ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် တာချီလိတ်မြို့နယ်လုံး ဆိုင်ရာ သံဃာတော် အပါး(၁၀၀၀)ဖြင့် စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက်၍ လောင်းလှူနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ ရှမ်းဘုန်းကြီးကျောင်းအားလုံးမှ အပါး(၈၀၀) နှင့် မြန်မာဘုန်းကြီးကျောင်းများမှ အပါး(၂၀၀) စုစုပေါင်း အပါး(၁၀၀၀)ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။