ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ တောင်ပေါ်ရှိ လွယ်ယွန်းခမ်း ရှေးဟောင်း စေတီတော်အား မိုင်းဖုန်းဆရာတော်၏ သြ၀ါဒဖြင့် ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးပြီ ဖြစ်ရာ တရားပွဲများနှင့် ထီးတော်တင်လှူပွဲကို ဇွန်လ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် မြို့တွင်းမှ သွားရောက်မည့် သူများ အနေဖြင့် ဦးထွန်းအောင်ဂိတ်တွင် (၃)ရက်တိတိ ဂိတ်ဖြတ်သန်းခ ပေးဆောင်ရန် လိုအပ်မည် မဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံက သိရသည်။
ထီးတော်တင်ပွဲ ကျင်းပပြုလုပ်မည့် လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်းတွင် တည်ရှိသည့် အတွက် ထီးတော်တင်လှူပွဲနှင့် တရားပွဲသို့ သွားရောက်မည့်သူများအနေဖြင့် ဦးထွန်းအောင် ဂိတ်အား ဖြတ်သန်းသွားရမည်ဖြစ်ရာ အလှူနေ့(၃)ရက်အတွင်း ဂိတ်ဖြတ်သန်းခ မကောက်ခံရန် ညှိနှိုင်းခြင်းအား ဦးထွန်းအောင်မှ သဘောတူညီကာ သတ်မှတ်ရက် (၃)ရက်အတွင်း ထီးတင်ပွဲသို့ သွားမည့်သူများကို ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော် ထီးတော်တင်လှူခြင်းအား ၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီ (၁၅)မိနစ်အတွင်း တင်လှူမည်ဖြစ်ပြီး ထီးတော်တင်လှူပြီးနောက် နေ့အထူးတရားပွဲ အဖြစ် အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဥာဏသံဝရက တရားတော် ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ တောင်ပေါ်ရှိ လွယ်ယွန်းခမ်း ရှေးဟောင်း စေတီတော်အား မိုင်းဖုန်းဆရာတော်၏ သြဝါဒဖြင့် ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးပြီ ဖြစ်ရာ တရားပွဲများနှင့် ထီးတော်တင်လှူပွဲကို ဇွန်လ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် မြို့တွင်းမှ သွားရောက်မည့် သူများ အနဖြေင့် ဦးထွန်းအောင်ဂိတ်တွင် (၃)ရက်တိတိ ဂိတ်ဖြတ်သန်းခ ပေးဆောင်ရန် လိုအပ်မည် မဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံက သိရသည်။
" ထီးတော်တင်လှူပွဲကျင်းပမဲ့ ကာလဖြစ်တဲ့ ၂၅/၂၆/၂၇ သုံးရက်လုံးကို မြို့တွင်းကနေ သွားရောက်မဲ့ သူများအနေနဲ့ ဦးထွန်းအောင် ဂိတ်ကနေ ဂိတ်ဖြတ်သန်းခ ကင်းလွတ်နိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သွားရောက်ပြီး ညှိနှိုင်းတဲ့အခါမှာ ဦးထွန်းအောင်ကလည်း သဘောတူတယ်၊ ထီးတင်ပွဲသွားမဲ့သူများအနေနဲ့ ဂိတ်ဖြတ်သန်းခ ပေးစရာမလိုပါဘူး" ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ထီးတော်တင်ပွဲ ကျင်းပပြုလုပ်မည့် လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်းတွင် တည်ရှိသည့် အတွက် ထီးတော်တင်လှူပွဲနှင့် တရားပွဲသို့ သွားရောက်မည့်သူများအနဖြေင့် ဦးထွန်းအောင် ဂိတ်အား ဖြတ်သန်းသွားရမည်ဖြစ်ရာ အလှူနေ့(၃)ရက်အတွင်း ဂိတ်ဖြတ်သန်းခ မကောက်ခံရန် ညှိနှိုင်းခြင်းအား ဦးထွန်းအောင်မှ သဘောတူညီကာ သတ်မှတ်ရက် (၃)ရက်အတွင်း ထီးတင်ပွဲသို့ သွားမည့်သူများကို ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော်တွင် တရားပွဲ နှင့် ထီးတော်တင်လှူပွဲအား ၂၀၁၈ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော် ထီးတော်တင်လှူခြင်းအား ၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီ (၁၅)မိနစ်အတွင်း တင်လှူမည်ဖြစ်ပြီး ထီးတော်တင်လှူပြီးနောက် နေ့အထူးတရားပွဲ အဖြစ် အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏသံဝရက တရားတော် ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
ထီးတော်တင်လှူပွဲ မတိုင်မီ စေတီတော်ရင်ပြင်၌ အထူးတရားပွဲများ ကျင်းပမည်ဖြစ်ရာ ၂၀၁၈ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် အဆိုပါ စေတီတော်ရင်ပြင်၌ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)က ည(၇)နာရီတွင် တရားဟောကြားတော်မူမည်ဖြစ်ပြီး၊ ဇွန်လ (၂၆)ရက်နေ့ ည (၇)နာရီအချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နဝမမြောက် ဥက္ကဌ၊ အဘိဓဇ မဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)က တရားတော်ဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။