ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မဈေးတွင် စားသုံးရန်မသင့် အစားအသောက်များ စစ်ဆေးခြင်းအား ဧပြီလ (၂၇)ရက်နေ့က ဆောင်ရွက်ရာ ထောက်ခံချက် မရှိသော ဒေသထုတ် ပဲငံပြာရည်နှင့် ထိုင်းနိုင်ငံထုတ် အေးခဲ ဝက်သား ၊ ဝက်သားချဉ်ထုပ်များအား ဖမ်းဆီးရမိကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးခြင်းများကို ရှမ်းပြည်နယ်အစိုးရနှင့် ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီတို့၏ ညွှန်ကြားချက်နှင့် အတူ ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အရ စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေး၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉(င)နှင့်(စ) ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မဈေးအတွင်း စစ်ဆေးခြင်းကို ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုး ဦးဆောင်၍ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ FDA ခရိုင်ဦးစီးမှူး ဒေါက်တာ တေဇာဝင်းနှင့် ဝန်ထမ်းများ၊ စက်မူကြီးကြပ် ခရိုင်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်ထွေအုပ်၊ ဒုမြို့နယ်ပညာရေးမှူး ဦးဇော်လင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စသည်တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးခြင်းများကို ရှမ်းပြည်နယ်အစိုးရနှင့် ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီတို့၏ ညွှန်ကြားချက်နှင့် အတူ ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အရ စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေး၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉(င)နှင့်(စ) ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောငး် သိရသည်။
ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့မှ တစ်ဆင့် တရားမဝင် တင်သွင်းလာသည့် အေးခဲအသားများမှာ လိုအပ်သည့် စစ်ဆေးမှုများ မလုပ်ဆောင်ဘဲ တင်သွင်းလာခြင်းဖြစ်သဖြင့် စားသုံးသူများ ဘေးကင်းစေရေး အတွက် ယင်းကဲ့သို့ သိမ်းဆည်းမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မဈေးအတွင်း စစ်ဆေးခြင်းကို ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုး ဦးဆောင်၍ တိရစာ္ဆန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ FDA ခရိုင်ဦးစီးမှူး ဒေါက်တာ တေဇာဝင်းနှင့် ဝန်ထမ်းများ၊ စက်မူကြီးကြပ် ခရိုင်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်ထွေအုပ်၊ ဒုမြို့နယ်ပညာရေးမှူး ဦးဇော်လင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စသည်တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန ကျိုင်းတုံ