ကချင်ပြည်နယ်(မြောက်ပိုင်း) ပူတာအိုခရိုင်၊ ပူတာအိုနှင့် မချမ်းဘော့မြို့များအပါအဝင် ကျေးရွာများသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်းက စမ်းသပ် ပို့လွှတ်နေပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တည်ဆောက်နေသည့် ၃ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်စမ်းသပ်လည်ပတ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့၏ အနောက်တောင်ဘက်(၇)မိုင်အကွာရှိ နမ့်ထွမ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစူးစမ်းလေ့လာမှုများကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ပညာရှင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များဖြင့် ၂၀၁၄ ခုနှစ် မတ်လမှ ဇွန်လအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့က စတင်ကာ ပြည်ထောင်စု အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တည်ဆောက်နေသည့် ၃ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်စမ်းသပ်လည်ပတ်မှုများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့၏ အနောက်တောင်ဘက်(၇)မိုင်အကွာရှိ နမ့်ထွမ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစူးစမ်းလေ့လာမှုများကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ပညာရှင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များဖြင့် ၂၀၁၄ ခုနှစ် မတ်လမှ ဇွန်လအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့က စတင်ကာ ပြည်ထောင်စု အစိုးရ ရန်ပုံငွဖြေင့် တည်ဆောက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က တည်ဆောက်တဲ့အပိုင်းဆိုတော့ ကျွန်တော်တို့က လုပ်ငန်းပြီးသွားပါပြီ။ အခုလက်ရှိက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ တပ်ဆင်ထားတဲ့စက်တွေ တင်သွင်းတဲ့နိုင်ငံက ပညာရှင်တွေက စက်စမ်းသပ် လည်ပတ်တာ လုပ်နကြေပါပြီ။ ဒီဓာတ်အားတွေက ဓာတ်အားဖြန့်ဖြူးရေးဌာနကို လွှဲရမှာဆိုတော့ စမ်းသပ်လည်ပတ်နေပါပြီ "ဟု ခိုင်မာသောပန်းတိုင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်( Robust Goal )မှ စီမံကိန်းမန်နေဂျာ ဦးစံမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၆)ရက်နေ့တွင် ပြောသည်။
အဆိုပါစီမံကိန်းအား ကနဦး အကောင်အထည်ဖော်ဆောင်ရွက်မှုကို HTOO Construction Development Group Co., Ltd ကလုပ်ကိုင်ခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့မှစတင်၍ ခိုင်မာသောပန်း တိုင်ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်( Robust Goal )ကလည်း လုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မှတ်ချက်။ ပုံများမှာ ၂၀၁၈ခုနှစ် ဧပြီလအတွင်းက ပုံများဖြစ်ပါသည်။