ်ိဳးမ်ိဳး ႏွင့္ အျခားစိတ္ပိုင္းဆိုင္ရာ ေဝဒနာအမ်ိဳးမ်ိဳးလည္း ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံတြင္ ျပစ္မႈက်ဴးလြန္၍ ထိန္းသိမ္းစစ္ေဆးခံေနရသည့္ စိတ္ေဝဒနာရွင္မ်ားမွာ ရန္ကုန္ စိတ္က်န္းမာေရးေဆးရံုႀကီးတြင္ (၃၃) ဦးရွိသည့္အနက္ (၆) ဦးမွာ ျပစ္မႈက်ဴးလြန္စဥ္ စိတ္ေဝဒနာရွိ/မရွိ ဟူသည့္ ပုဒ္မ ၄၆၆ ျဖင့္ စစ္ေဆးခံေနရျခင္းျဖစ္ကာ (၁၇) ဦးမွာ က်ဴးလြန္ထားသည့္ျပစ္မႈမွ တရားေသျဖင့္ လြတ္ၿပီး စိတ္က်န္းမာေရးအေျခအေနကိုစစ္ေဆးခံေနရသည့္ ပုဒ္မ ၄၇၁ ျဖင့္ ရင္ဆိုင္ေနရသူမ်ား ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လူနာမ်ားတြင္ ဦးေရႊျမေခ်ဟူသည့္ အမ်ိဳးသားႀကီးတစ္ဦးမွာ ၄င္း၏အသက္ (၂၅) ႏွစ္ဝန္းက်င္ အရြယ္ ၁၉၇၅ ခုႏွစ္ ဧၿပီလ (၂)ရက္ေန႔တြင္ ရန္ကုန္ရိွ စိတ္က်န္းမာေရးေဆးရံုႀကီးသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ၿပီး ပုဒ္မ ၄၆၆ ( ျပစ္မႈက်ဴးလြန္ေနစဥ္ စိတ္ေဝဒနာခံစားေနရမႈရွိ/မရွိ) ျဖင့္ စစ္ေဆးခံေနရျခင္းျဖစ္ကာ (၆) လတစ္ႀကိမ္ စစ္ေဆးမႈ (၁၂) ႀကိမ္ ျပဳလုပ္တိုင္း ေအာင္ျမင္ျခင္းမရိွသျဖင့္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ စစ္ေဆးခံေနရဆဲ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္ရပ္မွာ စိတ္ေဝဒနာရွင္တစ္ဦးအျဖစ္ စိတ္က်န္းမာေရးေဆးရံုဆင္းလက္မွတ္ရွိသည့္တုိင္ ျပစ္မႈက်ဴးလြန္ထားသျဖင့္ စစ္ေဆးမႈခံယူေနရသူမ်ားအနက္ အမႈစစ္ေဆးခ်ိန္ အၾကာျမင့္ဆံုးထဲမွ တစ္မႈျဖစ္ေၾကာင္း သိရသည္။
“သာမန္လူတစ္ဦးျပစ္မႈက်ဴးလြန္ရင္ ဥပေဒက ခ်မွတ္တဲ့ျပစ္ဒဏ္ ဘယ္ႏွစ္ႏွစ္ဆိုတာကို တရားရံုးက ခ်မွတ္လိုက္တဲ့အတုိင္း ျပစ္ဒဏ္ခံစားရမယ္။ အဲဒီႏွစ္ေတြျပည့္ရင္ သာမန္လူတစ္ဦးအျဖစ္နဲ႔ ေလာကမွာ ဆက္ေနေနလို႔ရတယ္။ စိတ္ေဝဒနာရွင္ကေတာ ့အဲဒီလိုမဟုတ္ဘူး (၆) လတစ္ႀကိမ္ စစ္ေဆးခံရမယ္။ အဲဒီလိုစစ္ေဆးမႈ (ဆက္တုိက္) (၁၂) ႀကိမ္တိတိ ( ၆ ႏွစ္တိတိ) ေအာင္ျမင္ရမယ္။ အဲဒါမွ သာမန္ လူျဖစ္မယ္။ အဲဒီ (၁၂) ႀကိမ္ထဲမွာ က်ရံႈးခဲ့ရင္ အစက ျပန္စရမယ္ဆိုေတာ့ စိတ္က်န္းမာေရး ေဆးရံုဆင္း လက္မွတ္( အရပ္အေခၚ အရူးလက္မွတ္) ရွိတဲ့သူက အမႈက်ဴးလြန္ရင္ ခံစားရတာ ပိုတယ္”ဟု စိတ္က်န္းမာေရးေဆးရံုႀကီး (ရန္ကုန္)မွ ကထိကတစ္ဦးျဖစ္သူ ေဒါက္တာ သက္ေဇာ္က ေျပာသည္။
စိတ္က်န္းမာေရးဟူသည္ ကမၻာအႏွံ႔တြင္ တည္ရွိေနသည့္ ေဝဒနာတစ္ရပ္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္လည္း တစ္စ တစ္စျဖင့္တိုးပြားလာသည့္ လူသိနည္းေသာ ေဝဒနာတစ္ရပ္ျဖစ္ေၾကာင္း သိရသည္။
ဥပမာအားျဖင့္ တစ္ႏိုင္ငံလံုးတြင္ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕တြင္သာ စိတ္က်န္းမာေရးကုသမႈေဆးရံုႀကီး တစ္ခုစီ ရွိၿပီး ၂၀၁၁ ခုႏွစ္တစ္ႏွစ္လံုးတြင္ ရန္ကုန္စိတ္က်န္းမာေရးေဆးရံုႀကီး၌ လူနာဦးေရ (၇၀၀) ေက်ာ္သာရွိခဲ့ေသာ္လည္း ၂၀၁၇ ခုႏွစ္တြင္ လူနာဦးေရ (၁၆၀၀) ေက်ာ္အထိတိုးပြားလာေနျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ေတြ႔ရမ်ားေသာ စိတ္ပိုင္းဆိုင္ရာေဝဒနာမ်ားအား ေဒသတစ္ခုအတြင္း ေကာက္ယူထားသည့္ စစ္တမ္း တစ္ခုအရ လူဦးေရ (၁၀၀၀) တြင္ စိုးရိမ္စိတ္လြန္ေဝဒနာ (၄၁) ေယာက္၊ အရက္အလြဲသံုးေဝဒနာ (၂၃) ေယာက္၊ စိတ္က်ေဝဒနာ( ၅.၇) ေယာက္၊ စိတ္ေဖာက္ျပန္သည့္ေဝဒနာ (၅.၅)ေယာက္ႏွင့္ ဥာဏ္ရည္ခ်ိဳ႕တဲ့ျခင္း (၅.၃) ေယာက္ခန္႔ရွိေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ က်န္းမာေရးဘက္ဂ်က္အတြင္းမွ (၀.၃) ရာခိုင္ႏႈန္းကိုသာ စိတ္က်န္းမာေရးဆိုင္ရာကုသ ေစာင့္ေရွာက္မႈမ်ားအတြက္ အသံုးျပဳေနရၿပီး စိတ္က်န္းမာေရးဆိုင္ရာဆရာဝန္ဦးေရမွာ တစ္ႏိုင္ငံလံုးတြင္ (၁၀၀) ေက်ာ္ခန္႔ရိွရာ ျပည္နယ္ႏွင့္တိုင္း (၁၄) ခုအတြက္ (၁၁) ဦးသာရွိေၾကာင္း သိရသည္။
စိတ္က်န္းမာေရးဆိုင္ရာေဝဒနာခံစားေနရသူမ်ားအတြက္ ေဆးဘက္ဆိုင္ရာအေထာက္အပံ့၊ လူမႈေရးဆိုင္ရာ အေထာက္အပံ့မ်ားႏွင့္ စိတ္ပိုင္းဆိုင္ရာအေထာက္အပံ့မ်ားလည္း လိုအပ္သည္ျဖစ္ရာ စိတ္ေဝဒနာရွင္မ်ား၏ လြတ္လပ္ခြင့္၊ အခြင့္အေရးမ်ားႏွင့္ ၄င္းတို႔အတြက္ တရားမ်ွတမႈမ်ား၊ ဂုဏ္သိကၡာမ်ားလည္း ရရွိရန္ လိုအပ္ေနေသးသည္ဟု စိတ္က်န္းမာေရးကုသသည့္ပညာရွင္မ်ားက ေထာက္ျပသည္။
ထို႔ျပင္ အမ်ားျပည္သူအၾကား လြဲမွားစြာခံယူေနသည့္ အရူးလက္မွတ္( စိတ္က်န္းမာေရး ေဆးရံုဆင္း လက္မွတ္) ဆိုသည္မွာ ေဆးကုသမႈမွတ္တမ္းတစ္ခုသာျဖစ္ၿပီး ၄င္းလက္မွတ္ကိုင္ေဆာင္ထားသူသည္ ရာဇဝတ္မႈက်ဴးလြန္ ပါက သာမန္လူက်ဴးလြန္ျခင္းထက္ ပိုမိုတင္းက်ပ္ၾကာျမင့္သည့္ စစ္ေဆးမႈမ်ားကို ခံယူရမည္ ဟူသည့္ မွန္ကန္သည့္အေတြးအေခၚမ်ားကို အသိပညာေပးမွ်ေဝႏိုင္ရန္လည္း လိုအပ္ခ်က္ ရွိေနဆဲပင္ျဖစ္ေၾကာင္းလည္း ဆိုသည္။
ထို႔အတူ ေဆးရံုဆင္း လူနာမ်ား၏ ေနာက္ပိုင္းအျဖစ္အပ်က္မ်ားကို လိုက္လံစံုစမ္း ကုသမႈေပးႏိုင္သည့္ ဝန္ထမ္းအေရအတြက္ နည္းပါးေနျခင္းမွာလည္း လိုအပ္ခ်က္တစ္ခုပင္ျဖစ္ေနသည္ဟု ဆိုသည္။
စိတ္က်န္းမာေရးေဝဒနာရွင္မ်ား မ်ားျပားလာျခင္းသည္ ပညာေရး၊ စီးပြားေရး၊ လူမႈေရးဆိုင္ရာကိစၥမ်ားတြင္ အရည္အေသြးက်ဆင္းလာၿပီး တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္၏ GDP ကို က်ဆင္းလာေစျခင္းပင္ျဖစ္သည့္ အတြက္ စိတ္က်န္းမာေရး ဆိုင္ရာလုပ္ေဆာင္ခ်က္မ်ားအတြက္ လိုအပ္ေနသည့္ ဘတ္ဂ်က္၊ အရည္ အေသြးမီ ကၽြမ္းက်င္ဆရာဝန္မ်ား၊ စိတ္က်န္းမာေရးဆိုင္ရာသိေကာင္းစရာ ပညာေပး ေဟာေျပာမႈမ်ားကို ျဖည့္တင္း ေဆာင္ရြက္သင့္သည္ဟု စိတ္က်န္းမာေရးဆုိင္ရာ ကုသေပးေနသည့္ ကၽြမ္းက်င္ ပညာရွင္မ်ားက သံုးသပ္ထားသည္။
ေဆာင္းပါးရွင္ - ေနၿဖိဳးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ထိုစဉ် ခပ်ဝဝ၊ အရပ်မြင့်မြင့် အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်ကို မြင်လိုက်ရသောအခါ ငေးကြည့်နေသည့် လူငယ်၏ မျက်ဝန်းအစုံ အရောင်ပြောင်းသွားပြီး ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် ချလိုက်သည့် အပြုံးဖြင့် ခေါင်းတစ်ညိတ်ညိတ် အမူအရာသို့ ရုတ်ချည်းပြောင်းလဲသွားသည်။
လူငယ်က အဆိုပါ အမျိုးသား၏ ဘယ်ဖက်ပါးပြင်ကို အားပါပါဖြင့် ရုတ်တရက် ရိုက်ချလိုက်ရာ ပါးရိုက်ခံရသူ အမျိုးသားမှာ ဒေါသထွက်သွားပြီး မေးမြန်းလိုက်သည်။
ပါးရိုက်သည့် လူငယ်မှာ ဘာမှမပြော၎င်း၏ ဘယ်ဖက်လက်ဖြင့်ကိုင်ကာ ခန္ဓာကိုယ်နောက်တွင် ကွယ်ထားသော စာရွက်တစ်ရွက်ကို ထုတ်ပြလိုက်သည်။ အဆိုပါစာရွက်မှာ မင်္ဂလာဆောင် ဖိတ်စာအိတ်အရွယ် ဆင်စွယ်ရောင်စာရွက်တွင် စာလုံးကြီးကြီးဖြင့် “ အရူးလက်မှတ် ” ဟု ရေးသားထားခြင်းဖြစ်သည်။
ပါးရိုက်ခံရသူလည်း ဒေါသထွက်သည့် အမူအရာဖြင့် ငြီးတွားရေရွတ်ကာ ထိုလူငယ်အား ဘာမှ ပြန်မပြောတော့ဘဲ ထွက်သွားလေသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယပတ်လောက်က ကျွန်တော်ကြည့်မိခဲ့သည့် လူမှုကွန်ရက်မှ ဟာသဗွီဒီယို တစ်ပုဒ်တွင် မြင်တွေ့ရသည့် ရိုက်ကွက်တစ်ခုပင်ဖြစ်သည်။
တစ်စုံတစ်ခုသော အကြောင်းအရာကို ဂဃနဏ မစဉ်းစား၊ မတွေးခေါ်၊ မလေ့လာကြဘဲ မျက်စိဇွတ်မှိတ် ယုံကြည်ကြသည့် အလေ့အထကို ပြောလေ့ရှိသည့်စကားတစ်ခွန်းမှာ “နားတစ်ဖက်ပေါက်”ဟူသည့် စကားရပ် ဖြစ်သည်။
ယခုနှစ်အတွင်း နာမည်ကြီးလာသည့် နားတစ်ဖက်ပေါက် စကားရပ်မှာ အရူးလက်မှတ် ဆိုသည့် စကားလုံးပင် ဖြစ်သည်။
ထိုလက်မှတ်နှင့် ပတ်သက်သည့် အကြောင်းအရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်အား မီးလောင်စေသည့် အရာဖြင့် ပစ်ခဲ့သည့် အမျိုးသားအား စစ်ဆေးရာ၎င်းသည် ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)တွင် ဆေးကုမှုခံယူခဲ့ဖူးသည့် မှတ်တမ်းစာအုပ်ကို တွေ့ရှိရသည် ဟူသော သတင်းစကားမှစ၍ အရူးလက်မှတ်ဆိုသည်ကို ပေါ်ပင် စကားတစ်ခုအလား အလွယ်တကူ သုံးစွဲလာကြခြင်း ဖြစ်သည်။
အရူးလက်မှတ်ဟု အလွယ်တကူသုံးစွဲနေသည့် စိတ်ကျန်းမာရေးဆေးရုံကြီးမှ ဆေးရုံဆင်းစာအုပ်ရှိလျှင် မည်သည့် ပြစ်မှုကို ကျူးလွန်သည်ဖြစ်စေ အရေးယူခြင်း မခံရနိုင်ဟူသည့် အတွေးအခေါ်မှာလည်း သုံးစက္ကန့်လျှင် မြန်မာနိုင်ငံ တစ်ပတ်ပြည့်အောင် ပြန့်ပွားနေသည့် အမှားစကားများအကြား ရေပန်း အစားဆုံးဖြစ်ခဲ့ရပြီး ရုပ်ပြောင်ရိုက်ကွက်များ၊ ရုပ်ပြောင် ကာတွန်းများ နှင့်အတူ ခနဲ့တဲ့တဲ့ စာသားများကိုလည်း ထင်ပေါ်စွာသုံးစွဲ ခဲ့ကြခြင်းဖြစ်သည်။
“အဲဒီလိုပြောလို့ ကျွန်မအဖမ်းခံရမှာကို မစိုးရိမ်ပါနဲ့။ ကျွန်မမှာ အရူးလက်မှတ်ရှိတယ်” ဟု တိုင်းသိပြည်သိ စင်ပေါ်တက်ကာ မိုက်ဖြင့်ပြောသူများရှိသလို၊ “ပန်းရောင်အင်္ကျီဝတ်မလာနဲ့နော်၊ လက်မှတ်တော့ယူခဲ့” ဟူ၍ ရပ်သိရွာသိ ပေါ်ပေါ်တင်တင်စနောက်လာကြသည်အထိ အရူးလက်မှတ် ဟူသည့် အသုံးအနှုန်းသည် အဆင့်အတန်းအမျိုးမျိုးကြား နည်းအဖုံဖုံဖြင့် ခေတ်စားလာသည်ကိုတွေ့ရသည်။
တစ်ကယ်တော့ လူတွေထင်ထား ယူဆထားကြသလို အရူးလက်မှတ်ဟု ပြောဆိုနကြေသည့် စိတ်ကျန်းမာရေး ဆေးရုံဆင်းစာအုပ်သည် ယင်းကဲ့သို့ အဓိပ္ပါယ်သက်ရောက်ခြင်း မရှိပေ။
“အရူးလက်မှတ်ဆိုပြီး သုံးနှုန်းပြောဆိုနကြေတာက မှားပါတယ်။ တကယ်တော့ စိတ်ကျန်းမာရေး ဆေးရုံဆင်း လက်မှတ်လို့ပဲ ခေါ်ရမှာပေါ့။ ဒါပေမဲ့ စိတ်ရောဂါဆိုတာမျိုးက တစ်ခါဖြစ်ပြီးတိုင်း တစ်သက်လုံး ဖြစ်နေမယ့်ဟာမျိုး မဟုတ်ဘူး။ ပြီးတော့ အဲဒီဆေးရုံဆင်းလက်မှတ်ကလည်း ဆေးရုံမှာ လာပြဖူးတဲ့ အထောက်အထားတစ်ခုအဖြစ်ပဲ အကျုံးဝင်တယ်” ဟု စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ စိတ်ကျန်းမာရေးကုသမှုဌာနက ဌာနမှူး ပါမောက္ခ ဒေါက်တာတင်ဦး ( ဆေးတက္ကသိုလ် - ၁ ) က ရှင်းပြသည်။
ယင်းအပြင် စိတ်ကျန်းမာရေး ဝေဒနာရှင်တစ်ဦးက ပြစ်မှုကျူးလွန်ပါက ပြစ်မှုကျူးလွန်နေစဉ်ကာလအတွင်း ဝေဖန်ပိုင်းခြားနိုင်သည့် အသိစိတ်ရှိ/မရှိ၊ စိတ်ဝေဒနာအခြေအနေပေါ်မူတည်၍ အရေးယူခံရမည်ဖြစ်သည်။
ပြစ်မှုကျူးလွန်စဉ်အချိန်တွင် အမှန်/အမှားကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိစိတ်မရှိဘဲ စိတ်ကစဉ့်ကလျား အခြေအနဖြေင့် ကျူးလွန်ခြင်း ဟုတ်/မဟုတ်ကို စိတ်ကျန်းမာရေးကုသသည့်ကျွမ်းကျင်သူများမှ နည်းစနစ် တကျ စစ်ဆေးလေ့ရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူသည် ကျူးလွန်စဉ်အခါက စိတ်ဝေဒနာခံစားနေရပြီး အမှန်/အမှား မခွဲခြားနိုင်သည့် အခြေအနေ တစ်ရပ်တွင်ဖြစ်ပါက၎င်းအား စိတ်ကျန်းမာရေးဆေးရုံတွင် ထားရှိစောင့်ရှောက်ကာ စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးပုံမှာ ဘုတ်အဖွဲ့ဝင်များဖွဲ့စည်းထားသည့် စိတ်ကျန်းမာရေး ကုသမှု ပညာရှင်များက (၆) လလျှင်တစ်ကြိမ် စစ်ဆေးမှုပေါင်း (၁၂)ကြိမ်ဖြင့် စစ်ဆေးလေ့ရှိကြောင်း သိရသည်။
စစ်ဆေးနေစဉ် ကာလအတွင်း ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာကုသမှုများကို ပြုလုပ်နေမည် ဖြစ်သော်လည်း၎င်းမှာ ဆေးရုံမှ ထွက်ခွာခွင့်ရမည် မဟုတ်သလို၎င်း၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအရ သီးသန့် ခွဲထားသင့်လျှင် ခွဲထားလေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် အရပ်စကားပြောနကြေသည့် အရူးလက်မှတ်ဖြင့် ပြစ်မှုကျူးလွန်ပါက ဥပဒေအရ အရေးယူခံရမှု ကင်းလွတ်ခွင့်ရှိမည် မဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ၁၉၉၂ ခုနှစ်တွင် ကောက်ယူထားသည့် ICD 10 ( International Classification of Dieseas 10) အရ စိတ်ကျန်းမာရေးဝေဒနာအမျိုးအစားပေါင်း (၁၀၀) ကျော်ရှိနပြေီး ၁၉၉၄ ခုနှစ်တွင် ကောက်ယူထားသည့် DSM IV ( Diagnostic and Statistical of Mental Disorders ) အရ စိတ်ကျန်းမာရေးဝေဒနာ အမျိုးအစားပေါင်း (၃၀၀) ကျော်ရှိနေသည်ဟု သိရသည်။
သို့သော် မြန်မာနိုင်ငံ၌ စိတ်ကျန်းမာရေးဝေဒနာခံစားနေရသည့် စာရင်းအရေအတွက်ကို အချက်အလက်ရယူ တင်ပြထားခြင်း မရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများမှ ထောက်ပံ့မှုကို မရရှိနိုင်သေးဘဲ တိတ်တဆိတ်သာ ခံစားရပ်တည်နေရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ပိုင်းဆိုင်ရာ ဝေဒနာဟု ဆိုလိုက်လျှင် ရေသန့်ဘူးများကို ကြိုးဖြင့်သီဆွဲကာ ယပ်တောင်များ၊ ကြွပ်ကြွပ်အိတ်များဖြင့် လမ်းလယ်ခေါင်တွင် ပေတိပေစုတ်လျှောက်သွားနကြေသူများကိုသာ ပြေးမြင်မိမည်ဖြစ်သော်လည်း အမှန်တကယ်စိတ်ဝေဒနာဟူသည်မှာ ထိုထက်ပိုကျယ်ပြန့်သည်ဟု စိတ်ကျန်းမာရေးကုသသည့် ပညာရှင်များက ဆိုသည်။
ကလေးသူငယ်၊ လူငယ်ဘဝစိတ်ပိုင်းဆိုင်ရာဝေဒနာများ၊ ဉာဏ်ရည်ချို့တဲ့ခြင်းအမျိုးမျိုး၊ မူးယစ်ဆေးနှင့် အရက်စွဲ ဝေဒနာများ၊ စိတ်ဖောက်ပြန်သည့်ဝေဒနာအမျိုးမျိုး၊ စိတ်ကြွ၊စိတ်ကျ ဝေဒနာအမျိုးမျိုး၊ စိုးရိမ်စိတ်လွန် ဝေဒနာအမျိုးမျိုး၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာဝေဒနာအမျိုးမျိုး နှင့် အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာအမျိုးမျိုးလည်း ရှိနခြေင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်၍ ထိန်းသိမ်းစစ်ဆေးခံနေရသည့် စိတ်ဝေဒနာရှင်များမှာ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးတွင် (၃၃) ဦးရှိသည့်အနက် (၆) ဦးမှာ ပြစ်မှုကျူးလွန်စဉ် စိတ်ဝေဒနာရှိ/မရှိ ဟူသည့် ပုဒ်မ ၄၆၆ ဖြင့် စစ်ဆေးခံနေရခြင်းဖြစ်ကာ (၁၇) ဦးမှာ ကျူးလွန်ထားသည့်ပြစ်မှုမှ တရားသဖြေင့် လွတ်ပြီး စိတ်ကျန်းမာရေးအခြေအနေကိုစစ်ဆေးခံနေရသည့် ပုဒ်မ ၄၇၁ ဖြင့် ရင်ဆိုင်နေရသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများတွင် ဦးရွှမြေချေဟူသည့် အမျိုးသားကြီးတစ်ဦးမှာ ၄င်း၏အသက် (၂၅) နှစ်ဝန်းကျင် အရွယ် ၁၉၇၅ ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် ရန်ကုန်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၄၆၆ ( ပြစ်မှုကျူးလွန်နေစဉ် စိတ်ဝေဒနာခံစားနေရမှုရှိ/မရှိ) ဖြင့် စစ်ဆေးခံနေရခြင်းဖြစ်ကာ (၆) လတစ်ကြိမ် စစ်ဆေးမှု (၁၂) ကြိမ် ပြုလုပ်တိုင်း အောင်မြင်ခြင်းမရှိသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဆေးခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်မှာ စိတ်ဝေဒနာရှင်တစ်ဦးအဖြစ် စိတ်ကျန်းမာရေးဆေးရုံဆင်းလက်မှတ်ရှိသည့်တိုင် ပြစ်မှုကျူးလွန်ထားသဖြင့် စစ်ဆေးမှုခံယူနေရသူများအနက် အမှုစစ်ဆေးချိန် အကြာမြင့်ဆုံးထဲမှ တစ်မှုဖြစ်ကြောင်း သိရသည်။
“သာမန်လူတစ်ဦးပြစ်မှုကျူးလွန်ရင် ဥပဒေက ချမှတ်တဲ့ပြစ်ဒဏ် ဘယ်နှစ်နှစ်ဆိုတာကို တရားရုံးက ချမှတ်လိုက်တဲ့အတိုင်း ပြစ်ဒဏ်ခံစားရမယ်။ အဲဒီနှစ်တွပြေည့်ရင် သာမန်လူတစ်ဦးအဖြစ်နဲ့ လောကမှာ ဆက်နေနေလို့ရတယ်။ စိတ်ဝေဒနာရှင်ကတော့အဲဒီလိုမဟုတ်ဘူး (၆) လတစ်ကြိမ် စစ်ဆေးခံရမယ်။ အဲဒီလိုစစ်ဆေးမှု (ဆက်တိုက်) (၁၂) ကြိမ်တိတိ ( ၆ နှစ်တိတိ) အောင်မြင်ရမယ်။ အဲဒါမှ သာမန် လူဖြစ်မယ်။ အဲဒီ (၁၂) ကြိမ်ထဲမှာ ကျရှုံးခဲ့ရင် အစက ပြန်စရမယ်ဆိုတော့ စိတ်ကျန်းမာရေး ဆေးရုံဆင်း လက်မှတ်( အရပ်အခေါ် အရူးလက်မှတ်) ရှိတဲ့သူက အမှုကျူးလွန်ရင် ခံစားရတာ ပိုတယ်”ဟု စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာ သက်ဇော်က ပြောသည်။
စိတ်ကျန်းမာရေးဟူသည် ကမ္ဘာအနှံ့တွင် တည်ရှိနေသည့် ဝေဒနာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တစ်စ တစ်စဖြင့်တိုးပွားလာသည့် လူသိနည်းသော ဝေဒနာတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ဥပမာအားဖြင့် တစ်နိုင်ငံလုံးတွင် ရန်ကုန်နှင့် မန္တလေးမြို့တွင်သာ စိတ်ကျန်းမာရေးကုသမှုဆေးရုံကြီး တစ်ခုစီ ရှိပြီး ၂၀၁၁ ခုနှစ်တစ်နှစ်လုံးတွင် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၌ လူနာဦးရေ (၇၀၀) ကျော်သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် လူနာဦးရေ (၁၆၀၀) ကျော်အထိတိုးပွားလာနခြေင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တွေ့ရများသော စိတ်ပိုင်းဆိုင်ရာဝေဒနာများအား ဒေသတစ်ခုအတွင်း ကောက်ယူထားသည့် စစ်တမ်း တစ်ခုအရ လူဦးရေ (၁၀၀၀) တွင် စိုးရိမ်စိတ်လွန်ဝေဒနာ (၄၁) ယောက်၊ အရက်အလွဲသုံးဝေဒနာ (၂၃) ယောက်၊ စိတ်ကျဝေဒနာ( ၅.၇) ယောက်၊ စိတ်ဖောက်ပြန်သည့်ဝေဒနာ (၅.၅)ယောက်နှင့် ဉါဏ်ရည်ချို့တဲ့ခြင်း (၅.၃) ယောက်ခန့်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးဘက်ဂျက်အတွင်းမှ (ဝ.၃) ရာခိုင်နှုန်းကိုသာ စိတ်ကျန်းမာရေးဆိုင်ရာကုသ စောင့်ရှောက်မှုများအတွက် အသုံးပြုနေရပြီး စိတ်ကျန်းမာရေးဆိုင်ရာဆရာဝန်ဦးရေမှာ တစ်နိုင်ငံလုံးတွင် (၁၀၀) ကျော်ခန့်ရှိရာ ပြည်နယ်နှင့်တိုင်း (၁၄) ခုအတွက် (၁၁) ဦးသာရှိကြောင်း သိရသည်။
စိတ်ကျန်းမာရေးဆိုင်ရာဝေဒနာခံစားနေရသူများအတွက် ဆေးဘက်ဆိုင်ရာအထောက်အပံ့၊ လူမှုရေးဆိုင်ရာ အထောက်အပံ့များနှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များလည်း လိုအပ်သည်ဖြစ်ရာ စိတ်ဝေဒနာရှင်များ၏ လွတ်လပ်ခွင့်၊ အခွင့်အရေးများနှင့် ၄င်းတို့အတွက် တရားမျှတမှုများ၊ ဂုဏ်သိက္ခါများလည်း ရရှိရန် လိုအပ်နေသေးသည်ဟု စိတ်ကျန်းမာရေးကုသသည့်ပညာရှင်များက ထောက်ပြသည်။
ထို့ပြင် အများပြည်သူအကြား လွဲမှားစွာခံယူနေသည့် အရူးလက်မှတ်( စိတ်ကျန်းမာရေး ဆေးရုံဆင်း လက်မှတ်) ဆိုသည်မှာ ဆေးကုသမှုမှတ်တမ်းတစ်ခုသာဖြစ်ပြီး ၄င်းလက်မှတ်ကိုင်ဆောင်ထားသူသည် ရာဇဝတ်မှုကျူးလွန် ပါက သာမန်လူကျူးလွန်ခြင်းထက် ပိုမိုတင်းကျပ်ကြာမြင့်သည့် စစ်ဆေးမှုများကို ခံယူရမည် ဟူသည့် မှန်ကန်သည့်အတွေးအခေါ်များကို အသိပညာပေးမျှဝေနိုင်ရန်လည်း လိုအပ်ချက် ရှိနေဆဲပင်ဖြစ်ကြောင်းလည်း ဆိုသည်။
ထို့အတူ ဆေးရုံဆင်း လူနာများ၏ နောက်ပိုင်းအဖြစ်အပျက်များကို လိုက်လံစုံစမ်း ကုသမှုပေးနိုင်သည့် ဝန်ထမ်းအရေအတွက် နည်းပါးနခြေင်းမှာလည်း လိုအပ်ချက်တစ်ခုပင်ဖြစ်နေသည်ဟု ဆိုသည်။
စိတ်ကျန်းမာရေးဝေဒနာရှင်များ များပြားလာခြင်းသည် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စများတွင် အရည်အသွေးကျဆင်းလာပြီး တစ်နည်းအားဖြင့် နိုင်ငံတော်၏ GDP ကို ကျဆင်းလာစခြေင်းပင်ဖြစ်သည့် အတွက် စိတ်ကျန်းမာရေး ဆိုင်ရာလုပ်ဆောင်ချက်များအတွက် လိုအပ်နေသည့် ဘတ်ဂျက်၊ အရည် အသွေးမီ ကျွမ်းကျင်ဆရာဝန်များ၊ စိတ်ကျန်းမာရေးဆိုင်ရာသိကောင်းစရာ ပညာပေး ဟောပြောမှုများကို ဖြည့်တင်း ဆောင်ရွက်သင့်သည်ဟု စိတ်ကျန်းမာရေးဆိုင်ရာ ကုသပေးနေသည့် ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားသည်။
ဆောင်းပါးရှင် - နဖြေိုးမြင့်