မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင်း( ပါလျှံ-၂)ရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်တွင် တည်ထားပြီးစီးသည့် လေးကျွန်းစကြာ ဆုတောင်းပြည့် စေတီတော်အား ထီးတော်တင်လှူခြင်းအဖြစ် ကဆုန်လပြည့် ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘ/က ကျောင်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တစ်ခုတည်းသော ပအိုဝ်းတိုင်းရင်းသားဘုန်းကြီးကျောင်းဖြစ်ပြီး၊ မိဘမဲ့ကလေးငယ်များနှင့် ရပ်ဝေးမှ မရှိနွမ်းပါး ကလေးငယ်များအား ပညာဒါပြုပေးနေလျက်ရှိသော ကျောင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - ဇောင်းညီ
လေးကျွန်းစကြာ ဆုတောင်းပြည့်စေတီတော်အား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)မှ ဦးပေါက်အိုက်လေး + ဒေါ်ဝေယေက၊ ဒေါ်မွိုးခမ့်ပေးမိသားစုတို့က မတည်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ အလှူပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပအိုဝ်းတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ၊ အလှူရှင်များ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။
နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘ/က ကျောင်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တစ်ခုတည်းသော ပအိုဝ်းတိုင်းရင်းသားဘုန်းကြီးကျောင်းဖြစ်ပြီး၊ မိဘမဲ့ကလေးငယ်များနှင့် ရပေ်ဝးမှ မရှိနွမ်းပါး ကလေးငယ်များအား ပညာဒါပြုပေးနေလျက်ရှိသော ကျောင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ