အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္တြင္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္

အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္တြင္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္
မေ 1, 2018
By Tachileik News Agency

ေမလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ကုန္တင္ကုန္ခ်ေကာ္မတီမွ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ားက စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္မႈ အျဖစ္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ၂၀၁၈ခုႏွစ္ ေမလ(၁)ရက္ေန႔ နံနက္ပိုင္းက ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။

သန္႔ရွင္းေရး ျပဳလုပ္ရာတြင္ ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီရံုးမွ တာ၀န္ခံ ေဒၚေအမီမီလြင္ အပါအ၀င္ ေစာင့္ေရွာက္ေရးမွဴး၊ စုမွဴးႏွင့္ လုပ္သားမွဴးမ်ားရံုးအဖြဲ႔ႏွင့္ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ား စုစုေပါင္း (၇၀)ဦး မွ စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္တြင္ ယခုလို စုေပါင္းသန္႔ရွင္းေရးအျဖစ္ ျပဳလုပ္သည္မွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္အား ၂၀၁၇ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔က စတင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများက စုပေါင်း သန့်ရှင်းရေး ပြုလုပ်မှု အဖြစ် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၈ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ရှင်းရေး ပြုလုပ်ရာတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ တာဝန်ခံ ဒေါ်အေမီမီလွင် အပါအဝင် စောင့်ရှောက်ရေးမှူး၊ စုမှူးနှင့် လုပ်သားမှူးများရုံးအဖွဲ့နှင့် ကုန်တင်ကုန်ချလုပ်သားကြီးများ စုစုပေါင်း (၇၀)ဦး မှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်တွင် ယခုလို စုပေါင်းသန့်ရှင်းရေးအဖြစ် ပြုလုပ်သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အား ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့က စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~