FMI လေကြောင်းလိုင်းမှ နေပြည်တော် - ရန်ကုန်ခရီးစဉ် ပျံသန်းလာသည့် လေယာဉ်တစ်စီး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့က ပျံသန်းစဉ် လေကာမှန် အက်ကွဲသွားခဲ့ကြောင်း သိရသည်။
FMI လေကြောင်းလိုင်းမှ နေပြည်တော် - ရန်ကုန်ခရီးစဉ် လေယာဉ်အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMHတွင် ကပ္ပတိန် ဦးနိုင်မြင့်ခိုင် အပါအဝင် လေယာဉ်အမှုထမ်း (၄) ဦး၊ ခရီးသည် (၂၂) ဦး၊ လုံခြုံရေးဝန်ထမ်း (၂) ဦး တို့ လိုက်ပါလျက် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် ND-104 ဖြင့် နေပြည်တော် လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ထွက်ခွာလာစဉ် မိနစ် (၂၀) ခန့်အကြာ နံနက် (၈)နာရီ (၂၀)မိနစ်တွင် အမြင့်ပေ (၁၆,၀၀၀) ခန့်အရောက်၌ လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
FMI လေကြောင်းလိုင်းမှ နပြေည်တော် - ရန်ကုန်ခရီးစဉ် လေယာဉ်အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMHတွင် ကပ္ပတိန် ဦးနိုင်မြင့်ခိုင် အပါအဝင် လေယာဉ်အမှုထမ်း (၄) ဦး၊ ခရီးသည် (၂၂) ဦး၊ လုံခြုံရေးဝန်ထမ်း (၂) ဦး တို့ လိုက်ပါလျက် နပြေည်တော် - ရန်ကုန် ခရီးစဉ်အမှတ် ND-104 ဖြင့် နပြေည်တော် လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ထွက်ခွာလာစဉ် မိနစ် (၂၀) ခန့်အကြာ နံနက် (၈)နာရီ (၂၀)မိနစ်တွင် အမြင့်ပေ (၁၆,ဝဝဝ) ခန့်အရောက်၌ လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် နံနက် (၉)နာရီ (ဝ၅)မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။