ထိုင္းႏုိင္ငံတြင္ ခြင့္ျပဳရက္ထက္ေက်ာ္လြန္ေနထိုင္မႈ၊ ခြင့္ျပဳေဒသထက္ ေက်ာ္လြန္သြားလာမႈႏွင့္ တရားမဝင္ ဝင္ေရာက္မႈတို႔ျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၀)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၈)ရက္ေန႔တြင္ ထုိင္းနုိင္ငံက လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။
လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားမ်ားတြင္ အမ်ဳိးသား (၁၆)ဦး၊ အမ်ိဳးသမီး(၃)ဦးႏွင့္ ကေလး (၁)ဦးတို႔ပါဝင္ေၾကာင္း သိရသည္။
အဆိုပါ လႊဲေျပာင္းလာသူမ်ားအား ျမန္မာႏုိင္ငံမွ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ ဦးေရမွာ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၈)ရက္ေန႔အထိ အမ်ိဳးသား(၂၉၇)ဦး၊ အမ်ိဳးသမီး(၁၃၆)ဦးႏွင့္ ကေလး(၁၆) ဦး၊ စုစုေပါင္း ( ၄၄၉) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္
လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၃)ဦးနှင့် ကလေး (၁)ဦးတို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းလာသူများအား မြန်မာနိုင်ငံမှ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် ဦးရေမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့အထိ အမျိုးသား(၂၉၇)ဦး၊ အမျိုးသမီး(၁၃၆)ဦးနှင့် ကလေး(၁၆) ဦး၊ စုစုပေါင်း ( ၄၄၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်