ထုိင္းႏုိင္ငံတြင္း ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ဇြန္လ (၃၀)ရက္ေန႔မတိုင္မီ CI ထုတ္ႏုိင္ရန္ ပိတ္ရက္မရိွ ေဆာင္ရြက္ေပးေန

ထုိင္းႏုိင္ငံတြင္း ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ဇြန္လ (၃၀)ရက္ေန႔မတိုင္မီ CI ထုတ္ႏုိင္ရန္ ပိတ္ရက္မရိွ ေဆာင္ရြက္ေပးေန
ဇွန် 16, 2018
By Tachileik News Agency
ထုိင္းႏုိင္ငံရိွ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား အလုပ္သမားအေထာက္အထား CI ထုတ္ေပးေနသည့္ စင္တာမ်ားကို ထုိင္းႏုိင္ငံက ေနာက္ဆံုးသတ္မွတ္ရက္ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔အထိ ပိတ္ရက္မရိွ ဖြင့္လွစ္ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

လက္ရွိ ဖြင့္လွစ္ထားရွိေသာ CI Team မ်ားက ဇြန္လ(၃၀)ရက္ေန႔အထိ ေန႔စဥ္ နံနက္ (၈)နာရီခြဲမွစ၍ လာေရာက္ေလွ်ာက္ထားသူ ကုန္သည္အထိ ေဆာင္ရြက္ေပးေနမည္ျဖစ္ၿပီး Mobile Unit ႏွစ္ခုတြင္ ေန႔စဥ္ အလုပ္သမားတစ္ေထာင္ခန္႔ထုတ္ေပးႏုိင္ေရး ေဆာင္ရြက္ထားေၾကာင္း သိရသည္။

အလုပ္သမားမ်ားအေနျဖင့္ နီးစပ္ရာ Seven Eleven စတိုးဆိုင္မ်ားတြင္ ဘတ္ေငြ(၃၁၀) ေပးသြင္း၍ CI စာအုပ္အား ေန႔ခ်င္းၿပီး ထုတ္ယူႏုိင္ၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လ(၁၅)ရက္ေန႔အထိ Counter Services တြင္ ေငြေပးသြင္းၿပီးသူဦးေရ (၄၁၀၀၀) ခန္႔မွာ CI ထုတ္ယူရန္က်န္ရွိေနေၾကာင္း သိရသည္။

CI ျပဳလုပ္ျခင္းအတြက္ အခက္အခဲ တစ္စံုတစ္ရာရွိပါက CI စခန္းတာ၀န္ခံမ်ားႏွင့္ အလုပ္သမားသံအရာရွိ ဖုန္းနံပါတ္မ်ားျဖစ္သည့္ ဦးစန္းေမာင္ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန္းနိုင္ ၀၆၅၂၂၀၆၉၅၂၊ ဦးေဇာ္မင္းေအာင္ ၀၆၅၂၂၀၆၉၅၁ (ရေနာင္း)၊ ဦးေအာင္မင္း ၀၆၅၂၂၀၆၉၅၃ (မဲေဆာက္)၊ ဦးဦးခင္ေမာင္ ၀၉၉၀၅၉၂၃၅၂ (ခ်င္းမိုင္)၊ ဦးရဲရန္ေအာင္ ၀၉၉၂၁၇၁၃၇၉ Mobile 1 တာ၀န္ခံ( စမုစခြန္)၊ ဦးေက်ာ္မ်ိဳးသူ ၀၈၂၃၅၃၁၂၅၉ Mobile 2 တာ၀န္ခံ( အလုပ္သမားဝန္ႀကီးဌာနရံုး)တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

ျမန္မာလုပ္သားမ်ားအေနျဖင့္ အေထာက္အထား ထုတ္ယူရန္ ထိုင္းႏိုင္ငံ၊ အလုပ္သမား၀န္ႀကီးဌာန တည္ရွိရာ၊ Mitr-maitri Road, Din-Daeng Bangkok တြင္လည္းေကာင္း စမုဆခြန္ခရိုင္၊ ထေလထိုင္းငါးေစ်းအနီးတြင္ လည္းေကာင္း ေရြ႕လ်ားအဖြဲ႕ျဖင့္ ေဆာင္ရြက္ေပးလ်က္ရွိၿပီး ထိုင္းနိုင္ငံ အလုပ္သမား၀န္ႀကီးဌာနတြင္လည္း Work Permit Visa တစ္ပါတည္း ထုတ္ယူနိုင္ေစရန္ OSS စခန္းအား ပူးတြဲဖြင့္လွစ္ေပးထားေၾကာင္း သိရသည္။

ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းစဥ္ေနာက္ဆံုး ေဆာင္ရြက္ေပးရန္ ေျဖေလ်ာ့ေပးထားသည့္ အခ်ိန္ကာလသည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔တြင္ ကုန္ဆံုးမည္ျဖစ္ရာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အေထာက္အထား လက္ဝယ္မရွိသူမ်ား၊ အေထာက္အထား ျပဳလုပ္ထားေသာ္လည္း သက္ဆိုင္ရာနိုင္ငံ၏ ဥပေဒအရ Semi Process ျဖင့္ ရပ္တန္႔ေနရသူမ်ား၊ အေထာက္အထားမရွိဘဲ နယ္စပ္ကိုျဖတ္ေက်ာ္ဝင္ေရာက္လာသူမ်ား အားလံုးသည္ လက္ရွိ အေျခအေနတြင္ မိမိတို႔ႏိုင္ငံသို႔ ေအးခ်မ္းစြာ ျပန္ႏိုင္ၾကၿပီး အလုပ္ဆက္လက္လုပ္ကိုင္ႏိုုင္ရန္အတြက္ MOU U –Turn Process အတိုင္း ဆက္လက္ေဆာင္ရြက္ရန္ ထိုင္းႏုိင္ငံရိွ ျမန္မာအလုပ္သမားသံအရာရိွရံုးက တိုက္တြန္းထားသည္။

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ညိႇႏိႈင္းၿပီး CI ထုတ္ေပးေရးစခန္းမ်ားကို ၂၀၁၇ ခုႏွစ္ မတ္လမွစ၍ ဖြင့္လွစ္ ေဆာင္ရြက္ေပးေနရာ ယခုအခ်ိန္အထိ CI စာအုပ္ထုတ္ယူထားသူ (၁၁)သိန္းခန္႔ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာဥပေဒေျပာင္းလဲမႈေၾကာင့္ အေထာက္အထားမရိွသည့္ ေရႊ႕ေျပာင္း လုပ္သားမ်ားအား အေထာက္အထားထုတ္ေပးျခင္းႏွင့္ အေထာက္အထား ျပဳလုပ္ႏုိင္ျခင္း မရိွသူမ်ား ဖမ္းဆီးခံရျခင္းမရိွဘဲ ေနရပ္ျပန္ႏုိင္ေရးကို ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံသေဘာတူညီမႈျဖင့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔အထိ ခြင့္ျပဳထားျခင္းျဖစ္သည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအထောက်အထား CI ထုတ်ပေးနေသည့် စင်တာများကို ထိုင်းနိုင်ငံက နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်ထားရှိသော CI Team များက ဇွန်လ(၃၀)ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီခွဲမှစ၍ လာရောက်လျှောက်ထားသူ ကုန်သည်အထိ ဆောင်ရွက်ပေးနေမည်ဖြစ်ပြီး Mobile Unit နှစ်ခုတွင် နေ့စဉ် အလုပ်သမားတစ်ထောင်ခန့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။

အလုပ်သမားများအနဖြေင့် နီးစပ်ရာ Seven Eleven စတိုးဆိုင်များတွင် ဘတ်ငွေ(၃၁၀) ပေးသွင်း၍ CI စာအုပ်အား နေ့ချင်းပြီး ထုတ်ယူနိုင်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ(၁၅)ရက်နေ့အထိ Counter Services တွင် ငွေပေးသွင်းပြီးသူဦးရေ (၄၁၀၀၀) ခန့်မှာ CI ထုတ်ယူရန်ကျန်ရှိနေကြောင်း သိရသည်။

CI ပြုလုပ်ခြင်းအတွက် အခက်အခဲ တစ်စုံတစ်ရာရှိပါက CI စခန်းတာဝန်ခံများနှင့် အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ ဦးရဲရန်အောင် ဝ၉၉၂၁၇၁၃၇၉ Mobile 1 တာဝန်ခံ( စမုစခွန်)၊ ဦးကျော်မျိုးသူ ဝ၈၂၃၅၃၁၂၅၉ Mobile 2 တာဝန်ခံ( အလုပ်သမားဝန်ကြီးဌာနရုံး)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာလုပ်သားများအနဖြေင့် အထောက်အထား ထုတ်ယူရန် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန တည်ရှိရာ၊ Mitr-maitri Road, Din-Daeng Bangkok တွင်လည်းကောင်း စမုဆခွန်ခရိုင်၊ ထလေထိုင်းငါးဈေးအနီးတွင် လည်းကောင်း ရွေ့လျားအဖွဲ့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင်လည်း Work Permit Visa တစ်ပါတည်း ထုတ်ယူနိုင်စေရန် OSS စခန်းအား ပူးတွဲဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်နောက်ဆုံး ဆောင်ရွက်ပေးရန် ဖြေလျော့ပေးထားသည့် အချိန်ကာလသည် ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အကြောင်း အမျိုးမျိုးကြောင့် အထောက်အထား လက်ဝယ်မရှိသူများ၊ အထောက်အထား ပြုလုပ်ထားသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူများ၊ အထောက်အထားမရှိဘဲ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာသူများ အားလုံးသည် လက်ရှိ အခြေအနေတွင် မိမိတို့နိုင်ငံသို့ အေးချမ်းစွာ ပြန်နိုင်ကြပြီး အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် MOU U –Turn Process အတိုင်း ဆက်လက်ဆောင်ရွက်ရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းပြီး CI ထုတ်ပေးရေးစခန်းများကို ၂၀၁၇ ခုနှစ် မတ်လမှစ၍ ဖွင့်လှစ် ဆောင်ရွက်ပေးနေရာ ယခုအချိန်အထိ CI စာအုပ်ထုတ်ယူထားသူ (၁၁)သိန်းခန့်ရှိနပြေီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေပြောင်းလဲမှုကြောင့် အထောက်အထားမရှိသည့် ရွှေ့ပြောင်း လုပ်သားများအား အထောက်အထားထုတ်ပေးခြင်းနှင့် အထောက်အထား ပြုလုပ်နိုင်ခြင်း မရှိသူများ ဖမ်းဆီးခံရခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေးကို မြန်မာ - ထိုင်းနှစ်နိုင်ငံသဘောတူညီမှုဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ ခွင့်ပြုထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~