မြန်မာ့တပ်မတော်ပေါ် ကျရောက်နေသည့် နိုင်ငံတကာဖိအားပေးမှုများအား ဆန့်ကျင်ရှုတ်ချပွဲ တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ မေလ(၂၁)ရက်နေ့တွင် ကျင်းပမည်
မြန်မာ့တပ်မတော်ပေါ် ကျရောက်နေသည့် နိုင်ငံတကာဖိအားပေးမှုများအား ဆန့်ကျင်ရှုတ်ချပွဲ တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ မေလ(၂၁)ရက်နေ့တွင် ကျင်းပမည်
မေ 19, 2018
By Tachileik News Agency
အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲအား ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ ဦးဇော်မျိုးလတ်(ဗိုလ်ကြီး - တပ်မတော်အငြိမ်းစား) က ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ့တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများအား ဆန့်ကျင် ရှုတ်ချပွဲ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ခုနှစ် မေလ(၂၁)ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းရိုးမကွင်းမှာ လူစုမယ်။ ဟောပြောပွဲ ခဏလုပ်မယ်။ ပြီးရင် ရှမ်းရိုးမကွင်းကနေ အဝိုင်းပတ်ကို သွားပြီး ရှမ်းရိုးမကွင်းမှာ ပြန်စုမှာပါ။ အဲဒါပြီးရင် ပြီးပါပြီ"ဟု အဆိုပါပွဲအား ဦးဆောင်ကျင်းပသူ ဦးဇော်မျိုးလတ်(ဗိုလ်ကြီး - တပ်မတော်အငြိမ်းစား)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲအား ဌာနဆိုင်ရာအဖွဲ့အစည်းများအနဖြေင့် ပြုလုပ်ခြင်း မဟုတ်ဘဲ ဦးဇော်မျိုးလတ်(ဗိုလ်ကြီး - တပ်မတော်အငြိမ်းစား) က ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~