ျမန္မာ - တရုတ္နယ္စပ္ဂိတ္တြင္ ျမန္မာႏုိင္ငံထြက္ စားေသာက္ကုန္ တစ္ပိုင္တစ္ႏုိင္ သယ္ယူမႈကို စတင္တားျမစ္

ျမန္မာ - တရုတ္နယ္စပ္ဂိတ္တြင္ ျမန္မာႏုိင္ငံထြက္ စားေသာက္ကုန္ တစ္ပိုင္တစ္ႏုိင္ သယ္ယူမႈကို စတင္တားျမစ္
ဇွန် 1, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ တရုတ္ႏုိင္ငံဘက္သို႔ တစ္ႏုိင္တစ္ပိုင္ သယ္ေဆာင္ေနသည့္ စားေသာက္ကုန္ ပစၥည္းမ်ားအား တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ဇြန္လ (၁)ရက္ေန႔မွစ၍ တင္သြင္းခြင့္ မျပဳေတာ့ေၾကာင္း သိရသည္။

“ဒီလကုန္ရက္ပိုင္းကတည္းက တရုတ္ဘက္က လက္ေဗြစစ္တာေတြ လုပ္ေနရာကေန ဒီေန႔မနက္မွာ ဟိုဘက္ အလုပ္ လုပ္ေနတဲ့ ျမန္မာေတြ သယ္လာတဲ့ စားေသာက္ကုန္ေတြကို ပိတ္ပင္လာတာ။ အရင္ကေတာ့ သြားလို႔ရတယ္။ အရင္က ပံုမွန္သြားလာေနတာေတြေပါ့။ ကၽြန္ေတာ္တုိ႔ ဒီဘက္ကေနသြားတဲ့ တစ္ပိုင္တစ္ႏုိင္ေလးေတြ သယ္သြားတဲ့ ဆန္တို႔၊ သရက္သီးတို႔ စသျဖင့္ေပါ့။ ဒီမနက္ဆို ကၽြန္ေတာ္ နန္းေတာ္ဂိတ္ေရာက္ေတာ့ အစ္မတစ္ေယာက္ဆို ဆန္က ႏွစ္ျပည္ခြဲ၊ သံုးျပည္ေလာက္ပါတယ္။ အဲဒီ ဆန္ထုပ္နဲ႔ ဟိုဘက္ကို ေပးမဝင္ဘူးတဲ့။ သူတို႔က ေရႊလီဘက္မွာ  ေက်ာက္ေသြးတဲ့လုပ္ငန္း လုပ္တာတဲ့။ အဲဒါ ရိကၡာလာဝယ္တာ ေပးမဝင္ေတာ့ ဂိတ္မွာပဲ ငုတ္တုတ္ေလး ထုိင္ေနတာ ေတြ႔ရတယ္”ဟု  မူဆယ္ၿမိဳ႕ခံ တစ္ဦးျဖစ္သည့္ ဦးခင္ေမာင္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ယင္းကဲ့သို႔ တင္သြင္းခြင့္စိစစ္ပိတ္ပင္လုိက္သျဖင့္ တရုတ္ႏုိင္ငံ ေရႊလီ၊ က်ယ္ေခါင္တို႔တြင္ အလုပ္ လုပ္ေနၿပီး မူဆယ္ၿမိဳ႕ဘက္တြင္ ရိကၡာလာေရာက္ဝယ္ယူၾကသည့္ ျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ားမွာ အခက္အခဲႀကံဳေနရေၾကာင္း  ေဒသခံမ်ားထံမွ သိရသည္။

“ဒီကိစၥက တင္ျပလာတာေတာ့ မရိွေသးပါဘူး။ ႏွစ္ႏုိင္ငံၾကား တစ္ပိုင္တစ္ႏုိင္ သယ္ခြင့္ဆိုတာ ဟိုဘက္ဒီဘက္ သယ္ေဆာင္ခြင့္ျပဳတဲ့ တစ္ပိုင္တစ္ႏုိင္စာရင္း သေဘာတူညီခ်က္ေလးေတြ ရိွတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း အဲဒီသေဘာတူညီခ်က္ထက္ ေက်ာ္လြန္တာေလးေတြ ပံုမွန္သြားေနတာလည္း ရိွေကာင္း ရိွမယ္ေပါ့ေနာ္။ တစ္ခါတစ္ေလ သီးျခားဥပေဒနဲ႔ စိစစ္တဲ့အခါမ်ိဳးမွာ ေက်ာ္လြန္ေနတာေလးေတြ အသြင္းမခံတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္”ဟု ကုန္သြယ္မႈ တိုးတက္ေရး အတြက္ နယ္စပ္ ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ကိုယ္စားလွယ္ ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္ ေမလကုန္မွစ၍ တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံသားမွတ္ပံုတင္ႏွင့္ တရုတ္ႏုိင္ငံသားမွတ္ပံုတင္ ႏွစ္ခု ကိုင္ေဆာင္ထားသူမ်ားအား စိစစ္ရန္အတြက္ ျမန္မာ - တရုတ္နယ္စပ္ဂိတ္မ်ားမွ ျဖတ္သန္း ဝင္ေရာက္သူမ်ားအား လက္ေဗြစိစစ္မႈမ်ား ျပဳလုပ္ေနသျဖင့္ နယ္စပ္ဂိတ္မ်ားတြင္ ျဖတ္သန္းသြားလာရန္ ပံုမွန္ထက္ ၾကန္႔ၾကာမႈမ်ား ရိွေနေၾကာင္း  ေဒသခံမ်ားထံမွ သိရသည္။

ႏွစ္ႏုိင္ငံ ႏုိင္ငံသားခံယူထားသူမ်ားကို ျမန္မာႏုိင္ငံတြင္လည္း ခြင့္ျပဳထားျခင္း မရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္ ၊
ဓါတ္ပံု - Ko Htay


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ တစ်နိုင်တစ်ပိုင် သယ်ဆောင်နေသည့် စားသောက်ကုန် ပစ္စည်းများအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇွန်လ (၁)ရက်နေ့မှစ၍ တင်သွင်းခွင့် မပြုတော့ကြောင်း သိရသည်။

“ဒီလကုန်ရက်ပိုင်းကတည်းက တရုတ်ဘက်က လက်ဗွေစစ်တာတွေ လုပ်နေရာကနေ ဒီနေ့မနက်မှာ ဟိုဘက် အလုပ် လုပ်နေတဲ့ မြန်မာတွေ သယ်လာတဲ့ စားသောက်ကုန်တွေကို ပိတ်ပင်လာတာ။ အရင်ကတော့ သွားလို့ရတယ်။ အရင်က ပုံမှန်သွားလာနေတာတွေပေါ့။ ကျွန်တော်တို့ ဒီဘက်ကနေသွားတဲ့ တစ်ပိုင်တစ်နိုင်လေးတွေ သယ်သွားတဲ့ ဆန်တို့၊ သရက်သီးတို့ စသဖြင့်ပေါ့။ ဒီမနက်ဆို ကျွန်တော် နန်းတော်ဂိတ်ရောက်တော့ အစ်မတစ်ယောက်ဆို ဆန်က နှစ်ပြည်ခွဲ၊ သုံးပြည်လောက်ပါတယ်။ အဲဒီ ဆန်ထုပ်နဲ့ ဟိုဘက်ကို ပေးမဝင်ဘူးတဲ့။ သူတို့က ရွှေလီဘက်မှာ ကျောက်သွေးတဲ့လုပ်ငန်း လုပ်တာတဲ့။ အဲဒါ ရိက္ခါလာဝယ်တာ ပေးမဝင်တော့ ဂိတ်မှာပဲ ငုတ်တုတ်လေး ထိုင်နေတာ တွေ့ရတယ်”ဟု မူဆယ်မြို့ခံ တစ်ဦးဖြစ်သည့် ဦးခင်မောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ယင်းကဲ့သို့ တင်သွင်းခွင့်စိစစ်ပိတ်ပင်လိုက်သဖြင့် တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ခေါင်တို့တွင် အလုပ် လုပ်နပြေီး မူဆယ်မြို့ဘက်တွင် ရိက္ခါလာရောက်ဝယ်ယူကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အခက်အခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီကိစ္စက တင်ပြလာတာတော့ မရှိသေးပါဘူး။ နှစ်နိုင်ငံကြား တစ်ပိုင်တစ်နိုင် သယ်ခွင့်ဆိုတာ ဟိုဘက်ဒီဘက် သယ်ဆောင်ခွင့်ပြုတဲ့ တစ်ပိုင်တစ်နိုင်စာရင်း သဘောတူညီချက်လေးတွေ ရှိတယ်။ တစ်ချို့ကျတော့လည်း အဲဒီသဘောတူညီချက်ထက် ကျော်လွန်တာလေးတွေ ပုံမှန်သွားနေတာလည်း ရှိကောင်း ရှိမယ်ပေါ့နော်။ တစ်ခါတစ်လေ သီးခြားဥပဒေနဲ့ စိစစ်တဲ့အခါမျိုးမှာ ကျော်လွန်နေတာလေးတွေ အသွင်းမခံတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ် ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ် မေလကုန်မှစ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် တရုတ်နိုင်ငံသားမှတ်ပုံတင် နှစ်ခု ကိုင်ဆောင်ထားသူများအား စိစစ်ရန်အတွက် မြန်မာ - တရုတ်နယ်စပ်ဂိတ်များမှ ဖြတ်သန်း ဝင်ရောက်သူများအား လက်ဗွေစိစစ်မှုများ ပြုလုပ်နေသဖြင့် နယ်စပ်ဂိတ်များတွင် ဖြတ်သန်းသွားလာရန် ပုံမှန်ထက် ကြန့်ကြာမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူများကို မြန်မာနိုင်ငံတွင်လည်း ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်၊
ဓာတ်ပုံ - Ko Htay

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~