ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စကားဝိုင်းကို "ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၁၈ခုနှစ် မေလ(၂၅)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဆန်ဆိုင်းကျေးရွာရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဒေါက်တာနေလင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးရင်ရင်အေး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှတို့မှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် အဖြစ် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့က "လူငယ်နှင့်အနာဂတ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်ပခဲ့ပြီး တာချီလိတ်တွင် ပြည်သူ့စကားဝိုင်း ကျင်းပသည်မှာ ရှမ်းပြည်နယ်(အရှေ့)ပိုင်း၏ ပထမဆုံးဖြစ်ကြောင်း သိရသည်။