တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်း လူသတ်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိ

တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်း လူသတ်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိ
ဧပွီ 25, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ သစ်တောအတွင်း အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓါးဖြင့်ခုတ်၍လူသတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသွားသည့် တရားခံအား နောက်တစ်ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ သစ်တောအတွင်း နေထိုင်သူ အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးမှု ၂၀၁၈ခုနှစ် ဧပြီလ(၂၄)ရက်နေ့ အကူး (၀၀း၀၃)နာရီ ၀န်းကျင်အချိန်က ဖြစ်ပွားခဲ့ပြီးနောက် လူသတ်ပြီး တိမ်းရှောင်နေသူအား ဧပြီလ(၂၅)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မိုင်းလင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ နမ့်ခင်း(၁)ကျေးရွာအကျော် တောင်ပေါ် ထင်းခုတ်သည့် သစ်တောအတွင်း နေထိုင်သူများဖြစ်သည့် နိုင်ထွန်း(ခ)မင်းထွန်း နှင့် အောင်မြင့်ဦး တို့သည် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်ပွားပြီး အောင်မြင့်ဦးမှာ ဓါးခုတ်ခံရသည့် ဒဏ်ရာကြောင့် သေဆုံးသွားခြင်း ဖြစ်ပြီး နိုင်ထွန်း(ခ)မင်းထွန်းသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။



သတ်ခံရသူ အသက်(၄၃)နှစ်ရှိ ဦးအောင်မြင့်ဦး၏ ရုပ်အလောင်းအား တာလေပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ တဆင့် တာလေ သုသာန်သို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု(တာလေ)မှ ပို့ဆောင်ကာ သဂြုင်္ိဟ်ပေးခဲ့ကြောင်း သိရသည်။












~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ သစ်တောအတွင်း အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓားဖြင့်ခုတ်၍လူသတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသွားသည့် တရားခံအား နောက်တစ်ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလမြေို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ သစ်တောအတွင်း နေထိုင်သူ အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးမှု ၂၀၁၈ခုနှစ် ဧပြီလ(၂၄)ရက်နေ့ အကူး (ဝဝးဝ၃)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပြီးနောက် လူသတ်ပြီး တိမ်းရှောင်နေသူအား ဧပြီလ(၂၅)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မိုင်းလင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာလမြေို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ နမ့်ခင်း(၁)ကျေးရွာအကျော် တောင်ပေါ် ထင်းခုတ်သည့် သစ်တောအတွင်း နေထိုင်သူများဖြစ်သည့် နိုင်ထွန်း(ခ)မင်းထွန်း နှင့် အောင်မြင့်ဦး တို့သည် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး အောင်မြင့်ဦးမှာ ဓားခုတ်ခံရသည့် ဒဏ်ရာကြောင့် သေဆုံးသွားခြင်း ဖြစ်ပြီး နိုင်ထွန်း(ခ)မင်းထွန်းသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မိုင်းလင်းနယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ် အောင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာ အောင်မြင့်ဦး ဆိုသူသည် ဦးခေါင်း နဖူးဝဲဘက်တွင် (၁)လက်မခန့် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖျံတွင် (၂)လက်မခန့် ပြတ်ရှ ဒဏ်ရာ(၁)ရရှိ၍ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဓားခုတ်သူမှာ ထွက်ပြေး တိမ်းရှောင် နေလျက်ရှိသည့်အတွက် ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ရာက ဧပြီလ(၂၅)ရက်နေ့ နံနက်(၄)နာရီခွဲ ဝန်းကျင်အချိန်တွင် နမ့်ခမ်း(ဝ)ကျေးရွာအနီး၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းလင်းနယ်မြေရဲစခန်းတွင် (ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတ်ခံရသူ အသက်(၄၃)နှစ်ရှိ ဦးအောင်မြင့်ဦး၏ ရုပ်အလောင်းအား တာလပြေည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ တဆင့် တာလေ သုသာန်သို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု(တာလေ)မှ ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - တာလေ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု(တာလေ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~