ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား(၃၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား(၃၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဇွန် 15, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံတြင္ ခြင့္ျပဳရက္ထက္ေက်ာ္လြန္ေနထိုင္မႈ၊ ခြင့္ျပဳေဒသထက္ ေက်ာ္လြန္သြားလာမႈႏွင့္ တရားမဝင္ ဝင္ေရာက္မႈတို႔ျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၃၇)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၅)ရက္ေန႔တြင္ ထုိင္းနုိင္ငံက လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားမ်ားတြင္ ထိုင္းႏုိင္ငံ ဘန္ေကာက္၊ မဟာခ်ိဳင္၊ မယ္ဆိုင္၊ ခ်င္းမုိင္၊ ခၽြန္ဘူရီ၊ မဲေဆာက္တို႔တြင္ ခြင့္ျပဳရက္ထက္ေက်ာ္လြန္ေနထိုင္သူ (၂၄)ဦး၊ နယ္ေျမက်ဴးေက်ာ္ သြားေရာက္သူ (၂)ဦးႏွင့္ တရားမဝင္သြားေရာက္သူ (၁၁)ဦးတို႔ပါဝင္ၿပီး ရခိုင္ျပည္နယ္မွ (၃)ဦး၊ ရွမ္းျပည္နယ္အတြင္းမွ (၂၀)ဦး၊ ဧရာဝတီတုိင္းေဒသႀကီးမွ (၁)ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ(၂)ဦးႏွင့္ မေကြးတုိင္းေဒသႀကီးမွ (၁)ဦး တို႔ပါဝင္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသား (၂၉) ဦးႏွင့္ အမ်ိဳးသမီး (၈) ဦးတို႔အား ထိုင္းနုိင္ငံမွ တာဝန္ရိွသူတို႔က လာေရာက္ လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံမွ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားမ်ားအတြက္ ေန႔လယ္စာကို CNCMC ေကာ္မတီ၏ စီစဥ္ေပးမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕ရိွ   ဦးေအာင္ႏိုင္ 1G1 7 Hotel မိသားစုက  ေန႔လည္စာ၊ အေအး ႏွင့္ ေသာက္ေရသန္႔မ်ား ေကြ်းေမြးဒါနျပဳခဲ့ၾကသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္း ေပးလာသည့္ ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၅)ရက္ေန႔အထိ အမ်ိဳးသား(၂၈၁)ဦး၊ အမ်ိဳးသမီး(၁၃၃)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၄၂၉) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း -  စိုင္းေဇယ်ာ
ဓါတ္ပံု -  ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံတွင် ခွင့်ပြုရက်ထက်ကျော်လွန်နေထိုင်မှု၊ ခွင့်ပြုဒေသထက် ကျော်လွန်သွားလာမှုနှင့် တရားမဝင် ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၃၇)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၅)ရက်နေ့တွင် ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများတွင် ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်၊ မယ်ဆိုင်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ မဲဆောက်တို့တွင် ခွင့်ပြုရက်ထက်ကျော်လွန်နေထိုင်သူ (၂၄)ဦး၊ နယ်မြေကျူးကျော် သွားရောက်သူ (၂)ဦးနှင့် တရားမဝင်သွားရောက်သူ (၁၁)ဦးတို့ပါဝင်ပြီး ရခိုင်ပြည်နယ်မှ (၃)ဦး၊ ရှမ်းပြည်နယ်အတွင်းမှ (၂၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၂)ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၁)ဦး တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ အမျိုးသား (၂၉) ဦးနှင့် အမျိုးသမီး (၈) ဦးတို့အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူတို့က လာရောက် လွှဲပြောင်းပေးရာ မြန်မာနိုင်ငံမှ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများအတွက် နေ့လယ်စာကို CNCMC ကော်မတီ၏ စီစဉ်ပေးမှုဖြင့် တာချီလိတ်မြို့ရှိ ဦးအောင်နိုင် 1G1 7 Hotel မိသားစုက နေ့လည်စာ၊ အအေး နှင့် သောက်ရေသန့်များ ကျွေးမွေးဒါနပြုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်း ပေးလာသည့် ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့အထိ အမျိုးသား(၂၈၁)ဦး၊ အမျိုးသမီး(၁၃၃)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၄၂၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~