ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဧၿပီလ (၂၂) ရက္ေန႔နံနက္ အေစာပိုင္းက မူဆယ္သို႔သြားမည့္ ခရီးသည္တင္ဘတ္စ္ကားတစ္စီးႏွင့္ ခရီးသည္တင္ ကားငယ္တစ္စီးတို႔မွ ေက်ာက္စိမ္းတုံုး (၁၄၇၈) ကီလိုဂရမ္ကို ဖမ္းဆီးရမိၿပီး ယာဥ္ေမာင္းမ်ား ထြက္ေျပးသြားေၾကာင္း သိရသည္။
“ႀကိဳတင္ သတင္းရရွိထားျခင္း မရွိဘဲ ပံုမွန္စစ္ေဆးေနစဥ္ အခ်ိန္မွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ ယာဥ္ေပၚပါ ခရီးသည္ေတြ ကိုေတာ့ သြားရမယ့္ ခရီးအတိုင္း ကားေတြ စီစဥ္ေပးလိုက္ပါတယ္” ဟု ေရပူအၿမဲတမ္းစစ္ေဆးေရး စခန္းမွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။
အဆိုပါ စစ္ေဆးေရးဂိတ္တြင္ နံနက္ (၅) နာရီခန္႔ က စစ္ေဆးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနစဥ္ လားရႈိးဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေရႊေတာင္မန္း ခရီးသည္တင္ယာဥ္ႏွင့္ နံနက္ (၇) နာရီခန္႔တြင္ တိုယိုတာပရိုေဘာက္စ္ယာဥ္တစ္စီးတို႔မွ ေက်ာက္စိမ္းမ်ား သိမ္းဆည္း ရမိျခင္းျဖစ္ေၾကာင္းသိရသည္။
ေရႊေတာင္မန္း ခရီးသည္ တင္ယာဥ္မွ ခရီးသည္ ထိုင္ခံုမ်ားေအာက္တြင္ ထည့္သြင္း သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုး စုစုေပါင္း အေလးခ်ိန္ (၁၀၉၉) ကီလိုဂရမ္ႏွင့္ ပရိုေဘာက္စ္ယာဥ္ အေနာက္ ထိုင္ခံုေအာက္တြင္ ထည့္သြင္း သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုး (၃၇၉) ကီလို ဂရမ္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားအား လားရိႈးၿမိဳ႕နယ္အေကာက္ခြန္ ဦးစီးဌာနသို႔ လႊဲေျပာင္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္
“ကြိုတင် သတင်းရရှိထားခြင်း မရှိဘဲ ပုံမှန်စစ်ဆေးနေစဉ် အချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ယာဉ်ပေါ်ပါ ခရီးသည်တွေ ကိုတော့ သွားရမယ့် ခရီးအတိုင်း ကားတွေ စီစဉ်ပေးလိုက်ပါတယ်” ဟု ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် နံနက် (၅) နာရီခန့် က စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ရွှေတောင်မန်း ခရီးသည်တင်ယာဉ်နှင့် နံနက် (၇) နာရီခန့်တွင် တိုယိုတာပရိုဘောက်စ်ယာဉ်တစ်စီးတို့မှ ကျောက်စိမ်းများ သိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းသိရသည်။
ရွှေတောင်မန်း ခရီးသည် တင်ယာဉ်မှ ခရီးသည် ထိုင်ခုံများအောက်တွင် ထည့်သွင်း သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး စုစုပေါင်း အလေးချိန် (၁၀၉၉) ကီလိုဂရမ်နှင့် ပရိုဘောက်စ်ယာဉ် အနောက် ထိုင်ခုံအောက်တွင် ထည့်သွင်း သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး (၃၇၉) ကီလို ဂရမ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများအား လားရှိုးမြို့နယ်အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်