ထိုင္းႏိုင္ငံ လန္းပန္းခရိုင္မွ စက္ဘီးစီးအဖြဲ႔ႏွင့္ တာခ်ီလိတ္မွ Bike For Health @ Tachileik စက္ဘီးစီးအဖြဲ႔တို႔ ပူးေပါင္း၍ ခ်စ္ၾကည္ေရး ခရီးအေနျဖင့္ မိုင္းဖုန္းေဒသသို႔ မတ္လ(၂၅)ရက္ေန႔ နံနက္ပိုင္းက စတင္ရာ စုစုေပါင္း (၅၆)ဦး ပါ၀င္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ လန္းပန္းခရိုင္မွ စက္ဘီးစီးအဖြဲ႔တြင္ Mr. Sophon Vijitsopa ဦးေဆာင္သည့္ စက္ဘီးစီးသမား (၄၀)ဦး ႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ Bike For Health(Tachileik) စက္ဘီးစီးအဖြဲ႔ ေခါင္းေဆာင္ ကိုစိုင္းလံုတစ္ ဦးေဆာင္သည့္ စက္ဘီးစီးအဖြဲ႔(၁၆)ဦး စုစုေပါင္း (၅၆)ဦးမွ ၂၀၁၈ခုႏွစ္ မတ္လ(၂၅)ရက္ေန႔ နံနက္(၇)နာရီခြဲအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကုန္တိုက္တြင္ စုရပ္ျပဳလုပ္ကာ မိုင္းဖုန္း(က)ေက်းရြာအုပ္စုရွိ မိုင္းဖုန္းဆရာေတာ္ေက်ာင္းတိုက္သို႔ ဦးတည္သြားေရာက္ေနၾကျခင္း ျဖစ္သည္။
စက္ဘီးစတင္စီးနင္းရာ ေနရာသို႔ တာခ်ီလိတ္ခရိုင္အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္ ႏွင့္ Tachileik Old Star အဖြဲ႔မွ ဦးစိန္လြင္ တို႔မွလည္း လာေရာက္ အားေပးရာ လန္းပန္းခရိုင္မွ စက္ဘီးစီးအဖြဲ႔ေခါင္းေဆာင္ Mr. Sophon Vijitsopa က အမွတ္တရ အက်ႌလက္ေဆာင္မ်ားေပးေၾကာင္း သိရသည္။
အဆိုပါ အဖြဲ႔သည္ မိုင္းဖုန္းဆရာေတာ္ေက်ာင္းတိုက္သို႔ ဦးတည္သြားေရာက္ၾကၿပီးေနာက္၊ မိုင္းဖုန္း ဆရာေတာ္ ေက်ာင္းတိုက္တြင္ စုေပါင္း အလွဴျပဳလုပ္ၾကၿပီး အျပန္တြင္ ဇြဲသာယာသို႔ ၀င္မည္ျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံထဲကို စက္ဘီး၀င္လာတာ (၁၀)ေခါက္ေလာက္ရွိပါၿပီ၊ စက္ဘီးစီး ၀င္လာတိုင္း ဒီက ရွမ္းတိုင္းရင္းသားေတြ ျမန္မာေတြအားလံုးရဲ႕ ခ်စ္ၾကည္ရင္းႏွီးမႈကို ခံစားမိပါတယ္၊ ဒီကိုလာတာကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ သြားၿပီး စုေပါင္းအလွဴလုပ္ႏိုင္ဖို႔ရယ္၊ ေလ့က်င့္ခန္းအေနနဲ႔ စက္ဘီးစီးၿပီး လည္ရေအာင္လည္း ျဖစ္ပါတယ္၊ ေနာက္ၿပီး ဒီက လူေနထိုင္ေနမႈနဲ႔ ဓေလ့ထံုးစံေတြကို ထိေတြ႔ၿပီး ျမင္သိႏိုင္ရန္ အတြက္ လန္းပန္းစက္ဘီးစီးအဖြဲ႔ေတြကို ေခၚလာတာပါ"ဟု လန္းပန္းခရိုင္ စက္ဘီးစီးအဖြဲ႔မွ ဦးေဆာင္သူ Mr. Sophon Vijitsopa က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္တြင္ အသစ္ဖြဲ႔စည္းလိုက္သည့္ Bike For Health @ Tachileik စက္ဘီးစီးအဖြဲ႔အေနျဖင့္လည္း ထိုင္းႏုိင္ငံ ဘက္မွ စက္ဘီးစီးအဖြဲ႔မ်ားျဖင့္ ပူးေပါင္း၍ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအေနျဖင့္ စက္ဘီးစီးနင္းျခင္း ျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ အဖြဲ႔က စက္ဘီးစီးက်န္းမာေရးအဖြဲ႔ေတြပါ၊ အခုေလာေလာဆယ္ စဖြဲ႔ထားတာ (၁၆)ေယာက္ ရွိတယ္ဗ်၊ ဒီစက္ဘီးခရီးစဥ္ကေတာ့ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးလည္းဟုတ္တယ္၊ ေနာက္ၿပီး ကြ်န္ေတာ္တို႔က မိုင္းဖုန္းဆရာေတာ္ရဲ႕ ဘုရားဖူးခရီးစဥ္ လည္းျဖစ္ပါတယ္၊"ဟု တာခ်ီလိတ္မွ Bike For Health @ Tachileik စက္ဘီးစီးအဖြဲ႔မွ အဖြဲ႔ေခါင္းေဆာင္ ကိုစိုင္းလံုတစ္က ေျပာသည္။
သတင္း/ဓါတ္ပံု - ေဇာင္းညီ
ထိုင်းနိုင်ငံ လန်းပန်းခရိုင်မှ စက်ဘီးစီးအဖွဲ့တွင် Mr. Sophon Vijitsopa ဦးဆောင်သည့် စက်ဘီးစီးသမား (၄၀)ဦး နှင့် တာချီလိတ်မြို့မှ Bike For Health(Tachileik) စက်ဘီးစီးအဖွဲ့ ခေါင်းဆောင် ကိုစိုင်းလုံတစ် ဦးဆောင်သည့် စက်ဘီးစီးအဖွဲ့(၁၆)ဦး စုစုပေါင်း (၅၆)ဦးမှ ၂၀၁၈ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်တွင် စုရပ်ပြုလုပ်ကာ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်သို့ ဦးတည်သွားရောက်နကြခြေင်း ဖြစ်သည်။
စက်ဘီးစတင်စီးနင်းရာ နေရာသို့ တာချီလိတ်ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် နှင့် Tachileik Old Star အဖွဲ့မှ ဦးစိန်လွင် တို့မှလည်း လာရောက် အားပေးရာ လန်းပန်းခရိုင်မှ စက်ဘီးစီးအဖွဲ့ခေါင်းဆောင် Mr. Sophon Vijitsopa က အမှတ်တရ အင်္ကျီလက်ဆောင်များပေးကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် မိုင်းဖုန်းဆရာတော်ကျောင်းတိုက်သို့ ဦးတည်သွားရောက်ကြပြီးနောက်၊ မိုင်းဖုန်း ဆရာတော် ကျောင်းတိုက်တွင် စုပေါင်း အလှူပြုလုပ်ကြပြီး အပြန်တွင် ဇွဲသာယာသို့ ဝင်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံထဲကို စက်ဘီးဝင်လာတာ (၁၀)ခေါက်လောက်ရှိပါပြီ၊ စက်ဘီးစီး ဝင်လာတိုင်း ဒီက ရှမ်းတိုင်းရင်းသားတွေ မြန်မာတွေအားလုံးရဲ့ ချစ်ကြည်ရင်းနှီးမှုကို ခံစားမိပါတယ်၊ ဒီကိုလာတာကတော့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီး စုပေါင်းအလှူလုပ်နိုင်ဖို့ရယ်၊ လေ့ကျင့်ခန်းအနေနဲ့ စက်ဘီးစီးပြီး လည်ရအောင်လည်း ဖြစ်ပါတယ်၊ နောက်ပြီး ဒီက လူနေထိုင်နေမှုနဲ့ ဓလေ့ထုံးစံတွေကို ထိတွေ့ပြီး မြင်သိနိုင်ရန် အတွက် လန်းပန်းစက်ဘီးစီးအဖွဲ့တွေကို ခေါ်လာတာပါ"ဟု လန်းပန်းခရိုင် စက်ဘီးစီးအဖွဲ့မှ ဦးဆောင်သူ Mr. Sophon Vijitsopa က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် အသစ်ဖွဲ့စည်းလိုက်သည့် Bike For Health @ Tachileik စက်ဘီးစီးအဖွဲ့အနဖြေင့်လည်း ထိုင်းနိုင်ငံ ဘက်မှ စက်ဘီးစီးအဖွဲ့များဖြင့် ပူးပေါင်း၍ ချစ်ကြည်ရေးခရီးစဉ်များအနဖြေင့် စက်ဘီးစီးနင်းခြင်း ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့က စက်ဘီးစီးကျန်းမာရေးအဖွဲ့တွေပါ၊ အခုလောလောဆယ် စဖွဲ့ထားတာ (၁၆)ယောက် ရှိတယ်ဗျ၊ ဒီစက်ဘီးခရီးစဉ်ကတော့ နှစ်နိုင်ငံချစ်ကြည်ရေးလည်းဟုတ်တယ်၊ နောက်ပြီး ကျွန်တော်တို့က မိုင်းဖုန်းဆရာတော်ရဲ့ ဘုရားဖူးခရီးစဉ် လည်းဖြစ်ပါတယ်၊"ဟု တာချီလိတ်မှ Bike For Health @ Tachileik စက်ဘီးစီးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုစိုင်းလုံတစ်က ပြောသည်။
ထိုင်းနိုင်ငံ လန်းပန်းခရိုင် နှင့် ချင်းရိုင်းခရိုင်တို့မှ စက်ဘီးစီးအဖွဲ့များသည် တာချီလိတ်သို့ လာရောက်၍ တာချီလိတ်မှ စက်ဘီးစီးအဖွဲ့များဖြင့် ပူးပေါင်း၍ မိုင်းဖုန်းကျေးရွာအုပ်စုအထိ စက်ဘီးစီးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ