ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနလက္ေအာက္မွ စည္းကမ္းေဖါက္ဖ်က္သည့္ လုပ္ငန္း (၁၇)ခု အေရးယူထားၿပီး လုပ္ငန္းလိုင္စင္ (၆၄၅)ခု ပယ္ဖ်က္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနလက္ေအာက္မွ စည္းကမ္းေဖါက္ဖ်က္သည့္ လုပ္ငန္း (၁၇)ခု အေရးယူထားၿပီး လုပ္ငန္းလိုင္စင္ (၆၄၅)ခု ပယ္ဖ်က္
ဧပြီ 28, 2018
By Tachileik News Agency

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ႏွစ္ႏွစ္တာကာလအတြင္း စည္းကမ္းေဖါက္ဖ်က္သည့္ ဟိုတယ္၊ ခရီးသြား လုပ္ငန္း၊ ဧည့္လမ္းညႊန္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားကို အေရးယူထားမႈ စုစုေပါင္း ( ၁၇ )ခုရိွၿပီး လုပ္ငန္းဆက္လက္ ေဆာင္ရြက္ျခင္းမရိွသည့္ လုပ္ငန္း (၆၄၅)ခုကို လုိင္စင္ရုပ္သိမ္း ပယ္ဖ်က္လုိက္ေၾကာင္း သိရသည္။

ဝန္ႀကီးဌာန အေနျဖင့္ ၂၀၁၆ ခုႏွစ္ ဧၿပီလမွ ၂၀၁၈ ခုႏွစ္ မတ္လအထိ (၂)ႏွစ္တာကာလအတြင္း ဟိုတယ္ တည္းခိုရိပ္သာ (၂၈၃)လုံး ၊ ( ၁၃၀၀၄ )ခန္းကို ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ဟိုတယ္ႏွင့္တည္းခိုရိပ္သာ လုပ္ငန္း လိုင္စင္ဆိုင္ရာ စည္းကမ္းမ်ားကို ေဖာက္ဖ်က္ခဲ့သည့္ ဟိုတယ္ (၃)လံုးအား လုိင္စင္ပယ္ဖ်က္ခဲ့ၿပီး ဟိုတယ္ (၃)လံုးအား လုိင္စင္(၃)လ ရုပ္သိမ္းျခင္းျဖင့္ အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ ႏွစ္ႏွစ္တာကာလအတြင္း ခရီးသြားကုမၸဏီ (၁၀၉၇) ခုကို ခြင့္ျပဳေပးခဲ့သည့္အနက္ လိုင္စင္ စည္းကမ္းမ်ားကို ေဖာက္ဖ်က္သည့္ ကုမၸဏီ(၂) ခုအား လိုင္စင္ပယ္ဖ်က္ျခင္း၊ ကုမၸဏီ (၂)ခုအား လိုင္စင္( ၆ )လ ႐ုပ္သိမ္းျခင္း၊ ကုမၸဏီ(၄)ခုအား လိုင္စင္(၃)လ ႐ုပ္သိမ္းျခင္းတို႔ျဖင့္ အေရးယူခဲ့သည့္အျပင္ လုပ္ငန္း လိုင္စင္ ရယူထားၿပီး လိုင္စင္သက္တမ္း ကုန္ဆုံးေသာ္လည္း လိုင္စင္ သက္တမ္းတိုး တင္ျပလာျခင္း မရွိေသာ ကုမၸဏီ ( ၃၇၇) ခု ၏ လိုင္စင္မ်ားကို ပယ္ဖ်က္ခဲ့ေၾကာင္း သိရသည္။

ဧည့္လမ္းညႊန္လုပ္ငန္းႏွင့္ ေဒသဆိုင္ရာ ဧည့္လမ္းညႊန္လုပ္ငန္းလိုင္စင္မ်ားကို ႏွစ္ႏွစ္တာကာလအတြင္း စုစုေပါင္း ( ၁၉၀၂) ခု ခြင့္ျပဳေပးခဲ့သည့္အနက္ လိုင္စင္စည္းကမ္းမ်ားကို ေဖာက္ဖ်က္ခဲ့သည့္ ေဒသဆိုင္ရာ ဧည့္လမ္းညႊန္(၁)ဦးအား လိုင္စင္ (၆)လ ႐ုပ္သိမ္းျခင္း၊ ေဒသဆိုင္ရာ ဧည့္လမ္းညႊန္(၁)ဦးအား လိုင္စင္ပယ္ဖ်က္ျခင္း တို႔ျဖင့္ အေရးယူခဲ့သည့္ အျပင္ လုပ္ငန္းလိုင္စင္ရယူထားၿပီး လိုင္စင္သက္တမ္း ကုန္ဆုံး ေသာ္လည္း လိုင္စင္သက္တမ္းတိုး တင္ျပလာျခင္းမရွိေသာ ဧည့္လမ္းညႊန္( ၂၅၈) ဦး၏ လိုင္စင္မ်ားကို ပယ္ဖ်က္ခဲ့ေၾကာင္း သိရသည္။

ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းလိုင္စင္(၂၀၄၆)ခုအနက္ လိုင္စင္စည္းကမ္း မ်ားကို ေဖာက္ဖ်က္ခဲ့သျဖင့္ စက္တပ္ရြက္ေလွ (၁)စီးအား လိုင္စင္ (၆)လ႐ုပ္သိမ္းခဲ့သည့္ အျပင္ လုပ္ငန္းလိုင္စင္ရယူထားၿပီး လိုင္စင္သက္တမ္း ကုန္ဆုံးေသာ္လည္း လိုင္စင္သက္တမ္းတိုး တင္ျပလာျခင္း မရွိေသာ ေမာ္ေတာ္ယာဥ္(၁၀) စီး၏ လိုင္စင္မ်ားကို ပယ္ဖ်က္လိုက္ေၾကာင္း သိရသည္။

ပုဂၢလိကလုပ္ငန္းရွင္မ်ားသို႔ ငွားရမ္းခဲ့သည့္ ႏုိင္ငံပိုင္ဟိုတယ္မ်ားအား ငွားရမ္းခေၾကြးက်န္ရိွေနသည့္ လုပ္ငန္းရွင္မ်ားကို စာခ်ဳပ္ပါ စည္းကမ္းႏွင့္ အညီ စာခ်ဳပ္ရပ္စဲျခင္း၊ အာမခံစေပၚေငြထက္ ပိုေနေသာ ေႂကြးက်န္မ်ား ရရွိေရး ဥပေဒ ႏွင့္အညီတရားစြဲဆိုျခင္း၊ ဟိုတယ္အား ဌာနမွ လက္ေရာက္ ျပန္လည္ရရွိေရး တို႔ကို ေဆာင္ရြက္ေနေၾကာင္းသိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက နှစ်နှစ်တာကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ဟိုတယ်၊ ခရီးသွား လုပ်ငန်း၊ ဧည့်လမ်းညွှန်နှင့် ခရီးသွားလုပ်ငန်းများကို အရေးယူထားမှု စုစုပေါင်း ( ၁၇ )ခုရှိပြီး လုပ်ငန်းဆက်လက် ဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်း (၆၄၅)ခုကို လိုင်စင်ရုပ်သိမ်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ဝန်ကြီးဌာန အနဖြေင့် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လအထိ (၂)နှစ်တာကာလအတွင်း ဟိုတယ် တည်းခိုရိပ်သာ (၂၈၃)လုံး၊ ( ၁၃၀၀၄ )ခန်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်ဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့် ဟိုတယ် (၃)လုံးအား လိုင်စင်ပယ်ဖျက်ခဲ့ပြီး ဟိုတယ် (၃)လုံးအား လိုင်စင်(၃)လ ရုပ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ နှစ်နှစ်တာကာလအတွင်း ခရီးသွားကုမ္ပဏီ (၁၀၉၇) ခုကို ခွင့်ပြုပေးခဲ့သည့်အနက် လိုင်စင် စည်းကမ်းများကို ဖောက်ဖျက်သည့် ကုမ္ပဏီ(၂) ခုအား လိုင်စင်ပယ်ဖျက်ခြင်း၊ ကုမ္ပဏီ (၂)ခုအား လိုင်စင်( ၆ )လ ရုပ်သိမ်းခြင်း၊ ကုမ္ပဏီ(၄)ခုအား လိုင်စင်(၃)လ ရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူခဲ့သည့်အပြင် လုပ်ငန်း လိုင်စင် ရယူထားပြီး လိုင်စင်သက်တမ်း ကုန်ဆုံးသော်လည်း လိုင်စင် သက်တမ်းတိုး တင်ပြလာခြင်း မရှိသော ကုမ္ပဏီ ( ၃၇၇) ခု၏ လိုင်စင်များကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ဧည့်လမ်းညွှန်လုပ်ငန်းနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များကို နှစ်နှစ်တာကာလအတွင်း စုစုပေါင်း ( ၁၉၀၂) ခု ခွင့်ပြုပေးခဲ့သည့်အနက် လိုင်စင်စည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(၁)ဦးအား လိုင်စင် (၆)လ ရုပ်သိမ်းခြင်း၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(၁)ဦးအား လိုင်စင်ပယ်ဖျက်ခြင်း တို့ဖြင့် အရေးယူခဲ့သည့် အပြင် လုပ်ငန်းလိုင်စင်ရယူထားပြီး လိုင်စင်သက်တမ်း ကုန်ဆုံး သော်လည်း လိုင်စင်သက်တမ်းတိုး တင်ပြလာခြင်းမရှိသော ဧည့်လမ်းညွှန်( ၂၅၈) ဦး၏ လိုင်စင်များကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(၂၀၄၆)ခုအနက် လိုင်စင်စည်းကမ်း များကို ဖောက်ဖျက်ခဲ့သဖြင့် စက်တပ်ရွက်လှေ (၁)စီးအား လိုင်စင် (၆)လရုပ်သိမ်းခဲ့သည့် အပြင် လုပ်ငန်းလိုင်စင်ရယူထားပြီး လိုင်စင်သက်တမ်း ကုန်ဆုံးသော်လည်း လိုင်စင်သက်တမ်းတိုး တင်ပြလာခြင်း မရှိသော မော်တော်ယာဉ်(၁၀) စီး၏ လိုင်စင်များကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှါးရမ်းခဲ့သည့် နိုင်ငံပိုင်ဟိုတယ်များအား ငှါးရမ်းခကြွေးကျန်ရှိနေသည့် လုပ်ငန်းရှင်များကို စာချုပ်ပါ စည်းကမ်းနှင့် အညီ စာချုပ်ရပ်စဲခြင်း၊ အာမခံစပေါ်ငွေထက် ပိုနေသော ကြွေးကျန်များ ရရှိရေး ဥပဒေ နှင့်အညီတရားစွဲဆိုခြင်း၊ ဟိုတယ်အား ဌာနမှ လက်ရောက် ပြန်လည်ရရှိရေး တို့ကို ဆောင်ရွက်နေကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~