ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၄)ဦးကို ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံသား အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးတို႔အား လႊဲေျပာင္းေပးလာရာ ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္း နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၂၀)ရက္ေန႔အထိ အမ်ိဳးသား(၃၀၇)ဦး၊ အမ်ိဳးသမီး(၁၄၅)ဦးႏွင့္ ကေလး(၁၇) ဦး၊ စုစုေပါင္း ( ၄၆၉) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။
သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္
မြန်မာနိုင်ငံသား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား လွှဲပြောင်းပေးလာရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့အထိ အမျိုးသား(၃၀၇)ဦး၊ အမျိုးသမီး(၁၄၅)ဦးနှင့် ကလေး(၁၇) ဦး၊ စုစုပေါင်း ( ၄၆၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်