တာခ်ီလိတ္ၿမိဳ႕ က်င္းလံုဟိုတယ္ရွိ အခန္း(၁)ခန္းအား ဆံပင္ဖ်န္းစပေရးျဖင့္ မီးရႈိ႕ၿပီး ဟိုတယ္ေပၚမွ ခုန္ခ်သူကို ဖမ္းဆီးအေရးယူထား

တာခ်ီလိတ္ၿမိဳ႕ က်င္းလံုဟိုတယ္ရွိ အခန္း(၁)ခန္းအား ဆံပင္ဖ်န္းစပေရးျဖင့္ မီးရႈိ႕ၿပီး ဟိုတယ္ေပၚမွ ခုန္ခ်သူကို ဖမ္းဆီးအေရးယူထား
ဧပြီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ရပ္ကြက္ရိွ က်င္းလံုဟိုတယ္တြင္ လာေရာက္ တည္းခိုသည့္ ဧည့္သည္တစ္ဦးက အခန္းတြင္း မီးရိႈ႕ၿပီး ဟိုတယ္မွ ခုန္ခ်ထြက္ေျပးရန္ ႀကိဳးစားစဥ္ ဖမ္းဆီးမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ(၂၅)ရက္ေန႔ ည(၆)နာရီ (၅၀)မိနစ္ ၀န္းက်င္အခ်ိန္က အဆိုပါ ဟိုတယ္ရွိ တတိယအထပ္ အခန္းနံပါတ္(၈၃၁၄)တြင္ တည္းခိုေနသည့္ စိုင္းဆုိင္လာဆိုသည့္ လူငယ္က  တဘက္ေပၚသို႔ ေခါင္းလိမ္းဆီ စပေရးဗူး အဖံုးဖြင့္ကာ ေလာင္းခ်ၿပီး အခန္းတြင္းမီးရိႈ႕ခဲ့ကာ ဟိုတယ္အေပၚထပ္ ဆိုင္းဘုတ္ေပၚမွ ခုန္ခ်ရန္ ႀကိဳးစားေနစဥ္ မီးသတ္တပ္ဖြဲ႔က ထိခိုက္မႈမရွိေစဘဲ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာ အဆိုပါ ေနရာသို႔ မီးၿငိႇမ္းသတ္ယာဥ္(၅)စီး၊ ေရသယ္ယာဥ္(၂)စီး၊ လူနာတင္ယာဥ္(၁)စီး၊ မီးသတ္စက္ယာဥ္(၁)စီး၊ ခရိုင္/ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ သေႏၶတပ္ဖြဲ႕ဝင္ (၃၀)ဦး၊ အရန္တပ္ဖြဲ႕ဝင္ (၁၀)ဦးျဖင့္ သြားေရာက္ၿငိမ္းသတ္ရာ (၁၅)မိနစ္ဝန္းက်င္အၾကာတြင္ မီးၿငိႇမ္း သတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ အခန္းတြင္း ပစၥည္းမ်ားအားလံုး မီးေလာင္ကၽြမ္းခဲ့ေၾကာင္း သိရၿပီး ရဲတပ္ဖြဲ႕က မီးရိႈ႕သူအား ဖမ္းဆီး ထိန္းသိမ္းထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မွ အသက္(၂၄)ႏွစ္၀န္းက်င္ရွိ စိုင္းဆုိင္လာဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂၇/၂၀၁၈ ပုဒ္မ (၄၃၆)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ ကျင်းလုံဟိုတယ်တွင် လာရောက် တည်းခိုသည့် ဧည့်သည်တစ်ဦးက အခန်းတွင်း မီးရှို့ပြီး ဟိုတယ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၂၅)ရက်နေ့ ည(၆)နာရီ (၅၀)မိနစ် ဝန်းကျင်အချိန်က အဆိုပါ ဟိုတယ်ရှိ တတိယအထပ် အခန်းနံပါတ်(၈၃၁၄)တွင် တည်းခိုနေသည့် စိုင်းဆိုင်လာဆိုသည့် လူငယ်က တဘက်ပေါ်သို့ ခေါင်းလိမ်းဆီ စပရေးဗူး အဖုံးဖွင့်ကာ လောင်းချပြီး အခန်းတွင်းမီးရှို့ခဲ့ကာ ဟိုတယ်အပေါ်ထပ် ဆိုင်းဘုတ်ပေါ်မှ ခုန်ချရန် ကြိုးစားနေစဉ် မီးသတ်တပ်ဖွဲ့က ထိခိုက်မှုမရှိစေဘဲ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ အဆိုပါ နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓတေပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၀)ဦးဖြင့် သွားရောက်ငြိမ်းသတ်ရာ (၁၅)မိနစ်ဝန်းကျင်အကြာတွင် မီးငြှိမ်း သတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အခန်းတွင်း ပစ္စည်းများအားလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရပြီး ရဲတပ်ဖွဲ့က မီးရှို့သူအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ အသက်(၂၄)နှစ်ဝန်းကျင်ရှိ စိုင်းဆိုင်လာဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၂၇/၂၀၁၈ ပုဒ်မ (၄၃၆)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~