မိုင္းျဖတ္ၿမိဳ႕၏ ပထမဆံုးအႀကိမ္ ကဆုန္ေညာင္ေရသြန္းပြဲ စိတၱသုခ ေက်ာင္းတိုက္တြင္ က်င္းပ

မိုင္းျဖတ္ၿမိဳ႕၏ ပထမဆံုးအႀကိမ္ ကဆုန္ေညာင္ေရသြန္းပြဲ စိတၱသုခ ေက်ာင္းတိုက္တြင္ က်င္းပ
ဧပြီ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္ စိတၱသုခ ေက်ာင္းတိုက္တြင္ ကဆုန္လျပည့္ ဧၿပီလ (၂၉)ရက္ေန႔ ညေနက မိုင္းျဖတ္ၿမိဳ႕၏ ပထမဆံုးအႀကိမ္ ေညာင္ေရသြန္းပြဲ က်င္းပသည္။

ကဆုန္လျပည့္ေန႔သည္ ေဂါတမျမတ္စြာဘုရား ဗ်ာဒိတ္ခံယူေတာ္မူေသာေန႔၊ ဖြားျမင္ေတာ္မူေသာေန႔၊ ဘုရားျဖစ္ ေတာ္မူေသာေန႔ႏွင့္ ပရိနိဗၺာန္စံေတာ္မူေသာေန႔မ်ားျဖစ္သျဖင့္ ဗုဒၶဘာသာဝင္မ်ားက ကဆုန္လျပည့္ဗုဒၶေန႔ အျဖစ္ ဘုရားပြင့္ေတာ္မူရာ ေဗာဓိေညာင္ပင္တြင္ ေညာင္ေရ သြန္းေလာင္းၾကျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက် စိတ္တသုခ ကျောင်းတိုက်တွင် ကဆုန်လပြည့် ဧပြီလ (၂၉)ရက်နေ့ ညနေက မိုင်းဖြတ်မြို့၏ ပထမဆုံးအကြိမ် ညောင်ရေသွန်းပွဲ ကျင်းပသည်။

ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည့်ဗုဒ္ဓနေ့ အဖြစ် ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်တွင် ညောင်ရေ သွန်းလောင်းကြခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~