လားရႈိးတြင္ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းသူမ်ားအား အသိပညာေပး

လားရႈိးတြင္ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းသူမ်ားအား အသိပညာေပး
မတ် 22, 2018
By Tachileik News Agency

လားရႈိးၿမိဳ႕တြင္ ယာဥ္/လမ္းစည္ကမ္းႏွင့္ ပတ္သက္၍ ဆိုင္ကယ္စီးသူမ်ားအား ေရွာင္တခင္ စစ္ေဆးမႈမ်ားႏွင့္ အတူ အသိပညာေပးမႈမ်ား အျဖစ္ ႏွစ္ရက္တိတိ ျပဳလုပ္ရာတြင္ ဆိုင္ကယ္စီးဦးထုပ္ မေဆာင္းလာသည့္ ဆိုင္ကယ္စီးသူမ်ားအား  စစ္ေဆးကာ အသိပညာေပးေၾကာင္း သိရသည္။

"ယာဥ္စည္းကမ္း လမ္းစည္းကမ္းနဲ႔အညီ စီးနင္း/ေမာင္းႏွင္လာတာ မဟုတ္တဲ့သူေတြကို တားၿပီးေတာ့မွ စုတယ္၊ ၿပီးေတာ့မွ ပညာေပးေဟာေျပာတာ လုပ္တာျဖစ္ပါတယ္၊ အခုေလာေလာဆယ္ေတာ့ ဦးထုပ္မေဆာင္းတဲ့ သူေတြကိုပဲ တားၿပီး ပညာေပးလုပ္ေနတာျဖစ္ပါတယ္” ဟု အမွတ္(၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု၊ လားရိႈးၿမိဳ႕ မွ ဒုရဲမွဴးေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရႈိးၿမိဳ႕တြင္း လမ္းမ်ားေပၚတြင္ ေမာင္းႏွင္စီးနင္းေနသည့္ ဆိုင္ကယ္မ်ား၌ ပါဝါအိတ္ေဇာ/ ဆူညံသံ အိတ္ေဇာမ်ား တပ္ဆင္ေမာင္းႏွင္ျခင္းႏွင့္ ဆိုင္ကယ္စီး ဦးထုပ္မပါဘဲ ဆိုင္ကယ္ေမာင္းႏွင္/ စီးနင္းျခင္း တို႔အား ရုတ္တရက္ ေရွာင္တခင္တားျမစ္ကာ ပညာေပးေဟာေျပာမႈကို မတ္လ (၂၁)ရက္ေန႔ ႏွင့္ (၂၂)ရက္ေန႔တို႔တြင္ (၂)ရက္ဆက္တိုက္  ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ ပါဝါအိတ္ေဇာတပ္ၿပီး စီးတာတို႔၊ အိတ္ေဇာျဖဳတ္ၿပီးစီးတာေတြကို တားျမစ္ ပညာေပးမယ္၊ ေနာက္ပိုင္းမွာ အေရးယူဖို႔ လုပ္မယ္ေပ့ါ၊ အခု (၂)ရက္အတြင္းမွာေတာ့ ပါဝါအိတ္ေဇာ တပ္ဆင္ စီးနင္းတာကို ပညာေပးလုပ္ေနတုန္းမွာေတာ့ မေတြ႔ရေသးဘူး” ဟု ဒုရဲမွဴးေက်ာ္ခိုင္က ေျပာသည္။

လားရႈိးၿမိဳ႕တြင္ ဆိုင္ကယ္မ်ားအား အသိပညာေပးသကဲ့သို႔ ညပိုင္းတြင္ ဆူညံစြာ ေမာင္းေနၾကသည့္ ၿပိဳင္ကားမ်ားကိုလည္း အေရးယူေပးေစလိုေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

"ဆိုင္ကယ္စီးသူေတြအတြက္ အခုလို အသိပညာေပးလုပ္ေပးသလို လားရိႈးၿမိဳ႕မွာ ညတိုင္း ဆူညံ ေသာင္းက်န္းေနတဲ့ ၿပိဳင္ကားေတြကိုလည္း အေရးယူေပးေစလိုပါတယ္၊" ဟု လားရိႈးၿမိဳ႕ ရပ္ကြက္ (၁၂)တြင္ေနထိုင္သူ ေဒသခံတစ္ဦးက ေျပာသည္။

ဆက္လက္၍ မတ္လ(၂၃)ရက္ေန႔တြင္လည္း လားရႈိးၿမိဳ႕ျပင္ကား၀န္း (နားမေခၚကားဝန္း)အနီးတြင္ ေမာ္ေတာ္ယာဥ္ ယာဥ္ေမာင္းမ်ားအတြက္ သတ္မွတ္ယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္ထားမႈရွိမရွိအား ေရွာင္တခင္စစ္ေဆးမႈ ႏွင့္အတူ အသိ ပညာေပးေဟာေျပာမႈ ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း အမွတ္(၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး)မွ သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~


လားရှိုးမြို့တွင် ယာဉ်/လမ်းစည်ကမ်းနှင့် ပတ်သက်၍ ဆိုင်ကယ်စီးသူများအား ရှောင်တခင် စစ်ဆေးမှုများနှင့် အတူ အသိပညာပေးမှုများ အဖြစ် နှစ်ရက်တိတိ ပြုလုပ်ရာတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းလာသည့် ဆိုင်ကယ်စီးသူများအား စစ်ဆေးကာ အသိပညာပေးကြောင်း သိရသည်။

"ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ စီးနင်း/မောင်းနှင်လာတာ မဟုတ်တဲ့သူတွေကို တားပြီးတော့မှ စုတယ်၊ ပြီးတော့မှ ပညာပေးဟောပြောတာ လုပ်တာဖြစ်ပါတယ်၊ အခုလောလောဆယ်တော့ ဦးထုပ်မဆောင်းတဲ့ သူတွေကိုပဲ တားပြီး ပညာပေးလုပ်နေတာဖြစ်ပါတယ်” ဟု အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ လားရှိုးမြို့ မှ ဒုရဲမှူးကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့တွင်း လမ်းများပေါ်တွင် မောင်းနှင်စီးနင်းနေသည့် ဆိုင်ကယ်များ၌ ပါဝါအိတ်ဇော/ ဆူညံသံ အိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်မပါဘဲ ဆိုင်ကယ်မောင်းနှင်/ စီးနင်းခြင်း တို့အား ရုတ်တရက် ရှောင်တခင်တားမြစ်ကာ ပညာပေးဟောပြောမှုကို မတ်လ (၂၁)ရက်နေ့ နှင့် (၂၂)ရက်နေ့တို့တွင် (၂)ရက်ဆက်တိုက် ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ပါဝါအိတ်ဇောတပ်ပြီး စီးတာတို့၊ အိတ်ဇောဖြုတ်ပြီးစီးတာတွေကို တားမြစ် ပညာပေးမယ်၊ နောက်ပိုင်းမှာ အရေးယူဖို့ လုပ်မယ်ပေါ့၊ အခု (၂)ရက်အတွင်းမှာတော့ ပါဝါအိတ်ဇော တပ်ဆင် စီးနင်းတာကို ပညာပေးလုပ်နေတုန်းမှာတော့ မတွေ့ရသေးဘူး” ဟု ဒုရဲမှူးကျော်ခိုင်က ပြောသည်။

လားရှိုးမြို့တွင် ဆိုင်ကယ်များအား အသိပညာပေးသကဲ့သို့ ညပိုင်းတွင် ဆူညံစွာ မောင်းနကြေသည့် ပြိုင်ကားများကိုလည်း အရေးယူပေးစေလိုကြောင်း ဒေသခံများက ဆိုကြသည်။

"ဆိုင်ကယ်စီးသူတွေအတွက် အခုလို အသိပညာပေးလုပ်ပေးသလို လားရှိုးမြို့မှာ ညတိုင်း ဆူညံ သောင်းကျန်းနေတဲ့ ပြိုင်ကားတွေကိုလည်း အရေးယူပေးစေလိုပါတယ်၊" ဟု လားရှိုးမြို့ ရပ်ကွက် (၁၂)တွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်၍ မတ်လ(၂၃)ရက်နေ့တွင်လည်း လားရှိုးမြို့ပြင်ကားဝန်း (နားမခေါ်ကားဝန်း)အနီးတွင် မော်တော်ယာဉ် ယာဉ်မောင်းများအတွက် သတ်မှတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားမှုရှိမရှိအား ရှောင်တခင်စစ်ဆေးမှု နှင့်အတူ အသိ ပညာပေးဟောပြောမှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)မှ သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~