တာချီလိတ်ခရိုင်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အလေ့အကျင့်ကောင်းစနစ် နည်းပညာများ ဖြန့်ဝေပေးနေ

တာချီလိတ်ခရိုင်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အလေ့အကျင့်ကောင်းစနစ် နည်းပညာများ ဖြန့်ဝေပေးနေ
မေ 23, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှ တောင်သူများအား စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများ ကျင့်သုံးသည့် စနစ်အား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုး ကာလမှစ၍ ဖြန့်ဝေနေပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက တစ်လလျှင် ကျေးရွာလေးရွာနှုန်းဖြင့် ဟောပြော ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်အား တာချီလိတ်ခရိုင်အတွင်း တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုမြို့များ အတွင်းရှိ ကျေးရွာများတွင် ၂၀၁၇ ခုနှစ် မိုးရာသီကာလမှစ၍ ဖြန့်ဝေ နေခြင်းဖြစ်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက တစ်လလျှင် ကျေးရွာလေးရွာနှုန်းဖြင့် ဟောပြောဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


စိုက်ပျိုးရေးအလေ့အကျင့် ကောင်းများမှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ် ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက် ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများ စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။


မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသုံးပြုသည့် နည်းစနစ်ကို သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ထောပတ်သီး၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ နှမ်းနှင့် ကော်ဖီစိုက်ပျိုးရေးတို့တွင် စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှ တောင်သူများအား စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများ ကျင့်သုံးသည့် စနစ်အား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုး ကာလမှစ၍ ဖြန့်ဝေနပြေီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက တစ်လလျှင် ကျေးရွာလေးရွာနှုန်းဖြင့် ဟောပြော ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်အား တာချီလိတ်ခရိုင်အတွင်း တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုမြို့များ အတွင်းရှိ ကျေးရွာများတွင် ၂၀၁၇ ခုနှစ် မိုးရာသီကာလမှစ၍ ဖြန့်ဝေ နခြေင်းဖြစ်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက တစ်လလျှင် ကျေးရွာလေးရွာနှုန်းဖြင့် ဟောပြောဆွေးနွေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ မိုးရာသီကာလကတည်းက ဒီစိုက်ပျိုးရေးအလေ့အထကို ဒီဒေသမှာ မိတ်ဆက်နေတာပါ။ ဒါက အစားအစာ ဘေးကင်းရေး အတွက် လုပ်ဆောင်တာဖြစ်ပါတယ်။ နောက်ပတ် ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း လုပ်ဆောင်တာဖြစ်တယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ဆီက ထွက်တဲ့ သီးနှံတွေဟာ ပြည်ပတင်ပို့တဲ့အခါ အရည်အသွေးမမီသေးဘူး။ ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်တာမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီစနစ်ကို အကောင်အထည်ဖော်တာပါ”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးအလေ့အကျင့် ကောင်းများမှာ မြပြေုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ် ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက် ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများ စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ဆောင်ရွက်ရာတွင် အစားအစာအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏အရည်အသွေးကဏ္ဍ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူနေမှုဘဝသာယာရေးကဏ္ဍတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသုံးပြုသည့် နည်းစနစ်ကို သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ထောပတ်သီး၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ နှမ်းနှင့် ကော်ဖီစိုက်ပျိုးရေးတို့တွင် စတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~