ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်စွန်ရွာလမ်းတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသူများ ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သက်သေများနှင့် အတူ သွားရောက်ဖမ်းဆီးရာ လူငယ်တစ်ဦးသည် စိတ်ကြွဆေးပြားပါသည့် အိတ်ကို ထားခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
အော့ဂျော့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၉၅/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ အမှုဖွင့် ဆောင်ရွက်နေပြီး ၎င်းအား ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ကျိုင်းတုံခရိုင်(မှု/ကူ)ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် အဖွဲ့သည် ညနေ (၆)နာရီဝန်းကျင်တွင် သွားရောက် ရှာဖွေရာ အသက် (၂၂)နှစ်အရွယ် အော့ဂျော့ဆိုသူသည် လွယ်အိတ်ပစ်ချထားခဲ့ပြီး ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်း ပစ်ချထားခဲ့သည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၅၅၈)ပြားကို ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
အော့ဂျော့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၉၅/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ အမှုဖွင့် ဆောင်ရွက်နပြေီး၎င်းအား ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့