လားရႈိးၿမိဳ႕ နားမေခၚေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပးတြင္ အမွတ္(၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရႈိး)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ားက ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္သူမ်ားအား ယာဥ္ေမာင္းလိုင္စင္ ရွိ မရွိ ႏွင့္အတူ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး အသိပညာေပးမႈအား မတ္လ(၂၃)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“အဓိက က ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူေတြ လက္ရွိ ကိုင္ေဆာင္ထားတဲ့ ယာဥ္ေမာင္းလိုင္စင္ အမ်ိဳးအစားနဲ႔ လက္ရွိေမာင္းႏွင္ေနတဲ့ ယာဥ္နဲ႔ကိုက္ညီမႈ ရွိ မရွိဆိုတာကို သတိေပးတဲ့အေနနဲ႔ စစ္ေဆးတာပါ၊ ယာဥ္ေမာင္း လိုင္စင္မပါပဲ ေမာင္းႏွင္သူေတြ၊ သတ္မွတ္အဆင့္ လိုင္စင္ မကိုင္ေဆာင္ ထားပဲ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူေတြကို အသိပညာေပးၿပီး ျပန္လႊတ္ေပးတာျဖစ္ပါတယ္”ဟု အမွတ္ (၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး)မွ တပ္ဖြဲ႔စုေခါင္းေဆာင္ ဒုရဲမွဴးေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မတ္လ (၂၃)ရက္ေန႔ နံနက္ (၈)နာရီ၀န္းက်င္က ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေမာင္းႏွင္ေနသည့္ အိမ္စီးကားမ်ား၊ ခရီးသည္တင္ယာဥ္လိုင္းမ်ားႏွင့္ ကုန္တင္ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားအား ယာဥ္ႏွင့္ ယာဥ္ေမာင္းလိုင္စင္ ကိုက္ညီမႈ ရွိမရွိ ေရွာင္တခင္စစ္ေဆးခဲ့ျခင္း ျဖစ္ၿပီး ယာဥ္အစီးေရ (၁၀၀)ခန္႔မွ ယာဥ္ေမာင္းႏွင့္ခရီးသည္မ်ားအား လားရိႈးၿမိဳ႕အဝင္ နားမေခၚကားဝန္းေရွ႕၌ အသိပညာေပးေဟာေျပာမႈ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နံနက္ (၈)နာရီမွ (၉)နာရီအၾကား ျဖတ္သန္းေမာင္းႏွင္ေနသည့္ ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားတြင္ ယာဥ္ေမာင္း လိုင္စင္ မပါရွိျခင္း၊ သတ္မွတ္လိုင္စင္ႏွင့္ ကိုက္ညီမႈမရွိသည့္ ယာဥ္မ်ားကို ေမာင္းႏွင္ေနျခင္း တို႔အား အမွတ္(၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွ တပ္ဖြဲ႔ဝင္ (၁၄)ဦး၊ ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ေရးေကာ္မတီမွ ေကာ္မတီဝင္ (၅) ဦး တို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ပညာေပးစစ္ေဆးစဥ္အတြင္း ေတြ႔ရွိရသည့္ (ခ)လုိင္စင္ျဖင့္ ခရီးသည္တင္ ယာဥ္ေမာင္းႏွင္ေနသည့္ ယာဥ္ေမာင္း ႏွင့္ ၎ယာဥ္လိုင္းအား သတိေပးတားျမစ္မႈ ျပဳလုပ္သြားမည္ျဖစ္ၿပီး သတ္မွတ္လိုင္စင္မပါပဲ ခရီးသည္တင္ ယာဥ္ေမာင္းႏွင္မႈတို႔ကို ထပ္မံေတြ႔ရွိပါက အေရးယူသြားမည္ျဖစ္ေၾကာင္း ယာဥ္ထိန္း ရဲတပ္ဖြဲ႔စု ထံမွ သိရသည္။
အမွတ္(၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရႈိး)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ားက ပူးေပါင္းအဖြဲ႔ျဖင့္ မတ္လ(၂၁)ရက္ ႏွင့္ (၂၂)ရက္ေန႔မ်ားကလည္း ဆိုင္ကယ္စီးဦးထုပ္မေဆာင္းသူမ်ားအား အသိပညာေပးမႈ အျဖင့္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရွိရသည္။
သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္
“အဓိက က မော်တော်ယာဉ်မောင်းနှင်သူတွေ လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာဉ်မောင်းလိုင်စင် အမျိုးအစားနဲ့ လက်ရှိမောင်းနှင်နေတဲ့ ယာဉ်နဲ့ကိုက်ညီမှု ရှိ မရှိဆိုတာကို သတိပေးတဲ့အနေနဲ့ စစ်ဆေးတာပါ၊ ယာဉ်မောင်း လိုင်စင်မပါပဲ မောင်းနှင်သူတွေ၊ သတ်မှတ်အဆင့် လိုင်စင် မကိုင်ဆောင် ထားပဲ မော်တော်ယာဉ်မောင်းနှင်သူတွေကို အသိပညာပေးပြီး ပြန်လွှတ်ပေးတာဖြစ်ပါတယ်”ဟု အမှတ် (၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)မှ တပ်ဖွဲ့စုခေါင်းဆောင် ဒုရဲမှူးကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မတ်လ (၂၃)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများအား ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကိုက်ညီမှု ရှိမရှိ ရှောင်တခင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ယာဉ်အစီးရေ (၁၀၀)ခန့်မှ ယာဉ်မောင်းနှင့်ခရီးသည်များအား လားရှိုးမြို့အဝင် နားမခေါ်ကားဝန်းရှေ့၌ အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နံနက် (၈)နာရီမှ (၉)နာရီအကြား ဖြတ်သန်းမောင်းနှင်နေသည့် ယာဉ်များမှ ယာဉ်မောင်းများတွင် ယာဉ်မောင်း လိုင်စင် မပါရှိခြင်း၊ သတ်မှတ်လိုင်စင်နှင့် ကိုက်ညီမှုမရှိသည့် ယာဉ်များကို မောင်းနှင်နခြေင်း တို့အား အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် (၁၄)ဦး၊ ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီမှ ကော်မတီဝင် (၅) ဦး တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပညာပေးစစ်ဆေးစဉ်အတွင်း တွေ့ရှိရသည့် (ခ)လိုင်စင်ဖြင့် ခရီးသည်တင် ယာဉ်မောင်းနှင်နေသည့် ယာဉ်မောင်း နှင့်၎င်းယာဉ်လိုင်းအား သတိပေးတားမြစ်မှု ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်လိုင်စင်မပါပဲ ခရီးသည်တင် ယာဉ်မောင်းနှင်မှုတို့ကို ထပ်မံတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ထံမှ သိရသည်။
အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့ဖြင့် မတ်လ(၂၁)ရက် နှင့် (၂၂)ရက်နေ့များကလည်း ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား အသိပညာပေးမှု အဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်