ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ ေတာင္က်ေခ်ာင္းေရျဖင့္ ေရေမ်ာသြားသည့္ ကားတစ္စီးကို ဇြန္လ (၁၅)ရက္ေန႔က ေသဆံုးသူႏွစ္ဦးႏွင့္အတူ ျပန္ေတြ႔ရၿပီး ပုဏၰားကၽြန္းတြင္ ေတာင္ေျမၿပိဳက်မႈေၾကာင့္ ျမဳပ္သြားသည့္ ေနအိမ္တြင္ လူငယ္တစ္ဦး ပါဝင္သြားေၾကာင္း သိရသည္။
၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၄) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္တြင္ အမ္းၿမိဳ႕နယ္ ႀကိမ္ေခ်ာင္းေက်းရြာ အနီး၌ SURF အမ်ိဳးအစားေမာ္ေတာ္ယာဥ္တစ္စီးက ေရေက်ာ္ေနေသာ ကားလမ္းအား ျဖတ္ကူးရာမွ ေတာင္က်ေရစီးႏွင့္ အတူ ေမ်ာပါသြားသျဖင့္ အမ္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္း အဖြဲ႕ျဖင့္ ရွာေဖြခဲ့ရာ ဇြန္လ (၁၅) ရက္ေန႔ ညေန (၂)နာရီခြဲဝန္းက်င္တြင္ ႀကိမ္ေခ်ာင္းေက်းရြာ အထြက္ ကားလမ္း၏ ဝဲဘက္ကမ္းစပ္တြင္ ျပန္လည္ေတြ႔ရၿပီး ယာဥ္အတြင္း၌ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔၏ အေလာင္းတို႔အား ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
အဆိုပါယာဥ္မွ အသက္ (၄၁)ႏွစ္အရြယ္ ဦးေဇာ္မင္းသိုက္ႏွင့္ အသက္ (၅၂)ႏွစ္အရြယ္ ေဒၚစံဝင္းခိုင္တို႔ ေသဆံုးမႈအား အမ္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၃/၂၀၁၈)ျဖင့္ ေရးဖြင့္ထားေၾကာင္း သိရသည္။
ပုဏၰားကၽြန္းၿမိဳ႕နယ္၊ လြန္ပူေက်းရြာတြင္ ဇြန္လ (၁၅)ရက္ေန႔ ည(၇)နာရီခြဲဝန္းက်င္က မိုးရြာသြန္းမႈေၾကာင့္ ေတာင္ေျမၿပိဳက်ရာ ေနအိမ္တစ္လုံး ေျမႀကီးထဲ ျမဳပ္ဝင္သြားခဲ့ၿပီး အဆိုပါ ေနအိမ္တြင္ ေနထိုင္သည့္ အသက္ (၁၆)ႏွစ္အရြယ္ ေမာင္ေဇာ္ထြန္းမွာ ေျမႀကီး ပိမိေနသျဖင့္ ေက်းရြာသားမ်ားက ဝိုင္းဝန္းရွာ ေဖြလ်က္ရွိေၾကာင္း သိရသည္။
သတင္း - နန္းဟြမ္ခမ္း
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် အမ်းမြို့နယ် ကြိမ်ချောင်းကျေးရွာ အနီး၌ SURF အမျိုးအစားမော်တော်ယာဉ်တစ်စီးက ရေကျော်နေသော ကားလမ်းအား ဖြတ်ကူးရာမှ တောင်ကျရေစီးနှင့် အတူ မျောပါသွားသဖြင့် အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ရှာဖွေခဲ့ရာ ဇွန်လ (၁၅) ရက်နေ့ ညနေ (၂)နာရီခွဲဝန်းကျင်တွင် ကြိမ်ချောင်းကျေးရွာ အထွက် ကားလမ်း၏ ဝဲဘက်ကမ်းစပ်တွင် ပြန်လည်တွေ့ရပြီး ယာဉ်အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းတို့အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်မှ အသက် (၄၁)နှစ်အရွယ် ဦးဇော်မင်းသိုက်နှင့် အသက် (၅၂)နှစ်အရွယ် ဒေါ်စံဝင်းခိုင်တို့ သေဆုံးမှုအား အမ်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၈)ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ လွန်ပူကျေးရွာတွင် ဇွန်လ (၁၅)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က မိုးရွာသွန်းမှုကြောင့် တောင်မြပြေိုကျရာ နေအိမ်တစ်လုံး မြကြေီးထဲ မြုပ်ဝင်သွားခဲ့ပြီး အဆိုပါ နေအိမ်တွင် နေထိုင်သည့် အသက် (၁၆)နှစ်အရွယ် မောင်ဇော်ထွန်းမှာ မြကြေီး ပိမိနေသဖြင့် ကျေးရွာသားများက ဝိုင်းဝန်းရှာ ဖွေလျက်ရှိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း