မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္အတြင္းမွ အႏၱရာယ္အဆင့္ Grade(5) သတ္မွတ္ခံထားရသည့္ မဲဇလီတံတားအား အသစ္ျပန္လည္ တည္ေဆာက္ရမည္ျဖစ္၍ ယာယီေဘလီတံတား(၁)စင္း ကို တစ္လအတြင္း အျမန္တည္ေဆာက္ ေပးသြားမည္ျဖစ္ေၾကာင္း တံတားအထူးအဖဲြ႔(၅)ထံမွ သိရသည္။
“တ႐ုတ္ႏိုင္ငံက ပညာ႐ွင္ေတြနဲ႔ ဧၿပီလ တတိယပတ္ထဲမွာ မဲဇလီတံတားက ႀကိဳးေတြကိုေဖာက္ စစ္ခဲ့ပါတယ္။ ႀကိဳးေတြမွာ သံေခ်းကိုက္ေနတဲ႔အေနအထားက အႏၱရာယ္ရိွႏိုင္တဲ့ Grade(5)အဆင့္ပါ။ Grade (2)၊ (3)၊ (4) ဆိုတာကေတာ႔ ျပင္လို႔ရတဲ႔ အေနအထားျဖစ္ၿပီး Grade(5) ကေတာ့ ျပင္ဖို႔ ခက္သြားၿပီ။ ျပန္ေဆာက္ဖို႔ပဲ ႐ွိပါတယ္။ ဒါ့ေၾကာင့္ ယာယီတံတားကို အျမန္ေဆာက္ဖို႔လုပ္ေနပါတယ္။ ေနရာေ႐ြးထားတာက တံတားေအာက္ဘက္ ေပ ၂၀၀၀ အကြာမွာ လုပ္ငန္းစတင္ဖို႔ ပစၥည္းေတြစုေနပါၿပီ။ ဒီတစ္ရက္၊ ႏွစ္ရက္အတြင္းစေဆာက္ေတာ႔မွာပါ" ဟု ဒုတိယညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးညီညီေဇာ္ က တာခ်ီိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယာယီေဘလီတံတား တည္ေဆာက္ေနစဥ္အတြင္း ျဖတ္သန္းခြင့္ျပဳ အေလးခ်ိန္ (၁၃)တန္ထိသာ ခြင္႔ျပဳထားၿပီး ယာဥ္ႀကီးမ်ား ျဖတ္သန္းပါက ခရီးသည္မ်ားကို လမ္းဆင္းေလွ်ာက္ေစသျဖင္႔ ကုန္ကားႀကီးမ်ားမွာ စလင္း/ပြင့္ျဖဴၿမိဳ႕ ဘက္မွ ပတ္သြားေနၾကရာ အဆိုပါၿမိဳ႕မ်ားတြင္ ရိွသည့္ ေဘလီ တံတားမ်ားကိုလည္း ႀကံ႕ခိုင္မႈ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
ေပ (၇၂၀)အ႐ွည္ရိွ ယာယီေဘလီတံတားတည္ေဆာက္ရန္ အခ်ိန္တစ္လခန္႔ၾကာျမင္႔မည္ဟု ခန္႔မွန္းၿပီး ခ်ဥ္းကပ္လမ္း RC တံတားေပ(၅၄၀) ႏွင့္ ႀကိဳးတံတား ေပ(၄၀၀)တို႔ျဖင္႔ ဖြဲ႔စည္းထားသည့္ ေပ (၉၄၀)အ႐ွည္ရိွ မဲဇလီႀကိဳးတံတားႀကီးအား ႀကိဳးတံတား ေပ (၄၀၀) ေနရာတြင္ သံေဘာင္တံတား Steel Box Girders ျဖင့္ ျပန္လည္တည္ေဆာက္မည္ျဖစ္ၿပီး ၾကာျမင္႔ခ်ိန္ (၆)လ ခန္႔မွန္းေၾကာင္း တံတား အထူး အဖဲြ႔(၅) မွ သိရသည္။
အက်ယ္ေပ(၅၀၀)ခန္႔၊ ေရအနက္(၁၃)ေပခန္႔ ရိွေသာ မဲဇလီေခ်ာင္းေပၚတြင္ ျဖတ္၍တည္ေဆာက္ ထားေသာ မဲဇလီတံတားမွာ မေကြးတိုင္းေဒသႀကီး ၊ မင္းဘူးခ႐ုိင္၊ ပြင္႔ျဖဴၿမိဳ႕နယ္ ၊ ပုသိမ္-မံု႐ြာလမ္းမႀကီး ေပၚ႐ွိ ၊မိုင္ (၂၉၅/၇-၂၉၆/၁)ၾကားတြင္ တည္႐ွိကာ ၂၀၀၄ ခုႏွစ္ ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ ေဆာက္ လုပ္ေရး၀န္ႀကီးဌာနက ေဆာက္လုပ္ခဲ႔ၿပီး ၂၀၀၇ ခုႏွစ္တြင္ ဖြင္႔လွစ္အသံုးျပဳခဲ႔သည့္ ႀကိဳးတံတားတစ္စင္း ျဖစ္ေၾကာင္း သိရသည္။
ေျမာင္းျမႀကိဳးတံတားဆိုင္းႀကိဳး ျပဳတ္က်၍ တံတားျပတ္က်မႈျဖစ္စဥ္ေနာက္ပိုင္း က်န္ ႀကိဳးတံတား(၂၉)စင္းကို တ႐ုတ္ပညာ႐ွင္ (၂၂)ဦးအကူအညီျဖင္႔ စစ္ေဆးေနၿပီး လတ္တေလာစစ္ေဆးမႈအ ရ မေကြးတိုင္းမွ မဲဇလီတံတား ႏွင္႔ မြန္ျပည္နယ္႐ွိ ဇာသျပင္တံတားတို႔မွာ အႏၱရာယ္အ႐ွိဆံုးအျဖစ္ သတ္မွတ္ခံခဲ႔ရေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - ေဆာက္လုပ္ေရး
“တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ဧပြီလ တတိယပတ်ထဲမှာ မဲဇလီတံတားက ကြိုးတွေကိုဖောက် စစ်ခဲ့ပါတယ်။ ကြိုးတွေမှာ သံချေးကိုက်နေတဲ့အနေအထားက အန္တရာယ်ရှိနိုင်တဲ့ Grade(5)အဆင့်ပါ။ Grade (2)၊ (3)၊ (4) ဆိုတာကတော့ ပြင်လို့ရတဲ့ အနေအထားဖြစ်ပြီး Grade(5) ကတော့ ပြင်ဖို့ ခက်သွားပြီ။ ပြန်ဆောက်ဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် ယာယီတံတားကို အမြန်ဆောက်ဖို့လုပ်နေပါတယ်။ နေရာရွေးထားတာက တံတားအောက်ဘက် ပေ ၂၀၀၀ အကွာမှာ လုပ်ငန်းစတင်ဖို့ ပစ္စည်းတွေစုနေပါပြီ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းစဆောက်တော့မှာပါ" ဟု ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးညီညီဇော် က တာချိီတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယာယီဘေလီတံတား တည်ဆောက်နေစဉ်အတွင်း ဖြတ်သန်းခွင့်ပြု အလေးချိန် (၁၃)တန်ထိသာ ခွင့်ပြုထားပြီး ယာဉ်ကြီးများ ဖြတ်သန်းပါက ခရီးသည်များကို လမ်းဆင်းလျှောက်စေသဖြင့် ကုန်ကားကြီးများမှာ စလင်း/ပွင့်ဖြူမြို့ ဘက်မှ ပတ်သွားနကြေရာ အဆိုပါမြို့များတွင် ရှိသည့် ဘေလီ တံတားများကိုလည်း ကြံ့ခိုင်မှု စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ပေ (၇၂၀)အရှည်ရှိ ယာယီဘေလီတံတားတည်ဆောက်ရန် အချိန်တစ်လခန့်ကြာမြင့်မည်ဟု ခန့်မှန်းပြီး ချဉ်းကပ်လမ်း RC တံတားပေ(၅၄၀) နှင့် ကြိုးတံတား ပေ(၄၀၀)တို့ဖြင့် ဖွဲ့စည်းထားသည့် ပေ (၉၄၀)အရှည်ရှိ မဲဇလီကြိုးတံတားကြီးအား ကြိုးတံတား ပေ (၄၀၀) နေရာတွင် သံဘောင်တံတား Steel Box Girders ဖြင့် ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး ကြာမြင့်ချိန် (၆)လ ခန့်မှန်းကြောင်း တံတား အထူး အဖွဲ့(၅) မှ သိရသည်။
အကျယ်ပေ(၅၀၀)ခန့်၊ ရေအနက်(၁၃)ပေခန့် ရှိသော မဲဇလီချောင်းပေါ်တွင် ဖြတ်၍တည်ဆောက် ထားသော မဲဇလီတံတားမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီး ပေါ်ရှိ၊မိုင် (၂၉၅/၇-၂၉၆/၁)ကြားတွင် တည်ရှိကာ ၂၀၀၄ ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့တွင် ဆောက် လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ကြိုးတံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
မြောင်းမြကြိုးတံတားဆိုင်းကြိုး ပြုတ်ကျ၍ တံတားပြတ်ကျမှုဖြစ်စဉ်နောက်ပိုင်း ကျန် ကြိုးတံတား(၂၉)စင်းကို တရုတ်ပညာရှင် (၂၂)ဦးအကူအညီဖြင့် စစ်ဆေးနပြေီး လတ်တလောစစ်ဆေးမှုအ ရ မကွေးတိုင်းမှ မဲဇလီတံတား နှင့် မွန်ပြည်နယ်ရှိ ဇာသပြင်တံတားတို့မှာ အန္တရာယ်အရှိဆုံးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဆောက်လုပ်ရေး