တာလေမြို့ရှိ လန့်တောင်းဘုန်းကြီးကျောင်းတွင် ကဆုန်လပြည့်နေ့တိုင်း ရိုးရာမပျက် မီးရှူးအလုံး (၂၀၀)၀န်းကျင် လွှတ်တင်

တာလေမြို့ရှိ လန့်တောင်းဘုန်းကြီးကျောင်းတွင် ကဆုန်လပြည့်နေ့တိုင်း ရိုးရာမပျက် မီးရှူးအလုံး (၂၀၀)၀န်းကျင် လွှတ်တင်
ဧပွီ 30, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုတွင်းရှိ လန့်တောင်းဘုန်းကြီးကျောင်းတွင် ကဆုန်လပြည့် ရှမ်းတိုင်းရင်းသားရိုးရာ မီးရှူးလွှတ်၍ ပူဇော်မှုအား ဧပြီလ(၂၉)ရက်နေ့ နံနက်က စ၍ ည(၇)နာရီအထိ ပြုလုပ်ပြီး မီးရှူး အလုံး(၂၀၀)၀န်းကျင် လွှတ်ကြောင်း သိရသည်။

"မီးရှူးအလုံး(၂၀၀)၀န်းကျင်လောက်ရှိပါတယ်၊ ကဆုန်လပြည့်နေ့တိုင်း နှစ်စဉ်လုပ်လာတာ၊ ကြာနေပြီ၊ အခုလို မီးရှူး လုပ်တာကလည်း အားလုံး ကိုယ့်ဘာသာ လုပ်ကြတာ၊ ဘယ်သူမှ မသင်ပေးဘူး၊ ဒီနှစ် လွှတ်တဲ့ မီးရှူးက မကောင်းရင် နောက်နှစ် ဒီထက်ပိုကောင်းအောင် လုပ်သွားကြမယ်ဆိုတဲ့ ခံယူချက်တွေ ရှိကြတယ်၊"ဟု လန့်တောင်းဘုန်းကြီးကျောင်းမှ အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးစိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း နံနက်မှ ညအထိ အပျော်တမ်း မီးရှူးလွှတ်ပွဲကို ကျင်းပလေ့ရှိပြီး တာလေမြို့တွင်းရှိ ကျေးရွာများမှ လာရောက်၍ လွှတ်ကြကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုတွင်းရှိ လန့်တောင်းဘုန်းကြီးကျောင်းတွင် ကဆုန်လပြည့် ရှမ်းတိုင်းရင်းသားရိုးရာ မီးရှူးလွှတ်၍ ပူဇော်မှုအား ဧပြီလ(၂၉)ရက်နေ့ နံနက်က စ၍ ည(၇)နာရီအထိ ပြုလုပ်ပြီး မီးရှူး အလုံး(၂၀၀)ဝန်းကျင် လွှတ်ကြောင်း သိရသည်။

"မီးရှူးအလုံး(၂၀၀)ဝန်းကျင်လောက်ရှိပါတယ်၊ ကဆုန်လပြည့်နေ့တိုင်း နှစ်စဉ်လုပ်လာတာ၊ ကြာနပြေီ၊ အခုလို မီးရှူး လုပ်တာကလည်း အားလုံး ကိုယ့်ဘာသာ လုပ်ကြတာ၊ ဘယ်သူမှ မသင်ပေးဘူး၊ ဒီနှစ် လွှတ်တဲ့ မီးရှူးက မကောင်းရင် နောက်နှစ် ဒီထက်ပိုကောင်းအောင် လုပ်သွားကြမယ်ဆိုတဲ့ ခံယူချက်တွေ ရှိကြတယ်၊"ဟု လန့်တောင်းဘုန်းကြီးကျောင်းမှ အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးစိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း နံနက်မှ ညအထိ အပျော်တမ်း မီးရှူးလွှတ်ပွဲကို ကျင်းပလေ့ရှိပြီး တာလမြေို့တွင်းရှိ ကျေးရွာများမှ လာရောက်၍ လွှတ်ကြကြောင်း သိရသည်။

"အများဆုံးကတော့ ဒီရွာကရယ်၊ မအန်ခမ်ရွာကလည်း လာကြတယ်၊ တစ်နှစ်နဲ့ တစ်နှစ် အရေအတွက်တော့ မတူပါဘူး၊ ဒီလိုနေ့မှာ အားလုံး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြတယ်ဗျ"ဟု၎င်းက ပြောသည်။

တာချီလိတ်ခရိုင်အတွင်း၌ ယခုလို ကဆုန်လပြည့်နေ့တိုင်း ရိုးရာမပျက် စဉ်ဆက်မပြတ် ပြုလုပ်လာသည်မှာ လန့်တောင်းဘုန်းကြီးကျောင်း တစ်ကျောင်းတည်းသာဖြစ်ပြီး၊ မီးရှူးလွှတ်တင်ရာ၌ ပါဝင်သူများသည် အများအားဖြင့် လူငယ်များဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~