လားရှိုးရှိ အောင်ချမ်းသာဘုရားဝန်းအတွင်း ဆောက်လုပ်နေသည့် အောင်ချမ်းသာ ၀ိပဿနာရိပ်သာအတွက် မြို့တွင်းလှည့်လည်အလှူခံမှုအား ဝေဖန်မှုများကြောင့် ရပ်နားထား

လားရှိုးရှိ အောင်ချမ်းသာဘုရားဝန်းအတွင်း ဆောက်လုပ်နေသည့် အောင်ချမ်းသာ ၀ိပဿနာရိပ်သာအတွက် မြို့တွင်းလှည့်လည်အလှူခံမှုအား ဝေဖန်မှုများကြောင့် ရပ်နားထား
မတျ 25, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အောင်ချမ်းသာဘုရားတွင် အသစ်ဆောက်လုပ်နေသည့် အောင်ချမ်းသာ ၀ိပဿနာရိပ်သာအတွက် မြို့တွင်းလှည့်လည် အလှူခံရန် ခွင့်ပြု သတ်မှတ်ရက် ရထားသော်လည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန် ပြောဆိုမှုများကြောင့် လှည့်လည်အလှူခံမှုကို ရပ်နားလိုက်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။



လားရှိုးမြို့၊ ရပ်ကွက်(၁)၊ တင်းရှူးတောင်ခြေရှိ အောင်ချမ်းသာဘုရားဝန်းအတွင်း၌  အောင်ချမ်းသာ ၀ိပဿနာရိပ်သာအား ဆောက်လုပ်နေခြင်း ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့တွင်း လှည့်လည်အလှူခံခွင့်(၁၀)ရက် ရရှိထားသော်လည်း ဝေဖန်မှုများကြောင့် ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း နှင့် ရိပ်သာအား တည်ဆောက်ရန်အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်ကုသဆောင်ကို ဖျက်သိမ်းစဉ်က သစ်သားအဟောင်းများကို နိုင်ငံတော်အစိုးရထံမှ အကူညီတောင်းထားခြင်းဖြစ်ပြီး တည်ဆောက် ပစ္စည်းများနှင့် တည်ဆောက်ခ တို့အတွက်သာ အလှူခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။



ကျောင်းဆောင်မှာ အလျား ပေ(၁၀၀) နှင့် အနံ ပေ(၃၀)ရှိ (၂)ထပ်ကျောင်းဆောင်ဖြစ်၍ အခန်းတစ်ခန်း အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၂၀)ရှိကာ ပစ္စည်းတစ်မျိုးခြင်း အနေဖြင့်လည်း ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပြီး ရပ်ဝေး ရပ်နီး မှ လှူဒါန်းလိုသူများ အတွက် ဘုရားဂေါပကအဖွဲ့ ဖုန်းနံပါတ် 09-403728118 သို့ ဆက်သွယ်ကာ အသေးစိပ် မေးမြန်းလှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ဂေါပကအဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အောင်ချမ်းသာဘုရားတွင် အသစ်ဆောက်လုပ်နေသည့် အောင်ချမ်းသာ ဝိပဿနာရိပ်သာအတွက် မြို့တွင်းလှည့်လည် အလှူခံရန် ခွင့်ပြု သတ်မှတ်ရက် ရထားသော်လည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင်ေဝဖန် ပြောဆိုမှုများကြောင့် လှည့်လည်အလှူခံမှုကို ရပ်နားလိုက်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

အဆိုပါ အဆောက်အဦးအတွက် လားရှိုးမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီး (၁၂)ခုနှင့် ဟိုပိတ် ကျေးရွာနှင့် နောင်မွန်ကျေးရွာတို့ အထိ အလှူခံခွင့် ရရှိနိုင်ရန်အတွက် လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနထံသို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လ (၁၇)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၁၀)ရက်တိတိ မြို့တွင်း လှည့်လည် အလှူခံရန် ခွင့်ပြု သတ်မှတ်ရက် ရထားကြောင်း သိရသည်။

“အလှူခံခွင့် ရတဲ့ (၁၀)ရက်တာ ကာလမှာလည်း မန္တလေးကနေ ဝယ်ယူထားတဲ့ ဆင်အရုပ်ပေါ့နော်၊ အဲ့ဒါနဲ့ လားရှိုးမြို့အတွင်း လှည့်လည်အလှူခံတဲ့အခါမှာ လူမှုကွန်ရက်မှာ ပြောဆိုခံရတဲ့အတွက် အဲ့လိုအလှူခံတာ ကိုလည်း ခွင့်ပြုရက် မပြည့်ခင်မှာပဲ ရပ်နားလိုက်ပါပြီ၊ ဒီတိုင်းပဲ ခင်ရာမင်ရာတွေနဲ့ ဂေါပကအဖွဲ့တွေကနေ အလှူခံပြီး အဆောက်အဦး ပြီးဆုံးတဲ့အထိ ဆက်လုပ်ရမှာဖြစ်ပါတယ်”ဟု လားရှိုးမြို့ အောင်ချမ်းသာဘုရား ဂေါပကအဖွဲ့ ဥက္ကဌ ဦးဝင်းဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ တင်းရှူးတောင်ခြေရှိ အောင်ချမ်းသာဘုရားဝန်းအတွင်း၌ အောင်ချမ်းသာ ဝိပဿနာရိပ်သာအား ဆောက်လုပ်နခြေင်း ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့တွင်း လှည့်လည်အလှူခံခွင့်(၁၀)ရက် ရရှိထားသော်လည်းေဝဖန်မှုများကြောင့် ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း နှင့် ရိပ်သာအား တည်ဆောက်ရန်အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်ကုသဆောင်ကို ဖျက်သိမ်းစဉ်က သစ်သားအဟောင်းများကို နိုင်ငံတော်အစိုးရထံမှ အကူညီတောင်းထားခြင်းဖြစ်ပြီး တည်ဆောက် ပစ္စည်းများနှင့် တည်ဆောက်ခ တို့အတွက်သာ အလှူခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျောင်းဆောင်က အပြီးသတ်ဖို့အတွက် (၃၀)ရာခိုင်နှုန်းလောက်ပဲ လိုတော့တယ်၊ အဓိက ကတော့ အလှူရှင် လိုအပ်နေတာပါ၊ ကျောင်းဆောင်ကို တည်ဆောက်နေတာကလည်း တစ်နှစ် ပြည့်တော့မှာဆိုတော့ အပြီးသတ် နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်”ဟု အောင်ချမ်းသာဘုရား ဂေါပကအဖွဲ့ ဥက္ကဌ က ပြောသည်။

အောင်ချမ်းသာဝိပဿနာတရားရိပ်သာဓမ္မာရုံ တည်ဆောက်မှုအား ၂၀၁၇ ခုနှစ် မေလအတွင်း စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အလှူရှင် လိုအပ်ချက်ကြောင့် ကျောင်းဆောင်တည်ဆောက်နေမှုမှာ ၂၀၁၈ ခုနှစ် မတ်လ အထိ အပြီး မသတ်နိုင်သေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောင်းဆောင်မှာ အလျား ပေ(၁၀၀) နှင့် အနံ ပေ(၃၀)ရှိ (၂)ထပ်ကျောင်းဆောင်ဖြစ်၍ အခန်းတစ်ခန်း အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၂၀)ရှိကာ ပစ္စည်းတစ်မျိုးခြင်း အနဖြေင့်လည်း ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပြီး ရပ်ဝေး ရပ်နီး မှ လှူဒါန်းလိုသူများ အတွက် ဘုရားဂေါပကအဖွဲ့ ဖုန်းနံပါတ် 09-403728118 သို့ ဆက်သွယ်ကာ အသေးစိပ် မေးမြန်းလှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဂေါပကအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~