လားရႈိးၿမိဳ႕နယ္အတြင္းသို႔ ေရာက္ရွိေနသည့္ နားဆိုင္းေက်းရြာအနီးပတ္၀န္းက်င္မွ စစ္ေဘးေရွာင္မ်ားအား ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာန (လားရိႈး)မွ အေရးေပၚစားနပ္ရိကၡာႏွင့္ အေျခခံပစၥည္း (၉)မ်ဳိးတို႔ကို မတ္လ(၂၂)ရက္ေန႔က ေထာက္ပံ့မႈေပးထားေၾကာင္း ႏွင့္ နားဆိုင္းေက်းရြာအနီးပတ္၀န္းက်င္မွ စစ္ေဘးေရွာင္အျဖစ္ ေရာက္ရွိေနသည့္ အိမ္ေထာင္စုမွာ (၁၈၁)စုရွိေၾကာင္း သိရသည္။
“နမၼတူၿမိဳ႕နယ္ နားဆိုင္းေက်းရြာအနီးတစ္ဝိုက္မွာ လက္နက္ကိုင္အဖြဲ႔ေတြ ထိေတြ႔မႈေတြျဖစ္ၿပီးေတာ့ လားရိႈးၿမိဳ႕ဘက္ကို စစ္ေဘးေရွာင္အျဖစ္ တိမ္းေရွာင္လာတဲ့တိုင္းရင္းသား ျပည္သူေတြကို အေရးေပၚ စားေသာက္ကုန္ နဲ႔ အေျခခံပစၥည္း (၉)မ်ိဳးကို ေထာက္ပံ့မႈေပးထားပါတယ္”ဟု ေဘးအႏၱရာယ္ ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ရွမ္းျပည္နယ္ ေျမာက္ပိုင္း(လားရိႈးၿမိဳ႕) မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းသိန္း က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။
နမၼတူၿမိဳ႕နယ္ နားဆိုင္းေက်းရြာအနီးတြင္ မတ္လ (၁၂)ရက္ေန႔က စတင္ျဖစ္ပြားခဲ့သည့္ TNLA တပ္ဖြဲ႔ႏွင့္ RCSS တပ္ဖြဲ႔တို႔အၾကား ရင္ဆိုင္တိုက္ပြဲမ်ားေၾကာင့္ နားဆိုင္းေက်းရြာႏွင့္ အနီးတစ္ဝိုက္ ေက်းရြာမ်ား ျဖစ္သည့္ လြယ္ေျပ ေက်းရြာ၊ လုပ္ေလ ေက်းရြာ တို႔မွ ေဒသခံမ်ားမွာ လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာ၊ လြယ္ေတာက္ေက်းရြာ၊ လားရိႈးၿမိဳ႕ေပၚရွိ ရပ္ကြက္ (၉)ကခ်င္ႏွစ္ျခင္းေက်ာင္း၊ ရပ္ကြက္ (၁)ကရင္ ႏွစ္ျခင္းေက်ာင္း၊ သာသနာ ၂၅၀၀ ေက်ာင္းတိုက္ ႏွင့္ ရက္ကြက္ (၁၁) ရွိ ရတနာမဥၨဴေက်ာင္းတိုက္ တို႔တြင္ အသီးသီးေရာက္ရွိလာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“လူဦးေရအလိုက္ေပါ့ ေထာက္ပံ့မႈေတြေပးၿပီးျဖစ္ပါတယ္၊ ေန႔စဥ္ေန႔တိုင္းလူဦးေရ စာရင္းကိုလည္း ေကာက္ယူ ၿပီးေတာ့ အသစ္ထပ္တိုးလာတာေတြကိုလည္း ေထာက္ပံ့မႈေပးပါတယ္၊ စာရင္းထဲမွာ (၁၀)စုပဲရွိေပမယ့္ ေျမျပင္ မွာ (၁၂)စုျဖစ္ေနရင္လည္း ပိုေနတာေတြကိုပါ အညီအမွ်ေထာက္ပံ့ေပးပါတယ္” ဟု ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းသိန္းက ေျပာသည္။
ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲ႔မႈဦးစီးဌာန အပါအဝင္ ဒိန္းမတ္လူမႈေရးအဖြဲ႔အစည္း၊ ကမၻာ့ကုလသမၼဂ ကေလးသူ ငယ္ေစာင့္ေရွာက္ေရး (UNICEF ) တို႔မွလည္း စစ္တမ္းေကာက္ယူျခင္းႏွင့္ ေထာက္ပံ့မႈ ေပးျခင္းတို႔ကို ျပဳလုပ္ ေပးခဲ့ေၾကာင္း ႏွင့္ လူတစ္ဦးလွ်င္ ဆန္ရိကၡာဖိုးအျဖစ္ (၂၁၀၀)က်ပ္ႏႈန္းျဖင့္ အိမ္ေထာင္စု (၁၅၇)စုအတြက္ ေထာက္ပံ့ေပးထားၿပီး ျဖစ္ကာ ထပ္တိုးလူဦးေရအတိုင္း ထပ္မံေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
နမ့္ခမ္း၊ ကြတ္ခိုင္၊ နမၼတူ၊ မန္တံု ၿမိဳ႕မ်ားရွိ စစ္ေဘးေရွာင္အိမ္ေထာင္စု (၁၄၆၈)စု မွ လူဦးေရ (၅၇၄)ဦး အတြက္ (၃)လတစ္ႀကိမ္ (၁၄ ရက္စာ ေထာက္ပံ့မႈ )ဆန္၊ ဆီ၊ ဆား၊ ပဲ စသည့္ အေရးေပၚ စားနပ္ရိကၡာမ်ားအတြက္ က်ပ္ သိန္း (၄၀၀)ေက်ာ္တန္ဖိုးရွိ ေထာက္ပံ့ပစၥည္းမ်ားကို မတ္လ (၁၅)ရက္ေန႔က ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အဖြဲ႔ဝင္မ်ား ႏွင့္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးအပါအဝင္ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ သြားေရာက္ ေထာက္ပံ့မႈေပးထားခဲ့ေၾကာင္း သိရွိရသည္။
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္
“နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအနီးတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့မှုတွဖြေစ်ပြီးတော့ လားရှိုးမြို့ဘက်ကို စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်လာတဲ့တိုင်းရင်းသား ပြည်သူတွေကို အရေးပေါ် စားသောက်ကုန် နဲ့ အခြေခံပစ္စည်း (၉)မျိုးကို ထောက်ပံ့မှုပေးထားပါတယ်”ဟု ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် မြောက်ပိုင်း(လားရှိုးမြို့) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်း က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအနီးတွင် မတ်လ (၁၂)ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် TNLA တပ်ဖွဲ့နှင့် RCSS တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများကြောင့် နားဆိုင်းကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများ ဖြစ်သည့် လွယ်ပြေ ကျေးရွာ၊ လုပ်လေ ကျေးရွာ တို့မှ ဒေသခံများမှာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာ၊ လွယ်တောက်ကျေးရွာ၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် (၉)ကချင်နှစ်ခြင်းကျောင်း၊ ရပ်ကွက် (၁)ကရင် နှစ်ခြင်းကျောင်း၊ သာသနာ ၂၅၀၀ ကျောင်းတိုက် နှင့် ရက်ကွက် (၁၁) ရှိ ရတနာမဉ္ဇူကျောင်းတိုက် တို့တွင် အသီးသီးရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။
“လူဦးရေအလိုက်ပေါ့ ထောက်ပံ့မှုတွေပေးပြီးဖြစ်ပါတယ်၊ နေ့စဉ်နေ့တိုင်းလူဦးရေ စာရင်းကိုလည်း ကောက်ယူ ပြီးတော့ အသစ်ထပ်တိုးလာတာတွေကိုလည်း ထောက်ပံ့မှုပေးပါတယ်၊ စာရင်းထဲမှာ (၁၀)စုပဲရှိပေမယ့် မြပြေင် မှာ (၁၂)စုဖြစ်နေရင်လည်း ပိုနေတာတွေကိုပါ အညီအမျှထောက်ပံ့ပေးပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန အပါအဝင် ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း၊ ကမ္ဘာ့ကုလသမ္မဂ ကလေးသူ ငယ်စောင့်ရှောက်ရေး (UNICEF ) တို့မှလည်း စစ်တမ်းကောက်ယူခြင်းနှင့် ထောက်ပံ့မှု ပေးခြင်းတို့ကို ပြုလုပ် ပေးခဲ့ကြောင်း နှင့် လူတစ်ဦးလျှင် ဆန်ရိက္ခါဖိုးအဖြစ် (၂၁၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၅၇)စုအတွက် ထောက်ပံ့ပေးထားပြီး ဖြစ်ကာ ထပ်တိုးလူဦးရေအတိုင်း ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ မြို့များရှိ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄၆၈)စု မှ လူဦးရေ (၅၇၄)ဦး အတွက် (၃)လတစ်ကြိမ် (၁၄ ရက်စာ ထောက်ပံ့မှု )ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အရေးပေါ် စားနပ်ရိက္ခါများအတွက် ကျပ် သိန်း (၄၀၀)ကျော်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို မတ်လ (၁၅)ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက် ထောက်ပံ့မှုပေးထားခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်