အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားႏွင့္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားမွ တာဝန္ရိွသူမ်ားအေနျဖင့္ ျပည္တြင္း၊ ျပည္ပ ပုဂၢလိကစီးပြားေရးလုပ္ငန္းရွင္မ်ား၏ အခမ္းအနားမ်ားသို႔ တက္ေရာက္ျခင္း မျပဳရန္ ႏုိင္ငံေတာ္ သမၼတရံုးက ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည္။
“အကုန္လံုးကို ပို႔ထားပါတယ္။ (၁၁)ရက္ေန႔က ထုတ္လုိက္တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဝန္ႀကီးေတြ၊ ဝန္ႀကီးခ်ဳပ္ေတြ၊ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးေတြ စီးပြားေရးသမားေတြကဖိတ္ရင္ သြားၾကတာမ်ားတယ္။ အဲဒီေတာ့ အစိုးရနဲ႔ သက္ဆုိင္တာေရာ၊ မသက္ဆိုင္တာေတြေရာေပါ့ဗ်ာ။ အခမ္းအနားေတြ တက္ၾကေတာ့ အျမင္မေတာ္တာေတြျဖစ္လာတယ္။ ဒါေၾကာင့္ ထုတ္ျပန္လုိက္တာပါ”ဟု ႏိုင္ငံေတာ္သမၼတ႐ံုးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇြန္လ(၁၈)ရက္ေန႔ ညပိုင္းက ေျပာသည္။
ႏုိင္ငံေတာ္အစိုးရ(သို႔မဟုတ္) တုိင္းေဒသႀကီး/ျပည္နယ္အစိုးရႏွင့္ ပူးေပါင္း လုပ္ကိုင္ေဆာင္ရြက္ထားျခင္း မရိွေသာ ျပည္တြင္း၊ ျပည္ပ ပုဂၢလိကစီးပြားေရးလုပ္ငန္းရွင္မ်ား၏ အစီအစဥ္ျဖင့္ က်င္းပျပဳလုပ္သည့္ အခမ္းအနားမ်ားသို႔ တက္ေရာက္ရန္ ဖိတ္ၾကားမႈကို လက္ခံတက္ေရာက္ျခင္းမျပဳရန္ လမ္းညႊန္ထားေၾကာင္း ေဖၚျပထားသည္။
“ကၽြန္ေတာ္တုိ႔ေတာ့ ဒီေန႔အထိ ညႊန္ၾကားစာေတာ့ လက္ခံရရိွျခင္း မရိွေသးပါဘူး။ ဒီလိုထုတ္တယ္ ဆိုရင္လည္း တစ္ခ်ိဳ႕ဟာေတြက ပုဂၢလိကလုပ္ငန္းေတြက ဝန္ႀကီးကို ဗန္းျပၿပီးေတာ့ ဟိုလုပ္ ဒီလုပ္ရိွမွာ ေပါ့ဗ်ာ။ အဲဒါမ်ိဳးေလးေတြ မသင့္ေတာ္တာေလးေတြရိွလာလို႔ အဲဒီလိုေျပာတာျဖစ္မွာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၈)ရက္ေန႔ ညပိုင္းတြင္ ေျပာသည္။
အဆိုပါ ညႊန္ၾကားခ်က္ကို ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းအားလံုး၊ ျပည္ေထာင္စုဝန္ႀကီးဌာနအားလံုး၊ ေနျပည္ေတာ္ေကာင္စီ၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕အားလံုးသို႔ ပို႔ေဆာင္ထားျခင္းျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုးမွ သိရသည္။
သတင္း - ခ်ယ္ရီထုိက္
“အကုန်လုံးကို ပို့ထားပါတယ်။ (၁၁)ရက်နေ့က ထုတ်လိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေ စီးပွားရေးသမားတွေကဖိတ်ရင် သွားကြတာများတယ်။ အဲဒီတော့ အစိုးရနဲ့ သက်ဆိုင်တာရော၊ မသက်ဆိုင်တာတွေရောပေါ့ဗျာ။ အခမ်းအနားတွေ တက်ကြတော့ အမြင်မတော်တာတွဖြေစ်လာတယ်။ ဒါကြောင့် ထုတ်ပြန်လိုက်တာပါ”ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တာချီလိတ်သတင်း အေဂျင်စီသို့ ဇွန်လ(၁၈)ရက်နေ့ ညပိုင်းက ပြောသည်။
နိုင်ငံတော်အစိုးရ(သို့မဟုတ်) တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ထားခြင်း မရှိသော ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနားများသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို လက်ခံတက်ရောက်ခြင်းမပြုရန် လမ်းညွှန်ထားကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့တော့ ဒီနေ့အထိ ညွှန်ကြားစာတော့ လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒီလိုထုတ်တယ် ဆိုရင်လည်း တစ်ချို့ဟာတွေက ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ကြီးကို ဗန်းပြပြီးတော့ ဟိုလုပ် ဒီလုပ်ရှိမှာ ပေါ့ဗျာ။ အဲဒါမျိုးလေးတွေ မသင့်တော်တာလေးတွေရှိလာလို့ အဲဒီလိုပြောတာဖြစ်မှာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၈)ရက်နေ့ ညပိုင်းတွင် ပြောသည်။
အဆိုပါ ညွှန်ကြားချက်ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နပြေည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ပို့ဆောင်ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
သတင်း - ချယ်ရီထိုက်