ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ မိုင်းကွီရွာရှိ နေအိမ်တစ်လုံးတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား သုံးစွဲနေသည့် အမျိုးသား တစ်ဦးကို စိတ်ကြွဆေးပြား (၂၆)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
မိုင်းကွီကျေးရွာမှ ဇော်ဦး၏နေအိမ်အား နေ့လယ် (၁၂)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ ဇော်ဦးက ရဲတပ်ဖွဲ့ကို တွေ့သည်နှင့် ပြတင်းပေါက်မှနေ၍ ဗူးငယ်တစ်ဗူးကို လွှင့်ပစ်လိုက်သည်ကို တွေ့သဖြင့် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား (၂၆)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဇော်ဦးအား စစ်ဆေးရာ၎င်းသည် စိတ်ကြွဆေးပြား (၃၀)ကို ဝယ်ယူလာပြီး နေအိမ်တွင် သုံးစွဲနေစဉ် လက်ကျန်ဆေးပြား (၂၆)ပြားနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။
ဇော်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၉၄/၂၀၁၈၊ မူး/စိတ် ၁၆(ဂ)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့